CityJobs Myanmar နှင့် Parami International College တို့မှ ပူးပေါင်း၍ Challenge Yourself ဟု အမည်ပေးထားသော Job fair 2023 အလုပ်အကိုင်ပြပွဲကြီးကို လာမည့် တနင်္ဂနွေနေ့၊ ဇန်နဝါရီလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဟု သိရှိရသည်။
အဆိုပါပွဲတွင် လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်းများစွာပါဝင်မည်ဖြစ်သည်။ ပွဲကို နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ Parami International College ကျောင်းတည်ရှိရာ ကမာရွတ်မြို့နယ်၊ စံရီပ်ငြိမ်ဂမုန်းပွင့် ၅ လွှာတွင် ကျင်းပသွားမည်ဖြစ်သည်။
Challenge Yourself 2023 Job Fair ကြီးတွင် CityJobs Myanmar ၏ အောက်ပါ လုပ်ငန်းများမှ လွတ်လပ်သော ရာထူးအလုပ်အကိုင်များကို ခေါ်ယူသွားမည်ဖြစ်သည်-
City Properties
City Food Concepts
City Ventures
City Holdings
CMHL
Career Field များအနေဖြင့် Business Management,Finance,Operation,Project Management,Human Resources,Sales & Marketing,IT နှင့် Graphic Design အပိုင်းများ ခေါ်ယူသွားမည်ဖြစ်သည်။
ခေါ်ယူသွားမည့် ရာထူးအသေးစိတ်အချက်အလက်များအား CityJobs Myanmar ၏ FB Page ဖြစ်သော https://www.facebook.com/CityJobsMyanmar တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။
အဆိုပါပွဲအား စိတ်ဝင်စား၍ တတ်ရောက်လိုပါက အောက်ဖော်ပြပါလင့်ခ်မှတစ်ဆင့် စာရင်းပေးသွင်းနိုင်သည်။
Registration Link > https://forms.gle/5iz4ZKodeAnRoGzR8
CityJobs Myanmar မှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ခြင်းကို ရည်ရွယ်သောအားဖြင့် အလုပ်လာလျှောက်ကြမည့်သူများအား အလုပ်လျှောက်လွှာကို Hard Copy ထက် Soft Copy ကို ပို၍ဦးစားပေး လက်ခံသွားမည်ဖြစ်ကြောင်း အသိပေးကြေငြာထားသည်။