တက္ကသိုလ်ဝင်တန်းတွင် ဂုဏ်ထူးရရှိသည့် ဘာသာရပ်ပေါ်မူတည်၍ City College Yangon မှ ဘာသာရပ်များကို ပညာသင်ဆု တက်ရောက်နိုင်

တက္ကသိုလ်ဝင်တန်းတွင် ဂုဏ်ထူးရရှိသည့် ဘာသာရပ်ပေါ်မူတည်၍ City College Yangon မှ ဘာသာရပ်များကို ပညာသင်ဆု တက်ရောက်နိုင်

ပညာသင်ဆုနဲ့ လျှောက်ထားနိုင်မယ့် ဘာသာရပ်တွေက Civil Engineering, Mechanical Engineering, Electrical & Electronic Engineering တို့ဖြစ်ပါတယ်။

ပညာသင်ဆုကို တက္ကသိုလ်ဝင်တန်းမှာ ဂုဏ်ထူးရရှိတဲ့ ဘာသာရပ်ပေါ်မူတည်ပြီး ပေးအပ်သွားမှာ ဖြစ်ပါတယ်။

၁ ဘာသာ ဂုဏ်ထူးအတွက် (၁၀%)၊ ၂ ဘာသာ ဂုဏ်ထူး (၂၀%)၊ ၃ ဘာသာ ဂုဏ်ထူး (၃၀%)၊ ၄ ဘာသာ ဂုဏ်ထူး (၄၀%)၊ ၅ ဘာသာ ဂုဏ် ထူး (၅၀%)၊ ၆ ဘာသာ ဂုဏ်ထူး (၈၀%) စပြီး အသီးသီးပေးအပ် သွားမှာ ဖြစ်သလို Early Registration Discount အနေနဲ့ ၂၀၀,၀၀၀ ကျပ် ရရှိမှာဖြစ်ပါတယ်။

READ - အင်္ဂလန်နိုင်ငံရှိ University of the West of Scotland (UWS) မှ တိုက်ရိုက်ချီးမြှင့်မယ့် MBA မဟာဘွဲ့ကို ပညာသင်ဆုဖြင့် လျှောက်ထားနိုင်

တက္ကသိုလ်ဝင်တန်းကျရှုံးခဲ့သူတွေကိုလည်း City College ရဲ့ selection process အရ ရွေးချယ်ခံရသူများကို preparation course ၁၀ လ တက်ရောက်ပြီးနောက် HND Engineering သင်တန်းများ ဆက်လက် တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

တက္ကသိုလ်တတ် ရောက်နေသူများ၊ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများနှင့် IGCSE (O-Level) အောင်မြင်ပြီး သူတိုင်းတတ်ရောက်နိုင်မှာ ဖြစ်ပါသည်။

လုပ်သက်ရင့်ကျွမ်းကျင်တဲ့ ဝါရင့်ဆရာ၊ ဆရာမများက ထိရောက်သော နည်းစနစ်များဖြင့် စာတွေ့လက်တွေ့ သင်ကြားပေးသွားမှာ ဖြစ်ပါသည်။

စတင်တက်ရောက်မယ့် ကျောင်းသူ၊ ကျောင်းသားများကို Foundation Course (၅) လ စတင်သင်ကြားပေးမှာ ဖြစ်ပြီး HND Engineering Diploma လက်မှတ်ရရှိုပြီး နိုင်ငံတကာတက္ကသိုလ်များတွင် နောက်ဆုံး နှစ်တက်ရောက်ပြီး Bachelor of Engineering (B.E) ဘွဲ့ကို ရယူနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

အသေးစိတ်သိရှိလို သူများအနေနဲ့ City College Yangon ဖုန်း ၀၉- ၄၅၀၆၃၄၄၀၂၊ ၀၉- ၄၅၀၆၃၄၄၀၃ သို့ ဆက်သွယ်စုံစမ်း နိုင်မှာဖြစ်ပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: internet journal

Local Read 3415 times