Sales Hotline : 09448001653       Download App



မေလမှာ ဖွင့်လှစ်မယ့် ရန်ကုန်အဝေးသင်တက္ကသိုလ်မှ ဘွဲ့လွန်ဒီပလိုမာသင်တန်း

ရန်ကုန်အဝေးသင်တက္ကသိုလ်၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှု အစီအစဉ်ဖြင့် ပထဝီဝင်ဌာနမှ ဦးစီးပြီး Post Graduate Diploma in Geography of Tourism (PGDGT) သင်တန်းကို အွန်လိုင်းမှတဆင့် ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်သည်။ သင်တန်းကို ဧပြီလ (၁) ရက်နေ့မှာ အွန်လိုင်းမှ စတင်လျှောက်ထားနိုင်ပြီး မေလ (၂၃) ရက်နေ့မှာ သင်တန်းစတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ဘွဲ့လွန်ဒီပလိုမာသင်တန်းအတွက် လျှောက်ထားနိုင်သူများ

(က) အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူဖြစ်ရမည်။

(ခ) အစိုးရဌာနများနှင့် NGO များမှ ဘွဲ့ရဝန်ထမ်းထမ်းများ၊ Tour guide နှင့် ဟိုတယ်နှင့်ခရီးသွားလာရေးမှ ဘွဲ့ရဝန်ထမ်းများအပြင်၊ ပြင်ပပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ၌ လုပ်ကိုင်နေသော ဘွဲ့ရပုဂ္ဂိုလ်များပါ လျှောက်ထားနိုင်ပါသည်။

 

သင်တန်းဝင်ခွင့်နှင့် စပ်လျဉ်းသော အချက်အလက်များ

  • စတင်ဖွင့်လှစ်မည့်ရက် - ၂၃-၅-၂၀၂၄
  • သင်တန်းကာလ  - (၁၀) လ
  • လျှောက်လွှာစတင်လက်ခံမည့်ရက် - ၁-၄-၂၀၂၄
  • လျှောက်လွှာပိတ်မည့်ရက် - ၂၅-၄-၂၀၂၄

 

သင်တန်းလျှောက်လွှာများကို ရန်ကုန်အဝေးသင်တက္ကသိုလ်၏ https://geog.hrd.yude.edu.mm ဝဘ်ဆိုက်ဒ်မှတစ်ဆင့် (၁-၄-၂ဝ၂၄) ရက်မှစ၍ Online Registration ပြုလုပ်၍ လျှောက်ထားနိုင်ပါသည်။

 

သင်တန်းဦးရေ ကန့်သတ်ထားပါသဖြင့် သတ်မှတ်ဦးရေပြည့်ပါက Register ပိတ်ပါမည်။ သတ်မှတ်အရည်အချင်းနှင့်ပြည့်စုံပြီး Online Registration အောင်မြင်သူများအား Email ဖြင့်အကြောင်းကြားပါမည်။

 

သင်တန်းနှင့်ပတ်သက်၍ ဖုန်းနံပါတ် ၀၁- ၅၂၅၈၁၅၊ ၀၁-၂၃၀၅၉၃၈ (09-2021830, 09-420171565) သို့ ရုံးချိန်အတွင်း အသေးစိတ် မေးမြန်းစုံစမ်းနိုင်ပါသည်။ ဆက်သွယ်ရန် လိပ်စာမှာ ရန်ကုန်အဝေးသင်တက္ကသိုလ်၊ ပထဝီဝင်ဌာန၊ သထုံလမ်းတွင် ဆက်သွယ်နိုင်ပါသည်။   

 

Source 

May be an image of text

Latest Post Local News Read 843 times