နယူးယောက် မြို့၏ လက်ရှိ ကျောင်းဖွင့်လှစ်မည့် အခြေအနေ

နယူးယောက်မြို့တော်ဝန် Bill de Blasio၊ နယူးယောက်မြို့ပြည်သူ့ကျောင်းများ၏အဓိပတိ Richard Carranza၊ မြို့တော်၏အဓိကပြည်ထောင်စုဥက္ကဌ Mark Cannizzaro နှင့် မြို့တော်၏ဆရာများသမဂ္ဂဥက္ကဋ္ဌ Michael Mulgrew တို့အကြား သဘောတူညီချက်များအရ မူကြိုသူငယ်တန်းတွင် လူကိုယ်တိုင် သွားရောက်သင်ကြားရမည့် စာသင်ခန်းများကို အထူးလိုအပ်ချက်များနှင့် စတင်မည် ဖြစ်ကြောင်း သိရသည်။

သူငယ်တန်းမှ ၈တန်း အထိ ကျောင်းသားများအတွက် စက်တင်ဘာ ၂၉ ရက်တွင်လည်းကောင်း၊ အလယ်တန်း နှင့် အထက်တန်းကျောင်းများကို အောက်တိုဘာ ၄ ရက်နေ့တွင်လည်းကောင်း အတန်းများပြန်လည်ဖွင့်လှစ်သွားမည် ဟု သိရသည်။

ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားမှုများ အရှိန်အဟုန်နှင့် ဖြစ်ပွားနေစဉ်အတွင်း ကျောင်းသား ၁.၁ သန်းအတွက် ကျောင်းများ ပြန်လည်ဖွင့် ရန် ကြိုးပမ်းနေချိန်တွင် ယခုလိုနှောင့်နှေးမှု မှာ ဒုတိယအကြိမ်မြောက် ဖြစ်သည်။

ပြန်လည်ဖွင့်လှစ်ရန်အတွက်ကြိုတင်ပြင်ဆင်မှု၏ အဓိကစိုးရိမ်မှုအပိုင်းမှာ ဝန်ထမ်းရှားပါးမှုပင် ဖြစ်သည်။

De Blasio မှ ပညာရှင်ပေါင်း အယောက် ၂၀၀ ခန့် ထပ်မံ ခေါ်ယူသွားမည်ဟု ကြေငြာခဲ့သော်လည်း Mulgrew အနေဖြင့် ကျောင်းများပြန်လည် ဖွင့်နိုင် ရန်အတွက် ဆရာဆရာမပေါင်း ၁၀၀၀၀ ခန်ု့ လိုအပ်သည်ဟု ပြောခဲ့သည်မှာ ကြာနေခဲ့ပြီဖြစ်သည်။

De Blasio က ဆရာပေါင်း ၂၅၀၀ ကိုနောက်ထပ် ငှားရမ်းရန် သဘောတူခဲ့ပြီး စုစုပေါင်း အယောက် ၄၅၀၀ ကို ခေါ်ယူသွားမည် ဖြစ်ကြောင်း ကြေငြာခဲ့သည်။

“ကျွန်တော်တို့ဟာ ဘုရားသခင်ကို ကျေးဇူးတင်ရမှာပါ၊ ဒီလိုထူးခြားပြီး အရည်အချင်းရှိသူများကို ပိုင်ဆိုင်ထားရတဲအတွက်ပါ၊ အခုဆိုရင် လိုအပ်နေတဲ့ ဆရာနေရာများမှာ ဘွဲ့ရကျောင်းသားများ၊ တွဲဖက်ပါမောက္ခများနှင့်ပညာရေးဒီဂရီကိုလိုက်စားနေသောကျောင်းသားများကို ကူညီရန် ဆန္ဒရှိသူများကိုခွဲခြားသတ်မှတ်ထားပြီး ဖြစ်တယ်” ဟု De Blasio မှပြောကြားထားသည်။

