ကိုဗစ်-၁၉ နှင့် ကမ္ဘာလုံးဆိုင်ရာ ကျောင်း၏ ခေါင်းဆောင်မှုရေးရာ ဆွေးနွေးပွဲ

ကမ္ဘာလုံးဆိုင်ရာ ပိတ်ဆို့မှုများနှင့် ကြုံတွေ့နေရသည်မှာ ခြောက်လခန့် ကြာမြင့်ခဲ့ပြီး ကမ္ဘာ့ပညာရေးစနစ်အများစု အတွက် ပြတ်တောက်မှုများကို ဆက်လက်ဖြစ်ပွားစေခဲ့သည်။
New Normal လို့ ခေါ်သည့် Covid- 19 အလွန်တွင်  မသေချာ မရေရာမှုများနှင့် စာသင်နှစ်  အစကို  မည်သို့ မည်ပုံသင်ကြားကြမည်ကို ကျောင်းသားများ၊ ဆရာများနှင့် ကျောင်းအုပ်များ က စိုးရိမ်လျက်ရှိသည်။ 

လေ့လာဆန်းစစ်ချက်များအရ ကျောင်း၏ ခေါင်းဆောင်မှုသည် ကျောင်းသားများ၏ ရလဒ်များနှင့် သုခချမ်းသာ အတွက် အဓိကအချက်ဖြစ်သည်။ သို့သော် ခေတ်ဟောင်း ရိုးရာ ကျောင်းများ၏ တည်ဆောက်ပုံနှင့် စနစ်များ လုံးဝပျောက်ကွယ်သွား ချိန်တွင် ကောင်းမွန်သောခေါင်းဆောင်မှုနှင့် စနစ်သစ်များက ပို၍ အရေးပါသလား။ 

Covid -19 ရောဂါ မတိုင်မီကပင် ပညာရေးမူဝါဒချမှတ်သူများ နှင့် ကျွမ်းကျင်ပညာရှင်၏ ပြောကြားချက်များအရ ၂၁ရာစု လေ့လာသင်ယူမှုပုံစံကို တည်ဆောက်ရန်ပြောင်းလဲခဲ့ပြီးဖြစ်သည်။ တစ်သက်တာ လေ့လာ သင်ယူမှု၊ တီထွင်ဖန်တီးမှု၊ ပြဿနာ ဖြေရှင်းနိုင်ခြင်း နှင့် ပူးပေါင်းဆောင်ရွက်မှု အစရှိသည့် ပညာရေးဆိုင်ရာကျွမ်းကျင်မှုများရရှိခြင်းနှင့် အပြုအမူဆိုင်ရာစွမ်းရည်များတည်ဆောက်ခြင်း များသည်အံဝင်ခွင်ကျ သည့် စံပြပုံစံတစ်ခုပင် ဖြစ်သည်။ 

ဤ ချဉ်းကပ်မှု၏ ရလဒ်အနေဖြင့် ၂၁ရာစု၏ သင်ယူသူများသည် အမြဲပြောင်းလဲနေသည့် ကမ္ဘာ၏စိန်ခေါ်မှုများကို လက်ခံနိုင်ကာ သွက်လက်စွာ ပူးပေါင်းဆောင်ရွက်နိုင်သည့် သူများဖြစ်ရမည်။ 

Covid -19 မှ သင်ကြားပေးခဲ့သည့် အနာဂတ်အတွက်ကြိုတင်ပြင်ဆင်ရန် ချဉ်းကပ်နည်းများကို ယခုအခါတွင် လက်တွေ့အကောင်အထည်ဖော်ရန် အချိန် ကျရောက်လာပြီဖြစ်သည်။ သို့သော် သင်ယူမှု စနစ်တွေကို အရှိန်အဟုန်ဖြင့် မြှင့်တင်ရန် စီစဉ်ထားသည်ဆိုပါက ပညာရေးနှင့် ကျောင်း၏ ခေါင်းဆောင်များအပေါ် သက်ရောက်မှု ကိုလည်း  ထည့်သွင်းစဉ်းစားရန် လိုပါသေးသည်။ 

