Sales Hotline : 09448001653       Download App



COVID-19 ကာကွယ်ရေး ပညာရေးနှင့် ကျန်းမာရေးလုပ်ငန်းစဉ်များရေးဆွဲနေ

** Unicode **

COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ပညာရေးဝန်ကြီးနှင့် ပူးပေါင်း၍ ကျောင်းများပြန်မဖွင့်လှစ်မီ အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရပါတယ်။

ကျောင်းများပြန်လည်ဖွင့်လှစ်ချိန်တွင် COVID-19 ရောဂါကာကွယ်တားဆီးရေး နည်းပညာပံ့ပိုးမှုကော်မတီ အစည်းအဝေးတွင် ပြောကြားခဲ့ပါတယ်။

ကျောင်းများ ပြန်လည်ဖွင့်လှစ်သည့် ပထမ လသည် အရေးကြီးဆုံးဖြစ်၍ စနစ်တကျ အားထုတ်ဆောင်ရွက်သွားပါက နောက်လများတွင် လုပ်ဆောင်မှုများ အသားကျ၍ ပိုမိုအဆင်ပြေလာမှာဖြစ်ပါတယ်။

ဇူလိုင်လတွင် ကျောင်းများ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ရာ ရပ်ကွက်၊ ကျေးရွာ နေရာစုံမှ ကျောင်းသား/သူများသည် နေရာတစ်ခုတည်းတွင် စုစည်းကျမည်ဖြစ်ပါတယ်။

ထိုအခါ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး စနစ်တကျ ကိုင်တွယ်ဆောင်ရွက်ရန်မှာ အထူးအရေးကြီးကြောင်း၊ နေအိမ်မှ ကျောင်းသို့ရောဂါကူးစက်ခြင်း ရှိနိုင်သကဲ့သို့ ကျောင်းတွင်ရောဂါကူးစက်ကာ နေအိမ်ရှိ မိသားစုများထံသို့ ထပ်ဆင့်ကူးစက်ခြင်းလည်း ရှိနိုင်သဖြင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများကို သေချာစွာ စနစ်တကျလုပ်ဆောင်ထားရန် လိုအပ်ကြောင်းလည်း သိရပါတယ်။

School Furniture (3) ကျောင်းသုံးပရိဘောဂပစ္စည်းများနှင့် ပတ်သက်ပြီးရှာရန်နှိပ်ပါ။

ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ ကျောင်းအုပ်ကြီးများ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ အသီးသီးတို့အတွက် နေအိမ်မှကျောင်းသို့လာချိန်၊ ကျောင်းစာသင်ခန်းသို့သွားချိန်၊ စာသင်ကြားချိန်၊ မုန့်စားဆင်းချိန်နှင့် ကျောင်းဆင်းချိန်တို့တွင် လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းများ၊ လုပ်ငန်းလမ်းညွှန်များနှင့် လုပ်ထုံးလုပ်နည်းများကို ကျောင်းများပြန်လည်မဖွင့်မီ ရေးဆွဲပြီး ဖြစ်သည့်အတွက် ကနဦးရှေ့ပြေးစမ်းသပ်ဆောင်ရွက်ခြင်း (Pilot Testing) ပြုလုပ်ပြီး လိုအပ်သလိုပြုပြင်ကာ အပြီးသတ်ရေးဆွဲအတည်ပြုသွားမည်ဖြစ်ပါတယ်။

ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တစ်လျှောက်လုံးတွင်လည်း ရောဂါကာကွယ်ရေး လုပ်ငန်းများနှင့် စည်းကမ်းလိုက်နာ ဆောင်ရွက်မှုအခြေအနေများကို စောင့်ကြည့်ဆန်းစစ်ခြင်းအား စာရင်းပုံစံများအသုံးပြု၍ ဆောင်ရွက်မည်ဖြစ်ပါတယ်။

၎င်းပြင် စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်ပြီးနောက် COVID-19 ရောဂါဖြစ်ပွားမှုကို အတန်းတစ်ခုတွင် တွေ့ရှိပါက ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကိုလည်း ကြိုတင်ရေးဆွဲချမှတ်ထားကြောင်း သိရပါတယ်။

ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းများဖွင့်လှစ်ရာတွင် မဖြစ်မနေ လိုက်နာရမည့်အချက်များကို လိုက်နာရမည့်အချက်များကို လိုက်နာဆောင်ရွက်မှုရှိစေရေး စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားမည် ဖြစ်ပါတယ်။

စာသင်ချိန်များကိုလည်း ကျောင်းသား/သူအရေအတွက် အနည်းအများအလိုက် ပုံမှန်၊ တစ်ပတ်ခြား၊ တစ်ပတ်ခြား၍ ကျောင်းချိန် နှစ်သုတ်ခွဲကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှလည်း သိရပါတယ်။

Credit: 7 Day News


** Zawgyi **

COVID-19 ေရာဂါ ႀကိဳတင္ကာကြယ္ေရး လုပ္ငန္းမ်ားကို ပညာေရးဝန္ႀကီးႏွင့္ ပူးေပါင္း၍ ေက်ာင္းမ်ားျပန္မဖြင့္လွစ္မီ အေလးထားေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္းသိရပါတယ္။

ေက်ာင္းမ်ားျပန္လည္္ဖြင့္လွစ္ခ်ိန္တြင္ COVID-19 ေရာဂါကာကြယ္တားဆီးေရး နည္းပညာပံ့ပိုးမႈေကာ္မတီ အစည္းအေဝးတြင္ ေျပာၾကားခဲ့ပါတယ္။

ေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္သည့္ ပထမ လသည္ အေရးႀကီးဆံုးျဖစ္၍ စနစ္တက် အားထုတ္ေဆာင္ရြက္သြားပါက ေနာက္လမ်ားတြင္ လုပ္ေဆာင္မႈမ်ား အသားက်၍ ပိုမိုအဆင္ေျပလာမွာျဖစ္ပါတယ္။

ဇူလိုင္လတြင္ ေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္မည္ျဖစ္ရာ ရပ္ကြက္၊ ေက်းရြာ ေနရာစံုမွ ေက်ာင္းသား/သူမ်ားသည္ ေနရာတစ္ခုတည္းတြင္ စုစည္းက်မည္ျဖစ္ပါတယ္။

ထိုအခါ ေရာဂါကူးစက္ျပန္႔ပြားမႈမရွိေစေရး စနစ္တက် ကိုင္တြယ္ေဆာင္ရြက္ရန္မွာ အထူးအေရးႀကီးေၾကာင္း၊ ေနအိမ္မွ ေက်ာင္းသို႔ေရာဂါကူးစက္ျခင္း ရွိႏိုင္သကဲ့သို႔ ေက်ာင္းတြင္ေရာဂါကူးစက္ကာ ေနအိမ္ရွိ မိသားစုမ်ားထံသို႔ ထပ္ဆင့္ကူးစက္ျခင္းလည္း ရွိႏိုင္သျဖင့္ ႀကိဳတင္ျပင္ဆင္ေဆာင္ရြက္မႈမ်ားကို ေသခ်ာစြာ စနစ္တက်လုပ္ေဆာင္ထားရန္ လိုအပ္ေၾကာင္းလည္း သိရပါတယ္။

School Furniture (3) ေက်ာင္းသံုးပရိေဘာဂပစၥည္းမ်ားႏွင့္ ပတ္သက္ၿပီးရွာရန္ႏိွပ္ပါ။

ပညာေရးဝန္ႀကီးဌာနႏွင့္ပူးေပါင္း၍ ေက်ာင္းအုပ္ႀကီးမ်ား ဆရာ/ဆရာမမ်ား၊ ေက်ာင္းသား/သူမ်ား အသီးသီးတို႔အတြက္ ေနအိမ္မွေက်ာင္းသို႔လာခ်ိန္၊ ေက်ာင္းစာသင္ခန္းသို႔သြားခ်ိန္၊ စာသင္ၾကားခ်ိန္၊ မုန္႔စားဆင္းခ်ိန္ႏွင့္ ေက်ာင္းဆင္းခ်ိန္တို႔တြင္ လိုက္နာေဆာင္ရြက္ရမည့္ စည္းကမ္းမ်ား၊ လုပ္ငန္းလမ္းညႊန္မ်ားႏွင့္ လုပ္ထံုးလုပ္နည္းမ်ားကို ေက်ာင္းမ်ားျပန္လည္မဖြင့္မီ ေရးဆြဲၿပီး ျဖစ္သည့္အတြက္ ကနဦးေရွ႕ေျပးစမ္းသပ္ေဆာင္ရြက္ျခင္း (Pilot Testing) ျပဳလုပ္ၿပီး လိုအပ္သလိုျပဳျပင္ကာ အၿပီးသတ္ေရးဆြဲအတည္ျပဳသြားမည္ျဖစ္ပါတယ္။

ေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္ခ်ိန္တစ္ေလ်ွာက္လံုးတြင္လည္း ေရာဂါကာကြယ္ေရး လုပ္ငန္းမ်ားႏွင့္ စည္းကမ္းလိုက္နာ ေဆာင္ရြက္မႈအေျခအေနမ်ားကို ေစာင့္ၾကည့္ဆန္းစစ္ျခင္းအား စာရင္းပံုစံမ်ားအသံုးျပဳ၍ ေဆာင္ရြက္မည္ျဖစ္ပါတယ္။

၄င္းျပင္ စာသင္ေက်ာင္းမ်ားျပန္လည္ဖြင့္လွစ္ၿပီးေနာက္ COVID-19 ေရာဂါျဖစ္ပြားမႈကို အတန္းတစ္ခုတြင္ ေတြ႔ရွိပါက ေဆာင္ရြက္ရမည့္ လုပ္ငန္းစဥ္အဆင့္ဆင့္ကိုလည္း ႀကိဳတင္ေရးဆြဲခ်မွတ္ထားေၾကာင္း သိရပါတယ္။

ပညာေရးဝန္ႀကီးဌာနအေနျဖင့္ ေက်ာင္းမ်ားဖြင့္လွစ္ရာတြင္ မျဖစ္မေန လိုက္နာရမည့္အခ်က္မ်ားကို လိုက္နာရမည့္အခ်က္မ်ားကို လိုက္နာေဆာင္ရြက္မႈရွိေစေရး စနစ္တက် ၾကပ္မတ္ေဆာင္ရြက္သြားမည္ ျဖစ္ပါတယ္။

စာသင္ခ်ိန္မ်ားကိုလည္း ေက်ာင္းသား/သူအေရအတြက္ အနည္းအမ်ားအလိုက္ ပံုမွန္၊ တစ္ပတ္ျခား၊ တစ္ပတ္ျခား၍ ေက်ာင္းခ်ိန္ ႏွစ္သုတ္ခြဲကာ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ပညာေရးဝန္ႀကီးဌာနမွလည္း သိရပါတယ္။

Credit: 7 Day News


 

News Tips Latest Post Read 1452 times