မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ်မှာ ကွန်ပျူတာသိပ္ပံမဟာဘွဲ့သင်တန်း လျှောက်ထားနိုင်

မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ်တွင် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်အတွက် မဟာအင်ဂျင်နီယာ (ကွန်ပျူတာသိပ္ပံ) - ME (Computer Science) ဘွဲ့သင်တန်းကို ဇွန်လ (၂၅) ရက်နေ့တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။ 

 

အထက်ပါမဟာဘွဲ့သင်တန်းသည် အချိန်ပြည့်သင်တန်းဖြစ်ပြီး မဟာဘွဲ့အကြိုသင်တန်း (၁) နှစ်နှင့် သုတေသနကျမ်းပြုသင်တန်း (၁) နှစ်၊ စုစုပေါင်း (၂) နှစ်သင်တန်းဖြစ်ပါသည်။ 

 

လျှောက်ထားနိုင်သည့်သူများ
==============
- မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ် (MIIT) မှ အင်ဂျင်နီယာဘွဲ့ (ဂုဏ်ထူးတန်း) ရရှိထားသူများ၊

- မြန်မာနိုင်ငံရှိ ကွန်ပျူတာတက္ကသိုလ်များမှ ပေးအပ်သော B.C.Tech နှင့် B.C.Sc ဘွဲ့များ ရရှိထားသူများ

- မြန်မာနိုင်ငံရှိ နည်းပညာတက္ကသိုလ်များမှ ပေးအပ်သော B.E.(Information Technology)၊ B.E.(Computer Engineering) နှင့် B.E.(Information Science & Technology) ဘွဲ့များ ရရှိထားသူများ

- လျှောက်ထားသူနှင့် မိဘ (၂) ပါး၊ (၃) ဦးစလုံး မြန်မာနိုင်ငံသားဖြစ်သူ

- ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာအကြီးအကဲ၏ ခွင့်ပြုချက်ရရှိထားသူများ 

- သင်တန်းသို့ အချိန်ပြည့်တက်ရောက်နိုင်ပြီး သင်တန်းစည်းကမ်းချက်များ လိုက်နာနိုင်သူများ လျှောက်ထားနိုင်ပါသည်။ 

 

အထက်ဖော်ပြပါ သတ်မှတ်ချက်နှင့် ကိုက်ညီသူများသည် မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ်ဝက်ဘ်ဆိုက်ဒ် www.miit.edu.mm တွင် ဝင်ခွင့်လျှောက်လွှာများကို (၁၀.၆.၂၀၂၄) ရက်နေ့မှ စတင်ထုတ်ယူနိုင်ပြီး (၁၈.၆.၂၀၂၄) ရက်နေ့နောက်ဆုံးထား၍ ကျောင်းတွင် တိုက်ရိုက်လျှောက်ထားရပါမည်။  

 

လျှောက်ထားသူများသည် လျှောက်လွှာနှင့်တကွ - 

- ဘွဲ့လက်မှတ် (မူရင်းနှင့် မိတ္တူ)

- အမှတ်စာရင်း (မူရင်းနှင့် မိတ္တူ)

- ပတ်စပို့အရွယ် ရောင်စုံဓာတ်ပုံ (၃) ပုံ

- လျှောက်ထားသူနှင့် မိဘ (၂) ပါး၏ နိုင်ငံသားစိစစ်ရေးကတ်ပြား (မူရင်းနှင့် မိတ္တူ)

- အကျင့်စရိတ္တကောင်းမွန်ကြောင်း မြို့နယ်ရဲစခန်းမှ ထောက်ခံစာမူရင်းတို့ကိုပါ တစ်ပါတည်း ပူးတွဲတင်ပြရပါမည်။

 

အခြားပြင်ပ ကွန်ပျူတာတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်များမှ ဝင်ခွင့်လျှောက်ထားသူများသည် အောက်ပါအစီအစဉ်အတိုင်း ဝင်ခွင့်အရည်အချင်းစစ် ရေးဖြေစာမေးပွဲကို ဖြေဆိုကြရမည်ဖြစ်သည်။ 
 
၁။ ၂၀.၆.၂၀၂၄ (ကြာသပတေးနေ့)  - အင်္ဂလိပ်စာ  - ၉ နာရီမှ ၁၁ နာရီအထိ (Paper Based)
၂။ ၂၁.၆.၂၀၂၄ (သောကြာနေ့) - သက်ဆိုင်ရာဘာသာရပ် - ၉ နာရီမှ ၁၁ နာရီအထိ (L.M.S Computer Based & Paper Based)

 

ဝင်ခွင့်ဖြေဆိုရမည့် ခုံအမှတ်များကို မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ်၏ ကြော်ငြာသင်ပုန်းတွင် ကြေညာပေးမည်ဖြစ်ပြီး ၁၉.၆.၂၀၂၄ ရက်နေ့တွင် စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို အဆိုပါကျောင်းတွင် ထုတ်ယူနိုင်ပါသည်။ စာမေးပွဲဖြေဆိုခွင့်ကတ်ပြား မပါရှိပါက စာမေးပွဲဝင်ရောက်ဖြေဆိုခွင့် လုံး၀ ရရှိမည်မဟုတ်ပါ။ 

 

ဝင်ခွင့်စာမေးပွဲအောင်စာရင်းကို ၂၄.၆.၂၀၂၄ ရက်နေ့ (တနင်္လာနေ့) တွင် ကျောင်း၏ ကြော်ငြာသင်ပုန်းနှင့် တက္ကသိုလ်ဝက်ဘ်ဆိုက်ဒ် www.miit.edu.mm တွင် ထုတ်ပြန်ကြေညာပေးလိမ့်မည်ဖြစ်သည်။ 

 

အသေးစိတ်အချက်အလက်များကို စုံစမ်းလိုပါက တယ်လီဖုန်းနံပါတ် - ၀၉-၇၈၅၅၅၇၇၀၆ နှင့် ၀၉-၇၈၅၅၅၇၇၀၉ တို့ကို ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။ 

 

Latest Post Local News Read 719 times