အင်တာနက်ဖိုးမကုန်အောင် စီစဉ်ပေးထားတဲ့ DBE LMS သင်ကြားရေးအထောက်အကူပြု အက်ပလီကေးရှင်း

အခုလို ကမ္ဘာ့ကပ်ရောဂါဖြစ်တဲ့ COVID-19 ဖြစ်ပွားမှုတွေ မြင့်တက်နေလို့ ကျောင်းတွေ ပိတ်ထားတဲ့အချိန်မှာ အိမ်မှာနေရင်းနဲ့ အင်တာနက်ဖိုးမကုန်ပဲသင်ရိုးအသစ်တွေ နဲ့ သင်ခန်းစာတွေကို ဆရာ/မတွေရော ကျောင်းသားတွေပါ  အချိန်မရွေး၊ နေရာမရွေး အခမဲ့ လေ့လာသင်ယူလေ့လာနိုင်တဲ့ နေရာတစ်ခု လို့သိရပါတယ်။

ဒါကတော့ ပညာရေးဝန်ကြီးဌာနက ကြိုးပမ်းအားထုတ်ထားတဲ့ #MDEP (Myanmar Digital Education Platform)  ဆိုတဲ့သင်ကြားရေး အထောက်အကူပြု ဒီဂျစ်တယ်ပလက်ဖောင်းဖြစ်ပြီး ကိုယ့်ရဲ့ဖုန်းထဲမှာ ဒီနေရာကို >>>>Click Here<<<< ကလစ်နှိပ်ပြီး  Download ရယူပြီပါက  DBE LMS ဆိုတဲ့ မိုဘိုင်းဖုန်း အပလီကေးရှင်းကို Download ဆွဲပြီး အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။

အရေးကြီးတဲ့ အချက်တစ်ချက်ကတော့ ဒီ DBE LMS App ကို မြန်မာနိုင်ငံအတွင်းက ဖုန်းအော်ပရေတာအားလုံးနဲ့၊ အသုံးပြုသူတိုင်းကို  အခမဲ့ (Zero Data Rate) နဲ့ သင်ယူလေ့လာနိုင်အောင် စီစဉ်ထားတဲ့ အချက်ပါပဲ။
Download လုပ်ဖို့နဲ့  သင်ယူလေ့လာဖို့ပဲ လိုပါတယ်။

Source: MDEP: Myanmar Digital Education Platform

Latest Post Read 4949 times