ကောလိပ်ပေါင်း ၅၀ ကျော်တွင် ၀င်ခွင့်ရကာ ပညာတော်သင်ဆုကြေး ဒေါ်လာ ၁ သန်းကျော်ရသွားသည့် ကျောင်းသူ

ကောလိပ်ပေါင်း ၅၀ ကျော်တွင် ၀င်ခွင့်ရကာ ပညာတော်သင်ဆုကြေး ဒေါ်လာ ၁ သန်းကျော်ရသွားသည့် ကျောင်းသူ

အမေရိကန်ပြည်ထောင်စု ဂျော်ဂျီယာပြည်နယ်တွင်နေထိုင်သည့် ထူးချွန်ကျောင်းသူတစ်ဦးသည် ကောလိပ်ပေါင်း ၅၀ ကျော်တွင် ၀င်ခွင့်ရကာ ပညာတော်သင်ဆု ဒေါ်လာ ၁ ဒသမ ၃ သန်းလည်း ရရှိသွားသည်ဟု ဧပြီလ ၁ ရက် သတင်းတွင် ဖော်ပြထားသည်။

“ဒီလိုဆုကြီးရလိုက်တော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုရှိလာတယ်။ အမှန်အတိုင်းပြောရရင် ဒီလောက်ကြီး ဆုရလိမ့်မယ်လို့ လုံးဝ ထင်မထားဘူး“ ဟု အသက် ၁၇ နှစ်အရွယ် ဂျကီလီယာဘေကာက ဆိုသည်။

၎င်းသည် ကျောင်းစာတွင် အလွန်ထူးချွန်ရုံသာမက ဘော်လီဘော၊ ဘတ်စ်ကက်ဘော၊ ဂေါက်သီးရိုက် အားကစား၊ တင်းနစ်ရိုက်ခြင်း စသည့် အားကစားပွဲများတွင် ပါဝင်ရုံသာမက ကျောင်းသား ကောင်စီ၊ တီဝိုင်း စသည့် အဖွဲ့များတွင်လည်း ပါသေးသည်။

ကျောင်းစာ တစ်ဖက်လည်းရှိနေရာ ထိုမျှများသည့် လှုပ်ရှားမှုများကို အဘယ်သို့ အချိန်ပေးပြီးလုပ်နိုင်သနည်းဟု သတင်းထောက်က မေးသည်။ “ပါတီပွဲတက်တာတွေ၊ သူငယ်ချင်းတွေနဲ့ တွေ့တာတွေ အဲဒါတွေ မလုပ်တော့ဘူး။

ဒါကြောင့် ကျောင်းစာလည်းမပျက်၊ ကျောင်းတွင်း လှုပ်ရှားမှုတွေလည်းမပျက် လုပ်နိုင်တာပါ“ ဟု ၄င်းက မေးခွန်းကို ဖြေသည်။ နောက်ဆုံးတွင် ၄င်းသည် ကြိုးစားရကျိုးနပ်သွားပြီဖြစ်သည်။

Source: pyi Myanmar

International Read 1434 times