ဆက်လက်၍ ၎င်းမှ ထိုအရင်းအမြစ်များကြားတွင် လိုအပ်သည့် ဆရာ ၄၅၀၀ ကို ရနိုင်မည်ဟု ယုံကြည်သည်ဟု ပြောထားသည်။

Mulgrew အနေဖြင့် ယခင်သူခန့်မှန်းခဲ့သည့် အရေအတွက်နှင့် ယခု လက်ရှိသဘောတူညီချက်ကြား ကွာဟမှုကို မည်သို့မျှ မပြောသော်လည်း မြို့တော်ဝန်မှ သူ၏ စိုးရိမ်မှုကို အလေးထားသည့် အတွက် ဝမ်း‌မြောက်ရကြောင်း ဆိုထားသည်။

"ဒါကမကြုံစဖူးစိန်ခေါ်မှုပါ။ လူအများစုက ဒီစိန်ခေါ်မှုကို မလုပ်ချင်တော့ဘဲ ထွက်ပြေးကြလိမ့်မယ်။ " ဟု Mulgrew ကပြောကြားထားသည်။

သူ့အနေဖြင့် အဆင့်မြှင့်ထားသည့် လေဝင်လေထွက်စနစ်များ နှင့် အထင်ကရပုဂ္ဂိုလ်များကို အကာအကွယ်ပေးသည့်ပစ္စည်းကိရိယာမျာ းတပ်ဆင်ထားမှုအပေါ် အလွန်သဘောကျကြောင်း ဖော်ပြထားသည်။

ထို့အပြင် တနင်္လာနေ့ကတပ်ဆင်ခဲ့သည့် လျင်မြန်သော ရလဒ်များကို ပေးနိုင်သည့် ရောဂါ ရှာဖွေစစ်ဆေးရေးစင်တာများကို သဘောကျကြောင်း ဆိုထားသည်။

ထိုစက်များသည် ယခင်စက်များထက် စာလျှင် ဆရာများအနေဖြင့် ရောဂါရလဒ်သိရန်ပိုမို လျင်မြန်စေသည်။

“ ငါတို့ကျောင်းစနစ်ကိုကောင်းကောင်းလည်ပတ်စေချင်တယ်၊ လုံခြုံမှုရှိစေချင်တယ်” ဟု သူက ဆက်လက်ပြောကြားခဲ့သည်။

“ဒီအချက်ဟာ တခြားသူတွေနားလည်တာထက်ပိုရှုပ်ထွေးတယ် လို့ ကျွန်တော်ထင်တယ်” ဟုသူကဆိုသည်။

အချို့ဆရာများသည် စာသင်ခန်းတွင်း သို့ ပြန်လည်မဝင်ရောက်နိုင်ဘဲ ကျောင်းသားများသည်လည်း အဝေးမှ စာသင်ခြင်း နှင့် အိမ်တွင် သင်ကြားခြင်း များ ကြားတွင် အလှည့်ကျ သင်နေရဆဲဖြစ်သည်။ ရှေ့ဆက်လက်ဖြစ်ပွားနေသည့် ကိစ္စများစွာရှိသော်လည်း ဝန်ထမ်းများက လိုအပ်သည့် ဆရာများအလုံအလောက်မရှိဟုပြောနေခြင်းမှာ စိုးရိမ်ဖွယ် ဖြစ်သည်ဟုဆိုထားသည်။

“ကျနော်တို့ကဒီစနစ်ကို တစ်ပတ်အတွင်း မှန်မှန်ကန်ကန်နှင့် ဖွင့်ဖို့လုပ်ခဲ့တယ်။ ဒီလိုလုပ်တာကလုံးဝမဖွင့်တာထက် စာရင် အများကြီးပိုကောင်းတယ် “ ဟု Mulgrew မှ ဆိုထားသည်။

By Myanmar Education Guide - EDGE

Ref: USNews

Latest Post Read 298 times