ဘွဲ့လွန်၊ ဘွဲ့ကြိုသင်တန်းများအတွက် ပေးအပ်မည့် ပညာသင်ဆု

ဘွဲ့လွန်၊ ဘွဲ့ကြိုသင်တန်းများအတွက် ပေးအပ်မည့် ပညာသင်ဆု

၂၀၁၉ ခုနှစ်၊ ပညာသင်နှစ်အတွက် ပါကစ္စတန်နိုင်ငံ၊ အစ္စလာမ်မာဘတ်မြို့ရှိ COMSATS Instituute of Information Technology (CIIT) တွင် ဖွင့်လှစ်မည့် အောက်ဖော်ပြပါ ဘာသာရပ်များနှင့် ပတ်သက်သည့် ဘွဲ့ကြိုနှင့် ဘွဲ့လွန်သင်တန်းများသို့ လျှောက်ထားနိုင်ကြောင်း ပညာရေးဝန်ကြီးဌာနမှ အကြောင်းကြားလာပါသည် -

ပညာသင်ဆု ပေးအပ်မည့် ဘာသာရပ်များမှာ အောက်ပါအတိုင်းဖြစ်သည်။

(၁) Computer Sciences

(၂) Electrical Engineering

(၃) Earth Sciences

(၄) Meteorology

(၅) Environmental Science

(၆) Mathematics

(၇) Physics

(၈) Chemistry

(၉) Information Relations

(၁၀) Sustainable Water Sanitation

(၁၁) Management Sciences

(၁၂) Project Management

(၁၃) Biosciences

(၁၄) Development Studies

၂။ ဘွဲ့လွန်သင်တန်းများအတွက် Praticial Scholarship လျှောက်ထားနိုင်ပြီး ဘွဲ့ကြိုသင်တန်းများအတွက် မိမိစရိတ်ဖြင့် တက်ရောက်ရမည်ဖြစ်သည်။

၃။ စိတ်ပါဝင်စား၍ လျှောက်ထားလိုသူများသည် အောက်ဖော်ပြပါအတိုင်း ဆောင်ရွက်ရန်နှင့် တက္ကသိုလ်/ဒီဂရီကောလိပ်/ ကောလိပ်များအနေဖြင့် လျှောက်ထားသည့် ပုဂ္ဂိုလ်များ၏ အမည်စာရင်းနှင့် ၄င်းတို့၏ လျှောက်လွှာ အပြည့်အစုံ (၄) စုံစီကို ဤဦးစီးဌာနသို့ (၁၅.၂.၂၀၁၉) ရက်နေ့ နောက်ဆုံးထား၍ ပေးပို့ လျှောက်ထားကြရန် အကြောင်းကြားပါသည်။

(က) www.comsats.edu.pk နှင့် http://ww3.comsats.edu.pk/internationalstudents/ သို့ ၀င်ရောက်၍ အသေးစိတ်အချက်အလက်များ ကြည့်ရှုပြီး လျှောက်ထားနိုင်ပါသည်။

(ခ) (၁၅.၂.၂၁၀၉) ရက်နေ့ နောက်ဆုံးပေးပို့ရမည်။

၎။ သို့ဖြစ်ပါ၍ ၀န်ကြီးရုံးမှ ပေးပို့သော စာမိတ္တူကို သိရှိနိုင်ပါရန်နှင့် လိုအပ်သကဲ့သို့ ဆက်လက်ဆောင်ရွက်နိုင်ပါရန် ဤစာနှင့်အတူ ပူးတွဲပေးပို့ အကြောင်းကြားပါသည်။

source: KTU International Affairs

International Read 1367 times