Diploma in International Relations သင်တန်းဝင်ခွင့် လျှောက်လွှာများ စတင်လျှောက်ထားနိုင်

 

 

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊လူ့စွမ်းအားအရင်းမြစ်ဖွံ့ဖြိုးမှုဌာနမှ Diploma in International Relations (DIR) သင်တန်းအမှတ်စဥ် (၂) ကို ဖွင့်လှစ်ပို့ချမည်ဖြစ်ကြောင်း သိရှိရသည်။

 

သင်တန်းဝင်ခွင့်လျှောက်လွှာများကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်မှ ဒီဇင်ဘာလ ၉ ရက်နေ့အထိ လျှောက်ထားနိုင်ပြီး ဝင်ခွင့်စာမေးပွဲကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ရေးဖြေ ဖြေဆိုကြရမည်ဖြစ်သည်။  

 

ရေးဖြေအောင်မြင်သူများသာ နှုတ်ဖြေဆက်လက်ဖြေဆိုရမည်ဖြစ်ပြီး နှုတ်ဖြေစာမေးပွဲအတွက် ရက်ကို ထပ်မံ ကြေညာပေးသွားမည်ဖြစ်သည်။ ဝင်ခွင့်လျှောက်လွှာနှင့်အတူ ပတ်စ်ပို့တ်အရွယ် ဓာတ်ပုံ (၄) ပုံ၊ ဘွဲ့လက်မှတ်မူရင်း နှင့် မိတ္တူ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်း နှင့် မိတ္တူတို့ကိုပါ တစ်ပါတည်း ပူးတွဲတင်ပြရမည် ဖြစ်သည်။

 

သင်တန်းမှာ တစ်ပတ်လျှင် (၅) ရက် (တနင်္လာမှ သောကြာနေ့) အထိ နံနက် ၇ နာရီမှ ၉ နာရီအထိ တက်ရောက်ရမည်ဖြစ်သည်။ သင်တန်းကာလမှာ (၉) လကြာမြင့်မည်ဖြစ်ပြီး Semester (၂) ခုဖြင့် ပို့ချသွားမည်ဖြစ်သည်။

 

သင်တန်းဝင်ခွင့်အတွက် လိုအပ်ချက်များမှာ_

 

  • ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်ရမည်။

  • နိုင်ငံတော်က အသိအမှတ်ပြုထားသော ဘွဲ့တစ်ခုခုရရှိထားသူဖြစ်ရမည်။

 

သင်တန်းကြေးမှာ Semester တစ်ခုလျှင် ၅၀,၀၀၀/- ကျပ်ဖြစ်ပြီး Semester ၂ ခုအတွက် ကျပ် ၁၀၀,၀၀၀/- ကျသင့်မည်ဖြစ်သည်။

 

သင်တန်းဝင်ခွင့်နှင့်ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက ရုံးချိန်အတွင်း မော်ကွန်းထိန်းရုံးခန်း (စာမေးပွဲဌာန/ကျောင်းသားရေးရာဌာန) တွင် လူကိုယ်တိုင် လာရောက်စုံစမ်းမေးမြန်းနိုင်သလို ဖုန်းနံပါတ် ၀၉-၄၄၂၂၅၃၈၁၂၊ ၀၉-၉၇၆၅၃၅၆၅၆ နံပါတ်များသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။ 

 

Local News Latest Post Read 1397 times