မော်လမြိုင်တက္ကသိုလ်တွင် ဖွင့်လှစ်မည့် စီးပွားရေးဥပဒေ ဒီပလိုမာသင်တန်း


၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် မော်လမြိုင်တက္ကသိုလ်၊ ဥပဒေပညာဌာနတွင် စီးပွားရေးဥပဒေပညာ ဒီပလိုမာသင်တန်းကို ဖွင့်လှစ်မည်ဖြစ်ပါ၍ ဒီဇင်ဘာလ (၁၃) ရက်နေ့အထိ လျှောက်ထားနိုင်ပါသည်။

 

သတ်မှတ်အရည်အချင်း

  • တက္ကသိုလ်/ဒီဂရီကောလိပ်တစ်ခုခုမှ ဘွဲ့တစ်ခုခု ရရှိပြီးသူ ဖြစ်ရမည်။
  • ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာနအကြီးအကဲ၏ သင်တန်းတက်ရောက်ခွင့်ပြုချက် အထောက်အထား တင်ပြရမည်။
  • သင်တန်းသားဦးရေ ကန့်သတ်ထားသဖြင့် ဝင်ခွင့်အရည်အချင်းစစ် စာမေးပွဲ ပြုလုပ်မည်။

 

သင်တန်းကာလ

(၉) လ

ပထမနှစ်ဝက် - (၂၀၂၄ ဒီဇင်ဘာလမှ ၂၀၂၅ ဧပြီလ ပထမအပတ်ထိ)

ဒုတိယနှစ်ဝက်- (၂၀၂၅ ဇွန်လမှ ၂၀၂၅ အောက်တိုဘာလ ပထမအပတ်ထိ)

 

သင်တန်းချိန်

တနင်္လာနေ့မှ သောကြာနေ့ (နံနက် ၇ နာရီမှ ၉ နာရီအထိ)

 

ပေးအပ်မည့် ဒီပလိုမာလက်မှတ်

စီးပွားရေးဥပဒေပညာ ဒီပလိုမာဘွဲ့ - Diploma in Business Law (DBL)  

 

လျှောက်လွှာရောင်းချမည့်နေရာ - ဥပဒေပညာဌာန၊ ရာမည (၂) စာသင်ဆောင်၊ မော်လမြိုင်တက္ကသိုလ်

လျှောက်ထားရမည့်ရက် - ၉-၁၂-၂၀၂၄ မှ ၁၃-၁၂-၂၀၂၄ အထိ

ဝင်ခွင့်ဖြေဆိုရမည့်ရက် - ၁၄.၁၂.၂၀၂၄

ဝင်ခွင့်ဖြေဆိုရမည့်အချိန် - နံနက် (နံနက် ၉ နာရီမှ ၁၀ နာရီအထိ)

ဝင်ခွင့်ဖြေဆိုရမည့်နေရာ - ဥပဒေပညာဌာန၊ ရာမည (၂) စာသင်ဆောင်၊ မော်လမြိုင်တက္ကသိုလ်

ဝင်ခွင့်ရရှိသူများစာရင်း ကြေညာမည့်ရက် - ၁၅-၁၂-၂ဝ၂၄

သင်တန်းစတင် ဖွင့်လှစ်မည့်ရက် - ၁၆-၁၂-၂ဝ၂၄

 

အသေးစိတ်အချက်အလက်များ သိရှိလိုပါက မော်လမြိုင်တက္ကသိုလ်၊ ဥပဒေပညာဌာန (ဖုန်း-၀၉-၂၅၅၉ဝ၂၂၅၃၊ ၀၉-၄၂၅၃၇ဝ၈၇၆) သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။

 

Latest Post Local News University / College Read 275 times