တရုတ်နိုင်ငံတွင် တက်ရောက်ရမည့် Schwarzman ပညာသင်ဆု

တရုတ်နိုင်ငံတွင် တက်ရောက်ရမည့် Schwarzman ပညာသင်ဆု

တရုတ်နိုင်ငံပေကျင်း Tsinghua University တွင် တက်ရမည့် မဟာဘွဲ့ ပညာသင်ဆုအစီအစဉ်ဖြစ်ပါတယ်။

 

နိုင်ငံတကာ ကျောင်းသားများအတွက်ပေးအပ်သည့် ပညာသင်ဆုဖြစ်ပြီး မြန်မာကျောင်းသားများအတွက်လည်း အကျုံးဝင်ပါတယ်။

 

အပြန်အလှန်လေးစားလိုက်နာမှုရှိသည့် ခေါင်းဆောင်ကောင်းများ ပေါ်ထွက်လာရေး Schwarzman ပညာသင်ဆုက ရည်ရွယ်သည်ဟု ဆိုပါတယ်။

 

ပညာသင်ဆုလျှောက်ထားနိုင်မည့် အထူးပြုဘာသာရပ်များမှာ Public Policy, Economics and Business, International Studies စသည့် ဘာသာရပ်များ ဖြစ်ပါတယ်။

 

ပညာသင်ဆုတွင် ကျောင်းလခ၊ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံ ဘေဂျင်းမြို့ အထိ လမ်းစရိတ်၊ နေထိုင်စရိတ်၊ စာအုပ်စာတမ်းကြေး၊ ကျန်းမာရေးအာမခံနှင့် လစဉ်အသုံးစရိတ် ကန်ဒေါ်လာ (,၀၀၀) ပါဝင်မည်ဖြစ်ပါတယ်။

 

ပညာသင်ဆုလျှောက်ထားရန် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခုခုရရှိထားသူ ဖြစ်ရမည်ဖြစ်ပြီး အင်္ဂလိပ်ဘာသာ စကားကျွမ်းကျင်မှုအနေဖြင့် TOEFL iBT: 100TOEFL PBT:600 (သို့) IELTS ရမှတ်အနိမ့်ဆုံး () ရှိထားရမည်ဖြစ်ပါတယ်။

 

Read More: တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာများကို ဇွန် (၂၄) တွင် စတင်လက်ခံမည်

 

၎င်းပညာသင်ဆု လျှောက်ထားသူသည် ကိုယ်တိုင်ရေးအကျဉ်း၊ မိမိအကြောင်းကိုယ်တိုင်ပြောပြထားသည့် Self Video (ကြာချိန်အနည်းဆုံး တစ်မိနစ်)၊ ပထမဘွဲ့ရရှိခဲ့သည့် တက္ကသိုလ်မှ ပါမောက္ခနှစ်ဦး၏ ထောက်ခံချက်နှစ်စောင်၊ လုပ်ငန်းခွင်မှ အထက်အရာရှိတစ်ဦး၏ ထောက်ခံချက်၊ တက္ကသိုလ်တွင် ရရှိခဲ့သည့် အမှတ်စာရင်းနှင့် ဘွဲ့လက်မှတ်၊ ကိုယ်တိုင်ရေး အက်ဆေးနှစ်ပုဒ် Statement of Purpose and Leadership (750 words), Current Affairs Essay (Up to 500 words) စသည့် သတ်မှတ်ချက်များပါဝင်ပါတယ်။

 

ပညာသင်ဆုကို ၂၀၁၉ ခုနှစ် စက်တင်ဘာ (၂၆) ရက်နောက်ဆုံးထားကာ http://application.sc.tsinghua.edu.cn/f/ssm/zc/zcregister တွင်လျှောက်ထားရမည်ဖြစ်ပြီး အသေးစိတ်သိရှိလိုပါက https://www.schwarzmanscholars.org/admissions/application/ တွင်ဖတ်ရှုနိုင်ပါတယ်။

 

Source: 7 Day News Journal

 

International Read 961 times