ယခုပညာသင်နှစ်တွင် တက္ကသိုလ် (နေ့သင်တန်း) ကျောင်းသား၊ ကျောင်းသူ ရှစ်ထောင်ကျော်ကို လစဉ်ပညာသင် ထောက်ပံ့ကြေး ကျပ်သုံးသောင်းပေးအပ်မည်

ယခုပညာသင်နှစ်တွင် တက္ကသိုလ် (နေ့သင်တန်း) ကျောင်းသား၊ ကျောင်းသူ ရှစ်ထောင်ကျော်ကို လစဉ်ပညာသင် ထောက်ပံ့ကြေး ကျပ်သုံးသောင်းပေးအပ်မည်

ပညာသင်ထောက်ပံ့ကြေးကို တစ်နိုင်ငံလုံးရှိ တက္ကသိုလ်များတွင် တက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူ ရှစ်ထောင်ခန့်ပေးအပ်နိုင်ရန် လျာထားကြောင်း အဆင့်မြင့်ပညာဦးစီးဌာန (ရန်ကုန်ရုံးခွဲ) မှ သိရသည်။

ဒီပညာသင်နှစ်မှ တက်ရောက်နေတဲ့ ကျောင်းသား၊ ကျောင်းသူများကို ပညာသင်ထောက်ပံ့ကြေးပေးနိုင်ဖို့ အတွက် တက္ကသိုလ်အသီးသီးကို အကြောင်းကြားထားပြီး ဖြစ်ပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျောင်းသား၊ ကျောင်းသူ ရှစ်ထောင်လောက်ပေးဖို့ မြို့နယ်များကို စာရင်းတောင်းထားပါတယ်။

READ - ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်များ မကြာမီထုတ်ယူနိုင်တော့မည်

ထိုနေ့သင်တန်း ကျောင်းသား၊ ကျောင်းသူများကို ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်းအတွက် လျှောက်ထားလိုသူများသည် မိမိတို့ တက်ရောက်နေသည့် သက်ဆိုင်ရာ တက္ကသိုလ်များတွင် လျှောက်လွှာများ ရယူဖြည့်စွက်ပြီး သက်ဆိုင်ရာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တစ်ဆင့် အဆင့်မြင့်ပညာဦးစီးဌာန (ရန်ကုန်ရုံးခွဲ) သို့ လျှောက်ထားနိုင်ကြောင်း သိရသည်။

မြို့နယ်တစ်မြို့နယ်မှာ ကျောင်းသား၊ ကျောင်းသူ ဘယ်လောက်ရှိတယ်ဆိုတာကို စာရင်းယူပြီးတော့ ပေးအပ်သွားမှာပါ။

မြို့နယ်အုပ်ချုပ်ရေးမှူးတွေကိုလည်း စိစစ်ဖို့အတွက် စာပို့ထားပါတယ်။ သတ်မှတ်ထားတဲ့အချက်များကတော့ အများကြီးရှိပါတယ်။ အခြေခံကတော့ ဆင်းရဲနွမ်းပါးတဲ့ကလေးများကို ပေးအပ်မည်ဖြစ်သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

Local Read 7313 times