လူသုံးများသော စကားဆိုရိုးမှာ အမျိုးသမီးများအား “ မိမိ၏သားကို မိမိ၏ သခင်အဖြစ် သတ်မှတ်ခြင်း၊ သူ၏ခင်ပွန်းကို ဘုရားအဖြစ် ရှုမြင်ရန် အမျိုးသမီးများအား တိုက်တွန်းနှိုးဆော်ထားသည့် လူ့အဖွဲ့အစည်းတစ်ခုရှိ” ဗုဒ္ဓဘာသာသီလရှင် ဒေါ်ကေတုမာလဟာ ရိုးရာဓလေ့ စည်းအပြင်ကို ရောက်နေပြီးသား ဖြစ်ပါတယ်။
အသက် ၄၀ အရွယ်ရှိသူ ဒေါ်ကေတုမာလက သမားရိုးကျ ထုံးတမ်းဓလေ့များအရ လင်ယူသားမွေး မလုပ်ကိုင်ဘဲ ဆယ်ကျော်သက်အရွယ်မှာ သတ်မှတ်ထားသည့် အစဉ်အလာကို စွန့်ခွာသွားပြီး ဘာသာရေးတွင် အမျိုးသမီးများ၏ အရေးပါမှုကို ပြင်းပြင်းထန်ထန် ထောက်ခံသူဖြစ်လာခဲ့တာ ဆယ်စုနှစ် နှစ်ခုကျော် ကြာခဲ့ပါပြီ။ စာရင်းအင်းများအရ မှတ်တမ်းတင်ထားခြင်းမရှိသေးသော်လည်း သီလရှင်ပေါင်း ၆၀,၀၀၀ ကျော် ရှိတယ်လို့ ခန့်မှန်းထားကြတဲ့ သီလရှင်ဦးရေမှာ ပါဝင်ခဲ့တယ်။
အမျိုးသမီးတွေကို အမျိုးသားတွေနဲ့ တန်းတူမသတ်မှတ်ဘဲ ယုတ်ညံ့တယ်လို့ ခွဲခြားဆက်ဆံတဲ့ ဖြစ်ရိုးဖြစ်စဉ်ကို သူ ရင်ဆိုင်ခဲ့ရတယ်။ ဆံကေသာကို စွန့်လွှတ်ကာ ကတုံးတုံးပြီး ပန်းရောင်ဝတ်ဆင်ထားသော သီလရှင်များဟာ အထင်လွဲမှုများနှင့် ရင်ဆိုင်ရနိုင်ပါတယ်။
“ယောက်ျားတစ်ယောက်က ဘုန်းတော်ကြီးကျောင်းထဲကို ဝင်တဲ့အခါ ဘာသာရေးအတွက်ကောင်းတယ်၊ ပိုကောင်းအောင်လုပ်ပေးမယ်လို့ အမြဲတမ်းချီးကျူးပြောဆိုပါတယ်။ အမျိုးသမီးတစ်ဦး သီလရှင်ဘဝရောက်တဲ့အခါ ပြဿနာတစ်ခုကြောင့်လို့ လူတွေက အမြဲတမ်းထင်နေကြတယ်။ ဆင်းရဲနွမ်းပါးသူများ၊ အိုမင်းသူများ၊ ဖျားနာသူများ၊ ကွာရှင်းထားသောသူ သို့မဟုတ် ဘဝအတွက်အကူအညီလိုအပ်နေသော အမျိုးသမီးများအတွက်နေရာတစ်ခုဖြစ်တယ်လို့ ထင်မြင်ကြပါတယ်"လို့ သူက ပြောပြတယ်။
ကလေးသူငယ်များရဲ့ ပညာရေးခရီးအတွက် ဗုဒ္ဓဘာသာ ပညာရေး စင်တာပေါင်း ၄၈၀၀ ကျော်ကို မြန်မာနိုင်ငံ တစ်လွှားမှာ ဖွင့်လှစ်ထားသော Dhamma School Foundation ကို ဒေါ်ကေတုမာလ တည်ထောင်ခဲ့ပါတယ်။
