Covid - 19 နှင့် ကောလိပ်ကျောင်း ဝင်ခွင့် ပုံစံများ

 

အထက်တန်းကျောင်းသားများနှင့်သူတို့၏မိဘများအနေဖြင့် ကောလိပ်ဝင်ခွင့်လျှောက်လွှာသည် ပို၍ ရှုပ်ထွေးနိုင်သည် သို့မဟုတ် လွယ်လွယ်ကူကူ နှင့် ပြီးသွားနိုင်ဟု ထင်မြင်နေချိန်တွင် ကမ္ဘာ့ ကပ်ရောဂါ ကိုရိုနာသည် ၎င်းထင်မြင်ချက်မှားကြောင်း သက်သေပြလျက်ရှိသည်။

COVID-19 ဖြစ်ပွားမှုသည် ပို့ဆောင်ရေးဆိုင်ရာ ပြဿနာများ အပြင် သက်ကြီးရွယ်အို စောင့်ရှောက်ရေး လုပ်ငန်းစဉ်များတွင်ပါ ထိခိုက်လျက်ရှိသည်။

ထို့ အပြင် SAT နှင့် ACT ကဲ့သို့သော ဝင်ခွင့်စာမေးပွဲများ ဖျက်သိမ်းထားရခြင်း၊ ကျောင်းပြင်ပခရီးစဉ်များနှင့် နွေရာသီအစီအစဉ်များကိုပါ မပြုလုပ်ရခြင်း စသည့် ကျောင်းသားများအတွက် နှောင့်နှေးမှုများ ဖြစ်ပေါ်စေလျက်ရှိသည်။

သို့သော် ကျောင်းဝင်ခွင့် ရုံးများအနေဖြင့် လာမည့် ၂၀၂၁ စာသင်နှစ်တွင် တက်ရောက်ကြမည့် ကျောင်းသားများထံသို့ သတင်းအချက်အလက်များမျှဝေထားပြီးဖြစ်သည်။

၎င်းတို့ အနေဖြင့် ယခုလို အကျပ်အတည်းကာလကို ဖြတ်သန်းနေရပြီး လာမည့်စာသင်နှစ်အတွက် ကျောင်းဝင်ခွင့် မှတ်ပုံတင်ခြင်းသည် ပုံမှန်လုပ်ဆောင်နေသည့်အတိုင်း ဖြစ်မည်မဟုတ်ဟုလည်းဆိုထားပါသည်။

စံနှုန်းအရ အဆင့် သတ်မှတ်ခြင်း

ယခုနှစ် ‌နွေရာသီအတွက် SAT နှင့် ACT စာမေးပွဲရက်များကို ဖျက်သိမ်းထားပြီး ဖြစ်‌သော်လည်း ACT Inc, မှ လာမည့် ဇွန် နှင့် ဇူလိုင် လတွင် လူကိုယ်တိုင် လာရောက် ဖြေနိုင်မည့် စာမေးပွဲများ ကျင်းပနိုင်ရန် မျှော် လင့် နေသေးကြောင်း သိရသည်။

သို့သော်ကောလိပ်ဘုတ်အဖွဲ့နှင့် ACT, Inc နှစ်ခုစလုံးသည် လာမည့်ဆောင်းဦးရာသီတွင် စာမေးမွဲဖြေဆိုနိုင်မည့် အခွင့်အလမ်းပေးနိုင်အောင် အစီအစဉ်များပြူလုပ်နေကြသည်။

ထိုမှ‌သာ စီနီယာများအနေဖြင့် လျှောက်လွှာမပိတ်မီ ရမှတ်များကို ပြည့်မှီအောင် ဆောင်ရွက်နိုင်မည် ဖြစ်သည်။

လျှောက်လွှာနှင့် စာစီစာကုံးများ

ပြီးခဲ့သော လများတွင် ဝင်ခွင့် ဖြေဆိုပြီးခဲ့သူများ၏ အတွေ့အကြုံ အရ ကျောင်းသားများသည် COVID-19 အကြောင်းရေးသားရန်သွေးဆောင်ခံရနိုင်ပြီး ကောလိပ်ဝင်ခွင့် စာမေးမွဲများတွင် ထိုအကြောင်းရေးသားခြင်းကို နိုင်ငံတော်မှ ပိတ်ပင်ထားရသည်။

အဘယ်ကြောင့် ဆိုသော် ထိုရောဂါသည် ကမ္ဘာ့အနှံ့တွင် ဖြစ်ပွားနေသောကြောင့် ခွဲခြားရန် ခက်ခဲပြီး တစ်စုံတစ်ရာ အမှားဖြစ်ပေါ်နိုင်သောကြောင့် ဖြစ်သည်ဟု တာဝန်ရှိသူများက ဆိုထားပါသည်။

ကျောင်းဝင်းတွင်း လည်ပတ်မှုနှင့်အင်တာဗျူးများ

ကောလိပ်များသည်တစ်ချိန်ချိန်တွင်ပြန်လည်လည်ပတ်နိုင်သော်လည်း ကျောင်းသားများနှင့် ၄င်းတို့၏မိသားစုများသည်ယခုနှစ်တွင်ကျောင်း ၀င်ခွင့်အခွင့်အလမ်းနှင့်သတင်းအချက်အလက်များကို ရယူရန် ကျောင်းတွင်းသို့ လာရောက်လည်ပတ်နိုင်မည့် အခွင့် အရေးများ နည်းသွားမည် ဖြစ်သည်။

သတင်းကောင်းမှာကောလိပ်များသည်သူတို့၏ virtual offer များကိုအဆင့်မြှင့်တင်ထားခြင်းဖြစ်သည်။ ကျောင်းသားများအနေဖြင့်ကောလိပ်များအကြောင်းပိုမိုလေ့လာရန်ကိုယ်ပိုင်အိပ်ခန်းများမှထွက်ခွာခြင်းမရှိဘဲအွန်လိုင်းကောလိပ်ပြပွဲများကိုပင်ပြုလုပ်နိုင်မည် ဖြစ်သည်။

By Myanmar Education Guide - EDGE

Ref: Today

Latest Post Read 554 times