ဖွဲ့စည်းပုံအသစ်အရ ရာထူးတိုးလမ်းကြောင်းသတ်မှတ်မှု ကားချပ်

(၁) ရာထူးအဆင့်(Level)တူ ပြောင်းရွှေ့ခြင်းများကို အထူးကိစ္စရပ်အနေဖြင့် သတ်မှတ်ချက်နှင့် ကိုက်ညီမှသာ Case by Case စဉ်းစားပေးမည်ဖြစ်ပါသည်။

(၂) ဒုဦးစီးမှူး (ပညာရှင်) များသို့ ရာထူးတိုး၊ ရာထူးပြောင်းရာတွင် ပညာရှင်လိုင်းဖြစ်ပါက B.Ed ဘွဲ့ရမှသာ ရာထူးပြောင်း၊ ရာထူးတိုးမြှင့်ပေးမည်ဖြစ်ပါသည်။

(၃) B.Ed ဘွဲ့ရရှိထားသည့် မူလတန်းပြ/မူလတန်းကျောင်းအုပ်များသည် အထက်တန်းပြသို့ ရာထူးကူးပြောင်းပြီး မူလတန်းပြ/မူလတန်းကျောင်းအုပ်လုပ်သက်နှင့် အထက်တန်းပြလုပ်သက် စုစုပေါင်း(၃)နှစ် ပြည့်ပါက အလယ်တန်းကျောင်းအုပ်သို့ ရာထူးတိုးလျှောက်ထားနိုင်ပါသည်။ 

(၄) B.Ed ဘွဲ့ရရှိထားသည့် အလယ်တန်းပြများသည် ဒုဦးစီးမှူး/ATEO ရာထူးသို့ ကူးပြောင်းပြီး အလယ်တန်းပြ လုပ်သက်+ဒုဦးစီးမှူး/ATEO လုပ်သက် စုစုပေါင်း (၃) နှစ်ပြည့်ပါက So/ DTEO သို့ ရာထူးတိုး လျှောက်ထားနိုင်ပါသည်။ 

(၅) ဒုဦးစီးမှူး (ကျွမ်းကျင်) ရာထူးဖြစ်ပါက ဒုဦးစီးမှူးနှင့် အဆင့်တူ ရာထူးလုပ်သက်စုစုပေါင်း (၅) နှစ်ပြည့်ပါက ဦးစီးအရာရှိ ရာထူးသို့ ရာထူးတိုး လျှောက်ထားနိုင်ပါသည်။
 

ဖွဲ့စည်းပုံအသစ်အရ ရာထူးတိုးလမ်းကြောင်းသတ်မှတ်မှု ကားချပ်

No photo description available.

By Myanmar Educatio Guide - EDGE 

Latest Post Read 848 times