ဘုန်းတော်ကြီးကျောင်းများကဲ့သို့ သီလရှင်ကျောင်းများလည်း အလှူငွေနှင့် ရန်ပုံငွေများ ရရှိသော်လည်း သီလရှင်ကျောင်းများအနေနဲ့ ပိုမိုရုန်းကန်နေရတာကို တွေ့ရပါတယ်။ သို့ဖြစ်ပါ၍ သီလရှင်များသည် အလှူငွေနှင့် ရန်ပုံငွေများ တောင်းခံရာတွင် အလွန်ခက်ခဲလေ့ရှိပါတယ်။ တချို့သော သီလရှင်များ "တစ်ခါတစ်လေသူတို့ အလှူခံတဲ့ လမ်းတစ်လျှောက် နှောင့်ယှက်ခံခဲ့ရတာလည်းရှိတယ်" သူက ပြောပြတယ်။
အယူသီးခြင်းနှင့် ခွဲခြားဆက်ဆံခြင်း
ဒေါ်ကေတုမာလ၏ ဗုဒ္ဓဘာသာအတွင်းရှိ သီလရှင်များအား အသိအမှတ်ပြုခြင်းနှင့် ရိုသေလေးစားခြင်း ရှိအောင် လုပ်ဆောင်ခြင်းဟာ ခေတ်သစ်မြန်မာနိုင်ငံရှိ အမျိုးသမီးများ အခွင့်အရေးအတွက် ပိုမိုကျယ်ပြန့်သော စိန်ခေါ်မှုနှင့် အတူတူဖြစ်ပါတယ်။
ဘာသာရေးတွင် အမျိုးသမီးများသည် အချို့သောဗုဒ္ဓဘာသာဝင်နေရာများ သို့မဟုတ် ဘုရားကျောင်းများသို့ ဝင်ခွင့်ကိုပိတ်ပင်ထားပြီး၊ အမျိုးသားတွေထက် ပိုမြင့်တဲ့နေရာမှာ မထိုင်ကြရဘူး။ ဒေါ်ကေတုမာလအနေဖြင့် သူမ ဖြစ်စေချင်သည့် အပြောင်းအလဲများကို ပြုလုပ်ရန် အင်အားအနည်းငယ်သာ ရှိတယ်လို့ ဆိုပါတယ်။ သီလရှင်များ အရေးကိစ္စတစ်ရပ်လုံးကို ဘုန်းတော်ကြီးတွေကသာ အဆုံးအဖြတ်ပြုပါတယ်။
ဖောင်ဒေးရှင်းထောင်ပေးထားတာတောင်မှ တိုက်ပွဲ ဝင်ခဲ့ရတယ်။ ထောက်ခံအားပေးဖို့ သူက ဘုန်းတော်ကြီးတွေကို ချဉ်းကပ်တဲ့အခါ မှန်ကန်တဲ့ စိတ်ကူးကောင်း ဖြစ်နေတာတောင်မှ ကျောထောက်နောက်ခံ ပြုမပေးခဲ့ကြဘူးလို့ ဆရာလေးက ပြောပြပါတယ်။
စီမံကိန်းစတင်ချိန်တွင် သူမကို အလုပ်အမှုဆောင်အဖြစ် ခန့်အပ်ခြင်း မပြုကြဘဲ အတွင်းရေးမှူအဖြစ်ကိုသာ ပေးအပ်ခြင်းခံရသည့်အပြင် ဘုန်းတော်ကြီးများက စီမံခန့်ခွဲမှုကိုထိန်းချုပ်ထားသောကြောင့် နုတ်ထွက်ခဲ့ပါတယ်။
စိတ်ကို ကျွမ်းကျင်ပိုင်နိုင်ခြင်း
ငယ်ရွယ်စဉ်က ဘာသာရေးကို စိတ်မဝင်စားကြောင်း ဒေါ်ကေတုမာလက ဝန်ခံခဲ့ပါတယ်။ သို့သော် ဆရာတော် ဦးဇောတိက ၏ "သတိဆိုတဲ့အိမ်" စာအုပ်မှာ ရှင်းလင်းပြတ်သားစွာ ဖော်ပြထားတဲ့ ဗုဒ္ဓဘာသာအတွေးအခေါ်များကို ဖတ်ရှုရခြင်းအားဖြင့် အသိဉာဏ်အလင်းရရှိရေး လမ်းကြောင်းကို သူမ တွေ့ရှိခဲ့ပါတယ်။ "အောင်မြင်မှုဆိုတာ ပစ္စည်းဥစ္စာတွေနဲ့ တိုင်းတာတယ်လို့ကျွန်မ အရင်ကစဉ်းစားဖူးတယ်၊ ဒါပေမဲ့ စိတ်ကိုထိန်းချုပ်နိုင်ပြီး ကျွမ်းကျင်ပိုင်နိုင်သူတွေသာလျှင် အောင်မြင်တဲ့သူတွေလို့ နောက်ပိုင်းမှာတော့ သိခဲ့ရတယ်"လို့ သူမကဆိုပါတယ်။