ယခုအစီအစဉ်မှာ ကမ္ဘာတစ်လွှားရှိပညာရေး နယ်ပယ်တွင် ကိုရိုနာရောဂါ သက်ရောက်မှု ပတ်သက်၍ အွန်လိုင်းတွင် ခေါ်ယူ ဆွေးနွေးခြင်းမှာ တတိယ အကြိမ်မြောက် ဖြစ်သည်။ 

ပထမ အကြိမ်မှာ ဧပြီလတွင် ဖြစ်ပြီး  ကျောင်းသား အားလုံး၏ ၈၀%  သည် လော့ဒေါင်း ချခြင်းခံရပြီး ထိုမှဖြစ်ပေါ်လာသည့် အကျိုးဆက်များကို ဖော်ထုတ်ခဲ့ပြီး ထိုမှ တစ်ဆင့် မည်သို့ အကောင်းဆုံးဖြစ်အောင် အကောင်ထည် ဖော် ဆောင်ရွက် ရန် ဆွေးနွေးခဲ့ကြသည်။ 

ဒုတိယ အကြိမ်ကို ဇွန်လတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး လူကိုယ်တိုင် ပြန်လည်သင်ကြား ပို့ချရာတွင် Covid- 19 ကြောင့် ဖြစ်လာသည့် အကျိုးဆက်များကို စနစ်တကျ ဖြစ်အောင်ဆောင်ရွက်ကြပြီး မည်သည့်နည်းလမ်းက အလုပ်ဖြစ်သည်၊ မဖြစ်သည်ကို လာမည့် စာသင်နှစ်အတွက်သာမက အနာဂတ်၏ ပညာရေးနှင့် သင်ယူမှု ဆိုင်ရာ နည်းစနစ်တကျ ဖြစ်အောင်ဆွေးနွေးခဲ့ကြသည်။ 

တတိယမြောက် အကြိမ်ကို ကျင်းပတော့မည်ဖြစ်ရာ အောက်ပါအဓိက အကြောင်းအရာများ နှင့်မေးခွန်းများကိုစဉ်းစားရန်ကမ္ဘာအနှံ့မှကျွမ်းကျင်သူများနှင့်လေ့ကျင့်သူများကို စတင်စုစည်းနေပြီဖြစ်သည်။ 

Leadership, Innovation and the Future of Schooling: ၂၁ ရာစု၏ ကျောင်း၏ ခေါင်းဆောင်မှုများသည် Covid-19 အလွန်တွင် မည်သို့ဖြစ်လာမည်နည်း။  ပညာရေးစနစ်နှင့်ဖွဲ့စည်းတည်ဆောက်ပုံများတွင်ဖြစ်ပေါ်နေသောအပြောင်းအလဲများကိုမည်သို့ရောင်ပြန်ဟပ်သနည်း။

 New Relational Models and Dynamics in School Leadership: မည်သူက လာမည့် ပညာရေးစနစ်တွင် ခေါင်းဆောင်ဖြစ်လာမည်နည်း။ အချို့သော နယ်ပယ်များအတွက် မည်သူက တာဝန်ယူမည်နည်း။ ပညာရေး ဝန်ထမ်းများကို လေ့ကျင့်သင်ကြားခြင်းအပေါ်တွင်တာဝန်ယူမည့် ကျောင်းခေါင်းဆောင်များနေရာ ချထားခြင်း၏ အကျိုးဆက်မှာ မည်သို့သော အကြောင်းအရာများ ဖြစ်သနည်း။ 

Leadership and Equity:  အနာဂတ်တွင် ပိုမိုမျှတသော စနစ်များကို မည်သို့ တည်ဆောက်မည်နည်း။ ထိုသို့ ပိုမို မျှတလာသော စနစ်ကို ပြန်လည် တည်ဆောက်ရန် ကျောင်းခေါင်းဆောင်များ၏ တာဝန်မှာ အဘယ်နည်း။ 

ပိုမိုသိရှိလိုပါက >>> Education Disrupted, Education Reimagined Part III 

By Myanmar Education Guide - EDGE 

Latest Post Read 723 times