သွားတုလုပ်ငန်းကျွမ်းကျင်မှု ဒီပလိုမာသင်တန်း လျှောက်လွှာခေါ်ယူ

 

သွားတုလုပ်ငန်းကျွမ်းကျင်မှု ဒီပလိုမာသင်တန်းကို သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (ရန်ကုန်) ၏ သွားတုလုပ်ငန်းကျွမ်းကျင်မှု သင်တန်းဌာနတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါသင်တန်းအတွက် လျှောက်လွှာဖောင်များကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၁၁) ရက်နေ့ထက် မနောက်ကျဘဲ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် (ရန်ကုန်) သို့ ပေးပို့လျှောက်ထားရမည်။ ဝင်ခွင့်အတွက် ရေးဖြေစာမေးပွဲ ဖြေဆိုပြီး အောင်မြင်မှသာ သင်တန်းတက်ရောက်နိုင်ပါမည်။

 

Related Article : သွားကျန်းမာရေးသူနာပြု ဒီပလိုမာ (၂) နှစ်သင်တန်း လျှောက်ထားနိုင်

>> https://www.edge.com.mm/article/diploma-in-dental-nursing.html

 

အရည်အချင်း သတ်မှတ်ချက်

  • ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား ဖြစ်ရမည်။
  • တက္ကသိုလ်တစ်ခုခုမှ သိပ္ပံဘွဲ့ရရှိသူ ဖြစ်ရမည်။
  • လျှောက်လွှာပိတ်ရက်ဖြစ်သည့် (၁၁-၁၂-၂၀၂၄) ရက်တွင် အသက် (၂၇) နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။
  • နိုင်ငံ့ဝန်ထမ်းဖြစ်ပါက လျှောက်လွှာကို သက်ဆိုင်ရာဌာန အကြီးအမှူး၏ ထောက်ခံချက်ဖြင့် လျှောက်ထားရမည်။
  • နိုင်ငံ့ဝန်ထမ်းများအနေဖြင့် သင်တန်းတက်ရောက်ခွင့်ရရှိပါက သင်တန်းကာလတစ်လျှောက် မိခင်ဌာနမှတာဝန်ချိန် (Deputation) သတ်မှတ်ပေးပြီး အချိန်ပြည့် တက်ရောက်နိုင်သူ ဖြစ်ရမည်။
  • သင်တန်းပြီးဆုံးသည်အထိ တက်ရောက်နိုင်သူဖြစ်ရမည်။
  • သင်တန်းတက်ရောက်ခွင့် ရရှိသူများသည် သတ်မှတ်သင်တန်းကြေးများ ပေးသွင်းရမည်။
  • သင်တန်းအောင်မြင်ပြီးနောက် နိုင်ငံ့ဝန်ထမ်းအဖြစ် (၃) နှစ် ဆက်လက် တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။
  • သင်တန်းတက်ရောက်ရန် ရွေးချယ်ခံရပြီး တက်ရောက်ခွင့်ရ စာရင်းထုတ်ပြန်ပြီးမှ သင်တန်းကို မတက်ရောက်လျှင်ဖြစ်စေ (မှတ်ပုံတင်ခြင်း ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ)၊ သင်တန်းကို ပြီးဆုံးအောင် မတက်ရောက်လျှင်ဖြစ်စေ၊ သင်တန်းအောင်မြင်ပြီးနောက် သတ်မှတ်ထားသည့် ကာလအတိုင်း နိုင်ငံ့တာဝန်ကို မထမ်းဆောင်လျှင်ဖြစ်စေ၊ သတ်မှတ်ထားသော လျော်ကြေးငွေ (၃) သိန်းကျပ်ကို ပေးလျော်ရန် ကတိခံဝန်ချက်စာချုပ် ချုပ်ဆိုနိုင်သူ ဖြစ်ရမည်။

 

သင်တန်းကာလ

  • (၂) နှစ်

 

ပေးအပ်မယ့် ဒီပလိုမာလက်မှတ်

  • သွားတုလုပ်ငန်းကျွမ်းကျင်မှုဒီပလိုမာ (Diploma in Dental Technology)

