ကမ္ဘာ့လူဦးရေ၏ ၉၀% ကျော်သည် ကျောင်းသားများ ဖြစ်လင့်ကစား ၁.၆ ဘီလီယံ နီးပါးသော ကျောင်းသားလူငယ်များသည် COVID- 19 ကပ်ရောဂါ ကြောင့် ထိခိုက် နှောင့်နှေးမှုများ ကြုံတွေ့နေရဆဲဖြစ်သည်။
ဆရာများ အနေဖြင့်လည်း သင်ယူမှု ပတ်ဝန်းကျင် အသစ် ဖန်တီးနိုင်ရန် နှင့် အသင့်လျော်ဆုံး ဖြေရှင်းချက်များပေးနိုင်ရန် တစ်ဦးချင်းစီသာမက အချင်းချင်း စုပေါင်း လုပ်ဆောင်နေကြပြီဖြစ်သည်။
ပြီးခဲ့သည့် ခြောက်လလုံးလုံး ကမ္ဘာတစ်ဝှမ်းရှိဆရာများသည်ကျောင်းများပိတ်ပစ်ခြင်း၊ အခြေအနေသစ်နှင့် လိုက်လျောညီထွေဖြစ်အောင်ပြင်ဆင်ခြင်းနှင့် ၎င်း တို့၏ကျောင်းသားများကိုဆက်လက်လေ့လာနိုင်ရန်တီထွင်ကြံဆမှုများကိုတီထွင်ဖန်တီးနေကြသည်။
ယခုလို ပညာရေး အကျပ်အတည်း ကာလတွင် ဆရာများသည် ၎င်းတို့အလုပ်ကို အကောာင်းဆုံးဖြစ်အောင် မည်သို့ ဆောင်ရွက်နေကြသည့် ဆိုသည့် စိတ်ဝင်စားစရာကောင်းသော ပုံပြင်များကိုလည်း ကြားသိရပါသည်။
ထိုအကြောင်းအရာများကို ကြည့်ခြင်းဖြင့် ဆရာများသည် ကျောင်းသားများအတွက် အလွန်ပင် အရေးကြီးသော အသက်သွေးကြော ဖြစ်သည်ဆိုသည့် အချက်ကို သတိရစေပါသည်။
အချို့ဆရာများသည် အွန်လိုင်းဖြင့် စာသင်ကြားနိုင်ရန် လက်ပ်တော့ပ် အသုံးပြုနိုင်သည့် နေရာသို့ နေ့တိုင်းနာရီပေါင်းများစွာ အသုံးပြု၍ သွားလာနေကြရသည်။
အချို့ကျတော့ အသွားအလာကန့်သတ်ထားသောကြောင့် ထောင်ပေါင်းများစွာသော ကျောင်းသားများ အတွက် ကျောင်းမှထောက်ပံ့ပေးသော အစားအစာများကို ပေးဝေရန် တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်လံဝေငှနေကြပါသည်။
ကုန်တင်ကားအနောက်မှ လိုက်ပါစီးနင်းပြီး စာလိုက်လံသင်ကြားပေးသည့် ဆရာများလည်း ရှိနေပြန်သေးသည်။
ယူနက်စကို၏မကြာသေးမီကထုတ်ပြန်သောအစီရင်ခံစာတွင် “ဤပညာရေးအကျပ်အတည်းကာလတွင် ဆရာ၊ဆရာမများ၏ မမျှော်လင့်သည့် ဦးဆောင်မှုများ၊ တီထွင်ဖန်တီးမှု နှင့် ဆန်းသစ်စေမှုများကို မြင်တွေ့ခဲ့ ရသည်” ဟု ဖော်ပြထားသည်။
“ကိစ္စတော်တော်များများတွေမှာ ဆရာ၊ဆရာမများက အသိပေးအကြောင်းကြားခြင်းမရှိဘဲ ဖိအားပေးလုပ်ကိုင်နေရတာတွေရှိတယ်၊ပြီးရင် ပြင်ဆင်ဖို့ အချိန်လည်းလည်း သိပ်မရကြဘူး။ သင်ရိုးညွှန်းတမ်းများ ပြုပြင်ပြောင်းလဲခြင်း သို့မဟုတ် အကျဉ်းချုံးခြင်း၊ သင်ခန်းစာ အသစ်ပြောင်းလဲခြင်းတွေဟာ သူတို့ ခေါင်းပေါ် ရောက်လာကြတယ်၊ ဒါပေမဲ့ သူတို့ဟာ အင်တာနက်၊ မိုဘိုင်းဖုန်း၊ ရုပ်မြင်သံကြား၊ ရေဒီယို၊ တယ်လီဖုန်းမှတဆင့် ကျောင်းသင်ခန်းစာ များကို ကျောင်းသားများထံရောက်အောင် သင်ကြားပေးကြတယ်”
ဆက်သွယ်မှုညံ့ဖျင်းသောနိုင်ငံများတွင်အိမ်ထောင်စုများ၏ ၄၀% ကျော်သည်ကွန်ပျူတာသို့မဟုတ်အွန်လိုင်းသုံးနိုင်ခြင်းမရှိသောကြောင့် ဆရာများသည် ဖေ့စ်ဘွတ်ခ်နှင့်တွစ်တာရှိဒစ်ဂျစ်တယ်လူမှုအသိုင်းအဝိုင်းများနှင့်အထောက်အကူပြုအဖွဲ့များနှင့်အတူ၎င်းတို့၏ကျောင်းသားများအတွက်အိမ်ယူရန်အစီအစဉ်များကိုပြင်ဆင်ခဲ့ကြသည်။
COVID-19 အကျပ်အတည်းကာလအတွင်းဆရာများ၏ ဦး ဆောင်မှုကိုဂုဏ်ပြုရန်အတွက်ယူနက်စကိုသည် ကမ္ဘာ့ဆရာများနေ့နှင့် ၁၉၆၆ ILO / UNESCO ၏ဆရာများ၏အခြေအနေနှင့် ပတ်သက်၍ ထောက်ခံချက်လက်မှတ်ရေးထိုးသည့်နှစ်ပတ်လည်နေ့ အဖြစ် လာမည့် အောက်တိုဘာလ ၅ရက်နေ့တွင် ပြုလုပ်ကျင်းပမည် ဖြစ်သည်။
By Myanmar Education Guide - EDGE
Ref: IBL News