ကပ်ရောဂါနဲ့ ယှဉ်တွဲနေထိုင်မှု ပုံစံသစ် (New Normal) မှ ဒီဂျစ်တယ်အခြေပြု သင်ကြားရေးစနစ်

COVID -19 ကပ်ရောဂါ ဖြစ်ပွားမှု မြင့်တက်လာတဲ့ အခြေအနေမှာ ကမ္ဘာတလွှားက ကျောင်းတွေပိတ်လိုက် ရပြီး ကလေးငယ်ပေါင်း ၁ ဒသမ၂ ဘီလီယံဟာ ကျောင်းစာသင်ခန်းတွေပြင်ပမှာ ရောက်ရှိနေရတယ်လို့ နိုင်ငံတကာ မီဒီယာ မှတ်တမ်းတွေကဆိုပါတယ်။ 

ဒီလိုအခြေအနေကြောင့်   ပညာရေးနယ်ပယ်မှာ ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်လာခဲ့ပြီး ဒီဂျစ်တယ် နည်းပညာအခြေပြု E-Learning စနစ်တွေ Online က သင်ကြားတဲ့ ကျောင်းတွေ၊  သင်တန်းတွေ များစွာပေါ်ပေါက်လာတာ အထင်အရှားပါပဲ။ အရာရာပုံမှန်ပြန်ဖြစ်မှ နေ့စဉ်ဘဝကို ပြန်စမယ်လို့ တွေးခေါ်လေ့ ရှိကြပေမယ့်၊ ကပ်ရောဂါဟာ ဘယ်အချိန်ပြီးဆုံးမယ်မှန်းမသိ နိုင်တာကြောင့် နိုင်ငံဖွံ့ဖြိုး၊ တိုးတက်ရေးမှာ အရေးပါလှတဲ့ ပညာရေးကဏ္ဌမှာ ခြေတစ်လှမ်း နောက်ကျဖို့တောင် မဖြစ်သင့်ပါဘူး။

မြန်မာ့ပညာရေးဝန်ကြီးဌာန အနေနဲ့ကျောင်းများယာယီရပ်နားထားရစဉ်မှာ  ကျောင်းသားများစဉ်ဆက်မပြတ် ပညာသင်ယူနိုင်ရန်၊ ဆရာများသင်ကြားရေးနည်းပညာများ ဆက်လက်လေ့လာနိုင်ရန်နဲ့ မိဘများ ပညာ‌ရေး ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများမှာတက်ကြွစွာ ပါဝင်ဆောင်ရွက်နိုင်ရန်အတွက် ဆက်စပ်ဌာနများ၊ မိတ်ဘက်အ ဖွဲ့အစည်းများနဲ့ ပူးပေါင်းပြီး စဉ်ဆက်မပြတ်လေ့လာသင်ယူနိုင်ရေးစီမံချက် (Home-based Learning)  ကို အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ပြင်ဆင်လျှက် ရှိပါတယ်။

မြန်မာပြည်မှာရှိတဲ့ ကျောင်းသူကျောင်းသားများ သင်ယူမှု မဆုံးရှုံးစေရေး(No Learning Loss) အတွက်   MDEP (Myanmar Digital Education Platform )ပေါ်မှာ ဒီဂျစ်တယ်အခြေပြုသင်ကြားရေးစနစ် များဖြင့် စဉ်ဆက်မပြတ် လေ့လာသင်ယူနိုင်စေရန်ပြင်ဆင်ဆောင်ရွက်နေပြီး ကျောင်းစာသင်ခန်းတွေကို မိမိ အိမ်တွင်းမှာ တည်ဆောက်နိုင်ကြတော့မည်ဖြစ်ပါကြောင်း မိတ်ဆက်တင်ပြလိုက်ပါတယ်။ 
 
အသေးစိတ်သိရှိလိုပါက >>>> Click Here <<<<
Mobile Application Download Link:  >>>> Click Here <<<<

Myanmar Digital Education Platform



Latest Post Read 412 times