Sales Hotline : 09448001653       Download App



ရန်ကုန်တက္ကသိုလ်မှာ မေလအတွင်း လျှောက်ထားနိုင်သည့် ဘွဲ့လွန်ဒီပလိုမာသင်တန်း (၂) ခု

ရန်ကုန်တက္ကသိုလ်မှာ ဇွန်လတွင် ဖွင့်လှစ်မည့် ရေသတ္တဝါမွေးမြူရေးဆိုင်ရာ ဒီပလိုမာသင်တန်းနှင့် ပေါင်းစပ်အင်းဆက်သိပ္ပံဒီပလိုမာသင်တန်းတို့ကို မေလ (၈) ရက်နေ့မှ (၂၄) ရက်နေ့အထိ သက်ဆိုင်ရာဌာနအသီးသီးတွင် လူကိုယ်တိုင် သွားရောက်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရပါသည်။

 

ရေသတ္တဝါမွေးမြူရေးဆိုင်ရာ ဒီပလိုမာသင်တန်း
==============
ရန်ကုန်တက္ကသိုလ်၊ ငါးလုပ်ငန်းပညာမှ ဖွင့်လှစ်မည့် အဆိုပါသင်တန်းကို တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိထားသူများ လျှောက်ထားနိုင်ပါသည်။ သင်တန်းကာလ (၉) လနှင့် Project Papaer စာတမ်းပြုစုရမည်ဖြစ်ပြီး သင်တန်းပြီးမြောက်အောင်မြင်ပါက ရေသတ္တဝါမွေးမြူရေးဆိုင်ရာ ဒီပလိုမာဘွဲ့ကို ရရှိပါမည်။ 

 

သင်တန်းကြေးမှာ ၄ သိန်းကျပ်ဖြစ်ပြီး Semester တစ်ခုကို ၂ သိန်းကျပ် ဖြစ်ပါသည်။ သင်တန်းစတင်ဖွင့်မည့်ရက်မှာ ဇွန်လ (၁) ရက်နေ့ဖြစ်ပြီး စနေ၊ တနင်္ဂနွေရက်များတွင် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ သင်ကြားရပါမည်။

 

သင်တန်းသား လူဦးရေ ၅၀ သာ လက်ခံမည်ဖြစ်သောကြောင့် ရေသတ္တဝါမွေးမြူရေးလုပ်ငန်းများကို စိတ်ဝင်စားသူများအနေဖြင့် မေလ (၈) ရက်နေ့မှ (၂၄) ရက်နေ့အတွင်း အမှတ် (၃၀၇)၊ ငါးလုပ်ငန်းပညာရုံးခန်း၊ University of Yangon Center for Research and Innovation၊ ဘွဲ့နှင်းသဘင်ခန်းမအနီး၊ ရန်ကုန်တက္ကသိုလ်သို့ သွားရောက်လျှောက်ထားနိုင်ပါသည်။ 

 

အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ငါးလုပ်ငန်းပညာ၊ ရန်ကုန်တက္ကသိုလ်၊ ဖုန်း-၀၉-၄၂၀၁၇၇၅၆၃၊ ၀၉-၇၉၉၉၀၀၉၇၁ တို့ကို ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။ 

 


ပေါင်းစပ်အင်းဆက်သိပ္ပံ ဒီပလိုမာသင်တန်း
============
ရန်ကုန်တက္ကသိုလ်၊ သတ္တဗေဒဌာနတွင် ဖွင့်လှစ်မည့် ပေါင်းစပ်အင်းဆက်သိပ္ပံ ဒီပလိုမာသင်တန်းကို တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူများ လျှောက်ထားနိုင်ပါသည်။ သင်တန်းကာလ (၉) လနှင့် Project Papaer စာတမ်းပြုစုရမည်ဖြစ်ပြီး သင်တန်းပြီးမြောက်အောင်မြင်ပါက ပေါင်းစပ်အင်းဆက်သိပ္ပံ ဒီပလိုမာဘွဲ့ကို ရရှိပါမည်။ 

 

သင်တန်းကြေးမှာ ၄ သိန်းကျပ်ဖြစ်ပြီး Semester တစ်ခုကို ၂ သိန်းကျပ် ဖြစ်ပါသည်။ သင်တန်းစတင်ဖွင့်မည့်ရက်မှာ ဇွန်လ (၁) ရက်နေ့ဖြစ်ပြီး စနေ၊ တနင်္ဂနွေရက်များတွင် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ သင်ကြားရပါမည်။

 

သင်တန်းသား လူဦးရေ ၃၀ သာ လက်ခံမည်ဖြစ်သောကြောင့် အင်းစက်ပိုးမွှားဖြစ်စဉ်များကို လေ့လာချင်သူများအနေဖြင့် မေလ (၈) ရက်နေ့မှ (၂၄) ရက်နေ့အတွင်း သတ္တဗေဒဌာန၊ ရန်ကုန်တက္ကသိုလ်သို့ သွားရောက်လျှောက်ထားနိုင်ပါသည်။ 

 

အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ရန်ကုန်တက္ကသိုလ်၊ သတ္တဗေဒဌာန ဖုန်း-၀၉-၅၀၄၈၁၀၅ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။ 

 

Related Article: ရန်ကုန်တက္ကသိုလ်တွင် ဖွင့်လှစ်မည့် စားသောက်ကုန်လုပ်ငန်းအတတ်ပညာ 

>> https://www.edge.com.mm/article/certificate-food-technology.html

 

Latest Post Local News Read 4515 times