Sales Hotline : 09448001653       Download App



ယခုအခါတွင် အထက်တန်းအဆင့်များသာ ကျောင်းအပ်လက်ခံခြင်း

** Unicode **

အထက်တန်းဆင့် ကျောင်းအပ်နှံရေးသီတင်းပတ်ကို (၁၃-၇-၂၀၂၀) ရက်နေ့မှ (၁၇-၇-၂၀၂၀) ရက်နေ့အထိ ကျင်းပဆောင်ရွက်လျက်ရှိပါတယ်။

အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ကျောင်းဖွင့်လှစ်မည့်ကိစ္စနှင့်စပ်လျဉ်း၍ COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်မှုအရ ဖွင့်မည့်နေ့ရက်များကို အချိန်မီထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း သိရပါတယ်။

ယခုလက်ရှိတွင် အထက်တန်းအဆင့် သင်ရိုးသစ် ဒသမတန်းနှင့် သင်ရိုးဟောင်း ဒသမတန်း ကျောင်းသား/သူများကို ကျောင်းအပ်လက်ခံနေခြင်းဖြစ်ပါတယ်။

COVID-19 ရောဂါအခြေအနေကြောင့် Social Distancing နည်းသုံး၍ အထက်တန်းဆင့် ကျောင်းသား/သူများကို စတင်ကျောင်းအပ်လက်ခံလျက်ရှိပါတယ်။

ဇူလိုင်လ (၁၇) ရက်နေ့အထိ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ပြီး အခြေခံပညာအထက်တန်းအဆင့်အတန်းများကို လာမည့် ဇူလိုင်လ (၂၁) ရက်နေ့တွင် စတင်ဖွင့်လှစ်မှာ ဖြစ်ပါတယ်။

အခြေခံပညာအတန်းများအားလုံးကို လက်ခံခြင်းမရှိသေးပါ။ အထက်တန်းအဆင့် (၂) ဆင့်အတွက်သာ လက်ခံခြင်းဖြစ်ပါတယ်။

ကျောင်းအပ်နှံခြင်းတွင် လူစုလူဝေးမဖြစ်ပေါ်စေရန် အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားချက်များ ထုတ်ပြန်ထားပါတယ်။

Credit: Myanmar News Market


** Zawgyi **










 

Latest Post News Tips Read 2705 times