COVID-19 ကာလ အကျပ်အတည်းနှင့် ၎င်းကာလအလွန်၌ စာတတ်မြောက်ရေးသင်ကြားခြင်းနှင့်သင်ယူခြင်း

 

ကမ္ဘာတစ်ဝှမ်းရှိ လူဦးရေ ၁.၄ဘီလီယံခန့်သည် အခြေခံစာရေးတတ်၊စာဖတ်တတ်ခြင်း မရှိကြောင်းကို ကုလသမဂ္ဂယဉ်ကျေးမှုအေဂျင်စီအကြီးအကဲက အင်္ဂါနေ့ တွင်ပြောကြားခဲ့သည်။

ထို့အပြင် လူတစ်ဦးတစ်ယောက်ချင်းစီ၏ အလားအလာများကို ဖော်ထုတ်ရန်၊ သက်ဆိုင်ရာရင်းနှီးမြှုပ်နှံမှုများကို စုဆောင်းကြရန် တိုက်တွန်းထားသည်။ မျှော်လင့်ချက်အပြည့်နှင့် ကမ္ဘာကြီးကိုပြန်လည်တီထွင်ရန် လိုအပ်နေချိန်တွင် စာတတ်မြောက်ရေးသည် ယခင်ကထက် ပိုမိုလိုအပ်ပြီး အရေးကြီးသည် ဟု ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) မှ ညွန်ကြားရေးမှူးချုပ် Audrey Azoulay က နိုင်ငံတကာ စာတတ်မြောက်ရေးနေ့တွင် ပြောကြားခဲ့သည်။

နှစ်စဉ် စက်တင်ဘာလ ၈ရက်နေ့တိုင်းတွင်ကျင်းပသည့် နိုင်ငံတကာ စာတတ်မြောက်ရေး အခမ်းအနားကို "COVID-19 ကာလ အကျပ်အတည်းနှင့် ၎င်းကာလအလွန်၌စာတတ်မြောက်ရေးသင်ကြားခြင်းနှင့်သင်ယူခြင်း",ခေါင်းစဉ်ဖြင့် ယခုနှစ် အတွက်ကျင်းပခဲ့သည်။

ယခုနှစ်၏ အထိမ်းအမှတ်ပွဲသည် လူငယ်များသာမက လူကြီးများ အတွက် တစ်သက်တာ သင်ယူလေ့လာခြင်း Lifelong Learning သည် အရေးကြီး ကြောင်း မီးမောင်းထိုးပြခဲ့သည်။

Covid- 19 ၏သက်ရောက်မှုကို ကျော်လွှားနိုင်ရန်အတွက် ပညာရေးကို ရှေ့တန်း တွင်ထားကာ ဦးစားပေးရမည်ဟု Azoulay မှပြောကြားထားသည်။

ဆက်လက်၍ သူမက ပညာရပ်နယ်ပယ်တိုင်းမှ ာပညာရှင်များသည် သူတို့၏အလုပ်များကို မျှတသောလစာနှင့် ကောင်းမွန်သောလုပ်ငန်းခွင်အခြေအနေတွင် လုပ်ဆောင်နိုင်ရမည်။

၎င်းတို့ကို ကောင်းမွန်စွာ လေ့ကျင့်ပေးနိုင်မှသာ စွမ်းဆောင်ရည်ကို မြှင့်တင်ပေး နိုင်မည်ဖြစ်ပြီး ကျောင်းများ ပိတ်ပစ်ရမည့် အခြေအနေများမှ ကျော်လွှားနိုင်မည်ဖြစ်သည်။

ကျောင်းသား သုံးယောက်တွင် နှစ်ယောက်မှာ ကျောင်းသို့ ပြန်လည်သွားရောက်နိုင်ခြင်း မရှိသော ပညာရေးကွာဟချက်များကို ပညာရှင်များမှ အသိပေး ဆောင်ရွက်ရာတွင် အကျယ်တဝင့် ဆောင်ရွက် ရမည်ဖြစ်ကြောင်းကို ကုလသမဂ္ဂအရာရှိက အလေးအနက်ထားပြောကြားခဲ့သည်။

နည်းပညာအသစ်များသည် ကြီးမားသောအလားအလာရှိသော်လည်း စဉ်းစားတွေးခေါ်နိုင်သည့် အသိပညာအနေဖြင့် ၎င်းတို့သည် လူသားများကို ယှဉ်နိုင်မည်မဟုတ်ချေ။

ပြောင်းလဲတိုးတက်မှုများ အတူတကွလုပ်ဆာင်ကြပါက နောင်တွင် လူသားနှင့်နည်းပညာသည် အကောင်းဆုံး မဟာမိတ်ဖြစ်လာနိုင်ပေသည်။

By Myanmar Education Guide- EDGE

REF: CGTN News

Latest Post Read 731 times