တောင်ကြီးတက္ကသိုလ်မှ စီးပွားရေးဥပဒေ ဒီပလိုမာဘွဲ့သင်တန်းအတွက် လျှောက်လွှာခေါ်ယူနေ

တောင်ကြီးတက္ကသိုလ်ရှိ ဥပေဒေပညာဌာနမှ ဇွန်လ (၁၃) ရက်နေ့တွင် စတင်ဖွင့်လှစ်မည့် စီးပွားရေးဥပဒေ ဒီပလိုမာဘွဲ့ (Diploma in Business Law - DBL) သင်တန်းအတွက် သင်တန်းသားများ ခေါ်ယူလျက်ရှိကြောင်းသိရပါသည်။ 

 

လျှောက်ထားသူများသည် အောက်ပါအရည်အချင်းနှင့် ပြည့်မီသူဖြစ်ရပါမည်။

- တက္ကသိုလ်ဒီဂရီကောလိပ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူဖြစ်ရပါမည်။

- ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာနအကြီးအကဲ၏ သင်တန်းတက်ရောက်ခွင့်ပြုကြောင်း အထောက်အထား တင်ပြရပါမည်။

- သင်တန်းသားဦးရေ ကန့်သတ်ထားသဖြင့် ဝင်ခွင့်အရည်အချင်းစစ် ရေးဖြေ၊ နှုတ်ဖြေ စာမေးပွဲဖြေဆိုအောင်မြင်သူများဖြစ်ရပါမည်။ 


သင်တန်းကာလ (၉) လဖြစ်ပြီး ပထမနှစ်ဝက် (၂၀၂၄ ဇွန်လမှ ၂၀၂၄ အောက်တိုဘာလအထိ) နှင့် ဒုတိယနှစ်ဝက် (၂၀၂၄ ဒီဇင်ဘာလမှ ၂၀၂၄ ဧပြီလအထိ) တက်ရောက်ရပါမည်။ သင်တန်းချိန်မှာ တနင်္လာမှ သောကြာနေ့အထိ နံနက် (၇) နာရီမှ (၉) နာရီအထိ ဖြစ်ပါသည်။

 

သင်တန်းတက်ရောက်လိုသူများသည် တောင်ကြီးတက္ကသိုလ်၊ ကျောင်းသားရေရာဌာနတွင် သတ်မှတ်ထားသည့် လျှောက်လွှာပုံစံကို ထုတ်ယူပြီး ၄.၆.၂၀၂၄ ရက်နေ့ နောက်ဆုံးထား လျှောက်ထားရပါမည်။ 

 

သင်တန်းလျှောက်ထားသူများသည် ဝင်ခွင့်အတွက် လွိုင်လင်ဆောင် (ဥပေဒေပညာဌာန၊ တောင်ကြီးတက္ကသိုလ်) မှာ ရေးဖြေစာမေးပွဲကို ၈.၆.၂၀၂၄၊ နံနက် (၉) နာရီမှ (၁၀) နာရီအထိ ဖြေဆိုရမည်ဖြစ်ပြီး နှုတ်ဖြေစာမေးပွဲကို ၁၀.၆.၂၀၂၄၊ နံနက် (၉) နာရီတွင် သွားရောက်ဖြေဆိုရပါမည်။ ဝင်ခွင့်စာမေးပွဲအောင်မြင်သူများစာရင်းကို ၁၂.၆.၂၀၂၄ တွင် ကြေညာပေးပါလိမ့်မည်။

 

သင်တန်းနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို တောင်ကြီးတက္ကသိုလ်၊ ကျောင်းသားရေရာဌာန (ဖုန်း-၀၈၁-၂၁၂၁၀၉၀) နှင့် ဥပဒေပညာဌာန၊ တောင်ကြီးတက္ကသိုလ် (ဖုန်း-၀၉-၂၀၁၀၀၀၉) သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။ 


Related Article : ရန်ကုန်အဝေးသင်တက္ကသိုလ်မှာ လျှောက်ထားနိုင်သည့် Online Certification သင်တန်းများ

>> https://www.edge.com.mm/article/yude-online-certification.html

Latest Post Local News Read 526 times