ပညာရေးဝန်ကြီးဌာနသည် အဆင့်မြင့် ဒစ်ဂျစ်တယ်ပညာရေးကို အာရုံစိုက်သော အစီအစဉ်များဖြင့် ပိုမိုအဆင့်မြင့်စေရန်အတွက် ယူနက်စကို၏ အဆင့်မြင့်ပညာရေး ဆန်းသစ်တီထွင်မှုဆိုင်ရာ ဗဟိုဌာန (ယူနက်ကို - ICHEI) နှင့်ပူးပေါင်းလုပ်ဆောင်နေပါတယ်။ ဒီဂျစ်တယ်ပညာရေးအစီအစဉ်မှာ ကမ္ဘောဒီးယား ဒီဂျစ်တယ်စီးပွားရေးလမ်းကြောင်းသည်အစိုးရ၏ မူဝါဒတစ်စိတ်တစ်ပိုင်းပဲဖြစ်ပါတယ်။
ဒစ်ဂျစ်တယ် အသိပညာဖလှယ်ခြင်းနှင့် ကွန်ယက်များမှတစ်ဆင့် ဒစ်ဂျစ်တယ်ပညာရေးတိုးမြှင့်ရန် ဝန်ကြီးဌာနသည် ၎င်း၏စတုတ္ထမြောက်ရေရှည်တည်တံ့ခိုင်မြဲသောဖွံ့ဖြိုးရေးရည်မှန်းချက်ကို အရည်အသွေးပြည့်မီသော ပညာရေးရရှိစေရန်ရည်ရွယ်ပါတယ်။ ပညာရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ Ros Soveacha ကသတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ အစီအစဉ်များမှတစ်ဆင့် ဒီဂျစ်တယ်ပညာရေးကို မြှင့်တင်ရန်နှင့် သင်ကြားရေးအတွက် အစီအစဉ်များရှိသည်ဟုပြောကြားခဲ့ပါတယ်။
"သို့ဖြစ်ပါ၍ ကမ္ဘောဒီးယားကျောင်းသားအားလုံး အသိပညာဗဟုသုတနဲ့ အရည်အချင်းပြည့်ဝသော ဘွဲ့ရယူရန်အတွက် ရည်ရွယ်ထားပါတယ်။ ထိုအရာက ၎င်းတို့ကိုစာဆက်လက်တင်ကြားနိုင်ရန်၊ ဒစ်ဂျစ်တယ်ပညာရေးကို ဦးစားပေးခြင်းဖြင့် COVID-19 ဖြစ်နေသော အခြေအနေတွင် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၊ ဖွံ့ဖြိုးရေးမိတ်ဖက်များနှင့် သက်ဆိုင်သူများသို့ ပဏာမခြေလှမ်းကိုထောက်ခံရန် ပရိုဂရမ်မျာ းပိုမိုတင်သွင်းရန် တွန်းအားပေးလိမ့်မည်ဟု ယုံကြည်ပါတယ်။
ကမ္ဘောဒီးယားရှိ အနည်းဆုံးအဆင့်မြင့်ပညာရေးဌာန ၁၀ ခုနှင့် ပူးပေါင်း၍ နိုင်ငံတကာပညာရေးတက္ကသိုလ်ကို တည်ထောင်ရန်လည်း ကြိုးပမ်းအားထုတ်မှုတွင် ပါဝင်ခဲ့သည်။ နိုင်ငံတစ်ဝှမ်းရှိကျောင်းများသည် COVID-19 ကူးစက်မှုကာလအတွင် းအွန်လိုင်းသင်ယူမှုကို လက်ခံခဲ့ပါတယ်။ မျိုးဆက်သစ်လူငယ်များအကြား ဒစ်ဂျစ်တယ်စာတတ်မြောက်မှုကို လျင်မြန်စွာတိုးမြှင့်နိုင်ခဲ့သည်ဟု အဆင့်မြင့်ပညာရေးဘုတ်အဖွဲ့ဒါရိုက်တာ Heng Vanda က ပြောကြားခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှစ၍ ပညာရေးဝန်ကြီးဌာနနှင့်ယူနက်စကို -ICHEI တို့သည် ကမ္ဘောဒီးယား၏ ပညာရေးကိုမြှင့်တင်ရန် အနီးကပ်လုပ်ဆောင်နေကြပါတယ်။
“ ဒီဂျစ်တယ်ပညာရေးကို စောစောစီးစီးမိတ်ဆက်ပေးခြင်းဖြင့် လူငယ်များ၏ ဗဟုသုတကို အသုံးချပြီး ပြိုင်ပွဲများဝင်ရောက်နိုင်ရန် အခွင့်အလမ်းများ ပိုမိုဖန်တီးပေးသည်။ ဒစ်ဂျစ်တယ်ပညာရေးကို ပိုပြီးအာရုံစိုက်သင့်ပြီး ပညာရေးစင်တာများနှင့် အဖွဲ့အစည်းများသည် ဒီဂျစ်တယ်နည်းပညာနှင့် နည်းပညာများကို ကောင်းစွာပညာပေးရန်လိုအပ်ပါတယ်။ ဝန်ကြီးဌာနမှ ဒစ်ဂျစ်တယ်သင်ကြားရေးကိုသာ အာရုံစိုက်သည့် အစီအစဉ်များ ပိုမိုများပြားလာပါက ဒစ်ဂျစ်တယ်ယှဉ်ပြိုင်မှုသည် ပိုမိုတိုးတက်လာလိမ့်မည် ဖြစ်သည်။
By Myanmar Education Guide - EDGE
Ref: khmertimeskh.com