ဗိုင်းရပ်စ်ပိုးကူးစက်နေသည့်ကြားမှ ပြင်သစ်နိုင်ငံ ပညာရေးဝန်ကြီး ဌာနမှ အားပေးစကားပြောကြား

ပြင်သစ်နိုင်ငံ၏ ပညာရေးအခြေအနေသည် ဆက်လက်ရှေ့ဆက်လျက်ရှိပြီး လက်ရှိတွင် ပြင်သစ်နိုင်ငံ၏ကျောင်းပေါင်း ၆၀,၀၀၀ ၏ ၁ ရာခိုင်နှုန်း ကိုသာပိတ်ထားခြင်း ဖြစ်ကြောင်းကို ပြင်သစ်နိုင်ငံ၏ ပညာရေး ဝန်ကြီး မှ ဗုဒ္ဓဟူးနေ့ တွင် ပြောကြားထားသည်။

ယခု ဖြစ်ပွားလျက်ရှိသော ကျန်းမာရေး အကျပ်အတည်းများ‌သာ ၎င်းတို့ ရင်ဆိုင်ရမည့် အခြေအနေ တစ်ခု ဖြစ်သည် ဟု ပြင်သစ်နိုင်ငံ၏ ပညာရေး ဝန်ကြီး Jean-Michel Blanquer မှ LCI Radio သို့ပြောကြားခဲ့သည်။

ဆက်လက်၍၎င်းမှ ပြီးခဲ့သည့်အပတ်နှင့်နှိုင်းယှဉ်ပါက ကျောင်းသားများအကြား COVID-19 ကူးစက်မှုမှာ ၁၂၀၀ ခန့်ရှိပြီး ၈၁ ကျောင်းပိတ်ထားပြီး အတန်းပေါင်း ၂၁၀၀ ကျော်ကို ရပ်တန့်ထားခြင်းကြောင်းနှင့် ထို အခြေအနေ သည် စာသင်နှစ် အစ အတွက် ကောင်းမွန်နေသော အခြေအနေဖြစ်သည်ဟု ဆိုထားခဲ့သည်။

Blanquer သည် သာမန်စာသင်ခန်းများတွင် ကလေး သုံးယောက်နှင့် အထက်ဖျားနာပါက ပိတ်ထားပြီး ထိုသို့ သုံးယောက် အထက်ဖျားနာမှုများပိုများလာပါက ဒေသန္တရကျန်းမာရေးအာဏာပိုင်များသို့ ဖုန်းခေါ်ဆိုခြင်းများ ပြုလုပ်လေ့ရှိသည်ဟု ဆိုသည်။

အသက် ၁၁ နှင့် အထက် အလယ်တန်း ကျောင်းသူ၊ ကျောင်းသားများသည် နှာခေါင်းစည်း မျက်နှာဖုံးမဖြစ်မနေ ဝတ်ဆင်ရမည် ဖြစ်သည်။

ပြင်သစ်နိုင်ငံ၏ ကျန်းမာရေး ၀န်ကြီးဌာန၏ အဆိုအရ coronavirus ကူးစက်မှုနှုန်းအသစ်သည်လွန်ခဲ့သော ၂၄ နာရီအတွင်း ၇,၈၅၂ ဦး နှင့်သေဆုံးမှုအသစ် ၃၇ ခုရှိနေဆဲဖြစ်ဟု သိရသည်။

ယခုအချိန်တွင်နိုင်ငံတွင်း စုစုပေါင်းရောဂါကူးစက်မှုအသစ် ၈၆၆ ခုရှိပြီး အင်္ဂါနေ့မှဗုဒ္ဓဟူးနေ့အထိ ၆၈ ဦး ရှိပြီ ဖြစ်သည်။

ပြင်သစ်နိုင်ငံ အနေဖြင့် ရောဂါစတင် ဖြစ်ပွားချိန်မှစ၍ သေဆုံးသူ စုစုပေါင်း ၃၀,၉၉၉ ယောက်ရှိပြီ ဟု သိရသည်။ စုစုပေါင်းလူပေါင်း ၂,၇၁၃ ဦး သည်ဆေးရုံတွင်ရှိနေပြီး ၄၇၉ ဦး ကိုအထူးကြပ်မတ်ကုသမှုပေးနေရသည်။

ကမ္ဘာတစ်ဝှမ်းတွင် COVID-19 သေဆုံးမှုသည်နိုင်ငံပေါင်း ၁၈၈ နိုင်ငံတွင် ၉၃၅,၄၄၆ ဦး ရှိရာအမေရိကန်ကူးစက်မှုအရေအတွက်မှာ ၂၉.၅ သန်းမျှသာရှိသည်ဟုအမေရိကန်၏ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်မှနောက်ဆုံးထုတ်ပြန်ချက်အရသိရသည်။

By Myanmar Education Guide - EDGE 

Ref: AA

Latest Post News Read 595 times