ကျန်းမာရေးညွှန်ကြားချက်များလိုက်နာသည့် စီးပွားရေးလုပ်ငန်းများကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုမည်

 

ကျန်းမာရေးညွှန်ကြားချက်များလိုက်နာသည့် စက်ရုံ၊ အလုပ်ရုံနှင့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၁၀ ရက်နေ့ည ၈ နာရီထုတ်ပြန်ချက်အရ  COVID-19  အတည်ပြုလူနာအရေအတွက် ၂၁၅၈ ဦးထုတ်ပြန်ပြီးနောက်မှာ အခုလို ညွှန်ကြားချက်ကို ကြေငြာခဲ့တာလည်းဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းက  စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနတွေက  အလုပ်ရှင်၊ အလုပ်သမား တွေအနေနဲ့ ကျန်းမာရေးနှင့်အားကစား ဝန် ကြီးဌာနရဲ့  COVID-19  ဆိုင်ရာ လိုက်နာဆောင်ရွက်ရမယ့် ညွှန်ကြားချက်တွေကို  လိုက်နာဆောင်ရွက်ထား ခြင်း ရှိ/ မရှိကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စနစ်တကျကြီးကြပ်စိစစ်သွားမယ်လို့ သိရပါတယ်။

အဆိုပါ စီးပွားရေးလုပ်ငန်းများအနေနှင့် COVID-19 ရောဂါကာ ကွယ်ထိန်းချုပ် ရေးနှင့် ပတ်သက်လို့  အဆင့် A ရရှိအောင် ပြင်ဆင်ထားရှိကြောင်းတွေ့ ရှိပါက ကုန် ကြမ်းယူ၊ ကုန်ချောပေး ဆောင်ရွက်သော လက်ခစား လုပ်ငန်း (CMP) စက်ရုံ၊ အလုပ်ရုံများ၊ အသေး စား၊ အလတ်စားလုပ်ငန်း များအား ၁၂-၁၀-၂၀၂၀ ရက်မှစ၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် ပြန်လည် လုပ်ကိုင်ခွင့်ပြု နိုင်ကြောင်း ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းက  CMP  လုပ်ငန်းများကို စက်တင်ဘာ ၂၄ ရက်မှ အောက်တိုဘာ ၂၁ ရက်ထိ ယာယီ ပိတ်ထားဖို့ အစိုးရ က ထုတ်ပြန်ထားပေမယ့် အလုပ်သမားများ၏ အလုပ်အကိုင်အခွင့် အလမ်း မဆုံးရှုံး စေရေးနှင့် စီးပွားရေးလုပ်ငန်းများ စဉ်ဆက်မပြတ် လည်ပတ်လုပ်ကိုင်နိုင်ရေးအတွက် ကျန်းမာရေးဆိုင်ရာ ကန့်သတ်ချက်များကို ထိန်းညှိဆောင်ရွက်သွားရန် လိုအပ်ကြောင်း စိစစ်တွေ့ ရှိရတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

နောက်ဆုံးရ သတင်းအချက်အလက်အနေနဲ့ မြန်မာနိုင်ငံမှာ COVID-19  ဓါတ်ခွဲစစ်ဆေးသူပေါင်း ၃ သိန်း ၉ သောင်းကျော်၊ အတည်ပြုလူနာ တွေ့ရှိမှု ၂၆၀၀၀ ဦး ၊  ပြန်လည်သက်သာလာသူ ၇၀၅၀ ဦးနဲ့ သေဆုံးသူ ၅၉၈ ဦး ရှိပြီဖြစ်ပါတယ်။

#MyanmarLabournews

Source-MOHS

Latest Post Read 866 times