အပယ်ခံဘဝရောက်မည်ကို စိုးရိမ်သောကြောင့် သူမ၏ မိသားစုက သီလရှင်ဝတ်ခြင်းကို နှစ်ပေါင်းများစွာ ငြင်းဆန်ခဲ့ပါတယ်။ အတိုက်အခံများကြားမှသီလရှင်ဝတ်ခဲ့ပြီး ဗုဒ္ဓဘာသာလေ့လာမှုတွင် ဒီဂရီဘွဲ့ ၂ ဘွဲ့ရရှိခဲ့ပါတယ်။
သံဃာတာ်များနှင့် တန်းတူအခွင့်အရေးရရှိရန် မျှော်လင့်ချက်မရှိကြောင်း ဒေါ်ကေတုမာလကဝန်ခံပြောဆိုခဲ့ပါတယ်။ အချို့သောသမိုင်းပညာရှင်များကသီလရှင်များသည်တစ်ချိန်က ထေရဝါဒဗုဒ္ဓဘာသာကိုမြန်မာနိုင်ငံနှင့် အရှေ့တောင်အာရှဒေသများတွင် ကျင့်သုံးခဲ့ကြသော်လည်း လွန်ခဲ့သောနှစ် ၁၀၀၀ ကျော်က ကွယ်ပျောက်သွားသောကြောင့် ထိုလမ်းစဉ်မရှိတော့ကြောင်း ပြောကြားခဲ့ပါတယ်။ ထိုသို့ပြန်လည်ရှင်သန်ရန် မည်သို့ပင်ဆိုစေကာမူ သူမက တိုင်းပြည်အတွင်းရှိ သောင်းနှင့်ချီသော ဘာသာရေးအမျိုးသမီးများအတွက် “သူတို့၏စွမ်းရည်ကိုပိုမိုအသုံးချနိုင်” ရန် စိတ်ပိုင်းဖြတ်ထားပါတယ်။
၂၀၁၆ ခုနှစ်တွင် ငယ်ရွယ်သောသီလရှင်များအတွက် စွမ်းရည်မြှင့်တင်ရေးသင်တန်းကို စတင်ခဲ့ပြီးခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှုအတတ်ပညာ စသည့်ဘာသာရပ်များကို သင်ကြားမည့် အဖွဲ့အစည်းတစ်ခုတည်ထောင်ရန် စီစဉ်လျက်ရှိပါတယ်။
ဆရာလေးက ရှင်းပြသည်မှာ အဖွဲ့အစည်းအနေဖြင့် သီလရှင်လောက ပြင်ပမှာ လိုအပ်သည့် တတ်ကျွမ်းမှု စွမ်းရည်များ ပေးအပ်မှာဖြစ်ပြီး အထူးသဖြင့် နေထိုင်ရာ လူမှုအသိုင်းအဝိုင်းဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုလိမ့်မယ်။
အပြောင်းအလဲ ရရှိဖို့အတွက် ရင်ဆိုင်ရန် အကောင်းဆုံးနည်းလမ်းမှာ “ရန်သူ” များကို ဖန်တီးမည့်အစား၊ ဘုန်းတော်ကြီးများအပါအဝင် လူ့အဖွဲ့အစည်းအတွင်းရှိ မဟာမိတ်များနှင့် သူငယ်ချင်းများကို ရှာဖွေခြင်းဖြစ်ပါတယ်လို့ ဆရာလေးက ပြောပါတယ်။
ကွန်ဆာဗေးတစ်များသည် နေရာတိုင်းတွင် ရှိနေသောကြောင့် အမျိုးသမီးများ၏ အခွင့်အရေးများကို တောင်းခံရန် အခြေအနေ မပေးဘူးလို့ ဒေါ်ကေတုမာလ ကပြောကြားခဲ့ပါတယ်။
Source: japantimes