တရုတ်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံများမှ ပေးအပ်သည့် ပညာသင်ဆုများ လျှောက်ထားနိုင်

တရုတ်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံများမှ ပေးအပ်သည့် ပညာသင်ဆုများ လျှောက်ထားနိုင်

တရုတ်နိုင်ငံ၊ နိုင်ငံတော်ပညာတော်သင် ရန်ပုံငွေစီမံခန့်ခွဲရေးကောင်စီ (China Scholarship Council (CSC)) မှ ပေးအပ်တဲ့ “2017/2018 Chinese Government Scholarship” ဘွဲ့လွန်သင်တန်း၊ ပါရဂူသင်တန်းနဲ့ ရိုးရိုး သင်တန်းတွေကို သက်ဆိုင်ရာ Website ဖြစ်တဲ့ ဒီနေရာကနေ တစ်ဆင့်ဝင်ရောက် လေ့လာနိုင်ပြီး အသင်းချုပ်ရဲ့ ခွင့်ပြုချက်နဲ့ လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှ ပေးအပ်တဲ့ “Developing Countries Partnership (KNB) Scholarship Program 2018” Master Degree နဲ့ Bachelor Degree ပညာသင်ဆုတွေကို သက်ဆိုင်ရာ Website ဖြစ်တဲ့ ဒီနေရာကနေ တစ်ဆင့်ဝင်ရောက်လေ့လာနိုင်ပြီး အသင်းချုပ် ခွင့်ပြုချက်နဲ့ အတူ အင်ဒိုနီးရှားသံရုံး ထောက်ခံစာနဲ့ ပူးတွဲလျှောက်ထားနိုင်ပါတယ်။

သတ်မှတ်အရည်အချင်းတွေနဲ့ ကိုက်ညီတဲ့ ကုန်သည်စက်မှုအသင်းချုပ် ဝန်ထမ်းများ၊ ညီနောင်အသင်းများမှ ဝန်ထမ်းများ၊ ကုန်သည်စက်မှုအသင်းချုပ် အသင်းဝင်များ (သို့) အသင်းဝင် ကုမ္ပဏီများရဲ့ ဝန်ထမ်းများလျှောက်ထား နိုင်ပါတယ်။

ခွင့်ပြုချက်ရယူလိုပါက အသင်းချုပ်၊ အမှုဆောင်အရာရှိချုပ်ထံ လိပ်မူပြီး ကိုယ်တိုင်ရေးလျှောက်လွှာ ၁ စောင်၊ ဓာတ်ပုံ ၃ ပုံ၊ အသင်းဝင်ကတ် မိတ္တူ၊ မှတ်ပုံတင်မိတ္တူတို့ကို ပူးတွဲပြီး အသင်းချုပ်နှင့် ညီနောင် အသင်းများမှ အမှုဆောင်ဝန်ထမ်း၊ အသင်းချုပ်၊ အသင်းဝင်ကုမ္ပဏီများမှ အဖွဲ့ဝင် (သို့) ဝန်ထမ်းဖြစ်ကြောင်း ထောက်ခံစာတို့နဲ့အတူ ဧပြီလ ၃၀ ရက်ထက် နောက်မကျဘဲ လျှောက်ထားနိုင်ပါတယ်။

အသေးစိတ်သိရှိလိုပါ က HRD ဌာန၊ ဖုန်းနံပါတ် ၀၁-၂၃၁၄၃၄၄ ~ ၄၉၊ Ext: ၁၃၃၊၁၃၄ သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

source: internet

International Read 1268 times