ဒီပလိုမာသင်တန်းများအတွက် ပညာသင်ဆုလျှောက်ထားလိုသူများ အွန်လိုင်းမှ လျှောက်ထားနိုင်

ဒီပလိုမာသင်တန်းများအတွက် ပညာသင်ဆုလျှောက်ထားလိုသူများ အွန်လိုင်းမှ လျှောက်ထားနိုင်








 





Source: မြဝတီ

 

**Unicode**

 

Miba University မှ ခေါ်ယူလျက်ရှိသော ဒီပလိုမာသင်တန်းများအတွက် ပညာသင်ဆုလျှောက်ထားလိုသူများအနေဖြင့် အွန်လိုင်းမှတစ်ဆင့် လျှောက်ထားနိုင်ကြောင်း Miba University မှ Academic Director ဦးမောင်မောင်ဝင်း၏ ပြောဆိုချက်အရ သိရပါတယ်။


ကျွန်တော်တို့ Scholarship ခေါ်နေပါတယ်။ အဓိကက ကျွန်တော်တို့ကျောင်းမှာတက်တဲ့ သင်တန်းသား/သူ အဟောင်းတွေ နောက်ထပ်ပရိုဂရမ်တစ်ခု တက်မယ်ဆိုရင် Scholarship ခံစားခွင့်ရှိပါတယ်။ ကျွန်တော်တို့ဆီက သင်တန်းပြီးသွားတဲ့ သင်တန်းသား/သူ အများစုက အလုပ်အကိုင်အခွင့်အလမ်းတွေများစွာရရှိခဲ့သလို သင်တန်းတက်ပြီး ရာထူးတိုးသွားတဲ့သူတွေလည်း အများကြီးရှိပါတယ်။


ကျွန်တော်တို့ သင်တန်းကို တက်မယ်ဆိုရင် အသက်အရွယ် ကန့်သတ်ချက်မရှိပါဘူး။ ဒါပေမဲ့ ပညာအရည်အချင်းအနေနဲ့ အနိမ့်ဆုံး တက္ကသိုလ်ဝင်တန်းအောင်မြင်တဲ့ သူတွေပဲတက်လို့ရပါတယ် ဟု ဦးမောင်မောင်ဝင်းကပြောပါတယ်။


ပညာသင်ဆုခေါ်ယူမှုကို ယခုလအတွင်းဖွင့်လှစ်မည့် စီးပွားရေးဆိုင်ရာလုပ်ငန်းခွင် အသုံးချ ဒီပလိုမာသင်တန်းများအတွက် ခေါ်ယူနေခြင်းဖြစ်ပြီး ဒီပလိုမာသင်တန်းများအတွက် သင်တန်းကြေး Discount များနှင့် Diploma in Business English (UK) အခမဲ့တက်ရောက်ခွင့်ရမည့် အခွင့်အရေးကိုလည်း ရရှိနိုင်မည်ဖြစ်၍ စိတ်ပါဝင်စားသူများအနေဖြင့် https://www.facebook.com/miba. (10 Miles) တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။


Read More:>>>> အောက်တိုဘာ (၂၇) ရက်တွင်ပြုလုပ်မည့် ဂျပန်အရည်အချင်းစစ် စာမေးပွဲ အကြောင်းသိကောင်းစရာ


သင်တန်းများမှာ အမျိုးအစားပေါ်မူတည်၍ သင်တန်းကာလ (၅ လ) ဝန်းကျင်ကြာမြင့်ပြီး ယခုအခါ Miba University သင်တန်းကျောင်းမှ သင်တန်းပြီးဆုံးကာ လုပ်ငန်းခွင်ဝင်ရောက်နေသည့် ဘွဲ့ရရှိပြီးသော သင်တန်းသား/သူ ပေါင်း (၄၅၀၀) ကျော်ရှိပြီဖြစ်ကြောင်း သိရပါတယ်။


Source: မြဝတီ

 

Local Read 2214 times