 

လျှောက်လွှာတွင် ပြည့်စုံစွာ ဖော်ပြရမည့် အချက်အလက်များ

  • အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်
  • အသက်၊ မွေးသက္ကရာဇ် (ရက်၊ လ၊ နှစ်)
  • မိဘအမည်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်
  • ပညာအရည်အချင်း
  • ဆက်သွယ်ရန် လိပ်စာအပြည့်အစုံ၊ ဖုန်းနံပါတ်
  • နိုင်ငံ့ဝန်ထမ်းဖြစ်ပါက လက်ရှိ ရာထူး/ဌာနနှင့် အမှုထမ်းသက် အပြည့်အစုံ

 

လျှောက်လွှာနှင့်အတူ ပူးတွဲပေးပို့ရမည့် စာရွက်စာတမ်းများ

  • ဘွဲ့လက်မှတ် (မိတ္တူ)
  • တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်(မိတ္တူ)
  • အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရဲစခန်း၏ထောက်ခံချက်
  • (၆) လအတွင်း ရိုက်ကူးထားသည့် ပတ်စ်ပို့အရွယ် ရောင်စုံဓာတ်ပုံ (၂)ပုံ (ကျောဘက်တွင် အမည်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အမှတ်ဖော်ပြရန်)
  • နိုင်ငံ့ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာန အကြီးအမှူး၏ ထောက်ခံချက် (မူရင်း)
  • လျှောက်လွှာတွင် ဖော်ပြထားသည့် အချက်အလက်များသည် မှန်ကန်မှုရှိပါကြောင်း ကိုယ်တိုင် လက်မှတ်ရေးထိုးထားသော ခံဝန်ချက်

 

လျှောက်ထားရမည့်ပုံစံ

လျှောက်လွှာများကို သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (ရန်ကုန်) သို့ ( ၁၁-၁၂-၂၀၂၄ ) ရက်ထက် နောက်မကျစေဘဲ ပေးပို့ရမည်။ လျှောက်လွှာပိတ်ရက်ထက် နောက်ကျပြီး ပေးပို့သော လျှောက်လွှာများ၊ သတ်မှတ်ချက် မပြည့်စုံသော လျှောက်လွှာများ၊ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာန အကြီးအမှူးမှတစ်ဆင့် လျှောက်ထားခြင်း မရှိသော လျှောက်လွှာများကို လုံးဝ လက်ခံစဉ်းစားမည် မဟုတ်ပါ။

 

ဝင်ခွင့်စာမေးပွဲ

ရေးဖြေစာမေးပွဲ ဖြေဆိုခွင့်ရရှိသူများ၏ ခုံအမှတ်စာရင်းကို သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (ရန်ကုန်) တွင်(၁၆-၁၂-၂၀၂၄) ရက်တွင် ကြေညာထားမည်ဖြစ်ပြီး စာမေးပွဲဖြေဆိုခွင့် ကတ်ပြားများကို (၁၈-၁၂-၂၀၂၄) ရက်တွင် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (ရန်ကုန်) တွင် ထုတ်ယူနိုင်သည်။

 

ရေးဖြေစာမေးပွဲအတွက် (၂၀-၁၂-၂၀၂၄) ရက် (သောကြာနေ့)၊ နံနက် (၉) နာရီမှ မွန်းတည့် (၁၂) နာရီအထိ မြန်မာစာ၊ အင်္ဂလိပ်စာနှင့် အထွေထွေဗဟုသုတ (၃) နာရီ မေးခွန်းလွှာ တစ်စုံကို  သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (ရန်ကုန်) တွင် သွားရောက်ဖြေဆိုရပါမည်။

 

အသေးစိတ်သိရှိလိုပါက သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (ရန်ကုန်) ဖုန်း-၀၉-၄၄၈၀၄၃၅၂၀ သို့ ရုံးချိန်အတွင်း စုံစမ်းမေးမြန်းနိုင်သည်။

=========================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Local News University / College Read 352 times