Chevening ပညာသင်ဆု သြဂုတ် ၇ ရက်တွင် စတင်လျှောက်ထားနိုင်

Chevening ပညာသင်ဆု သြဂုတ် ၇ ရက်တွင် စတင်လျှောက်ထားနိုင်

Chevening ပညာသင်ဆုသည် မဟာဘွဲ့သင်တန်း တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများအား ပေးအပ်ခြင်းဖြစ်ပြီး လျှောက်ထားသူများသည် အသက်အရွယ် ကန့်သတ်ချက်မရှိဘဲ ဗြိတိန်ပြည်ဝင်ခွင့်၊ အသွား အပြန် လေယာဉ်လက်မှတ်၊ ကျောင်းလခ၊ လစဉ်ထောက်ပံ့ကြေးငွေနှင့် အသုံးစရိတ်များ ရရှိနိုင်သည်။

READ - ၂၀၁၇ တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်များ စတင်ထုတ်ယူနိုင်

မဟာဘွဲ့သင်တန်း ပညာသင်ဆုအတွက် လူ့အခွင့်အရေး၊ နိုင်ငံရေးသိပ္ပံနှင့် အုပ်ချုပ်ရေး၊ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းမှု၊ ဂျာနယ် လစ်ဇင်နှင့် မီဒီယာ၊ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေး နှင့် ပဋိပက္ခဖြေရှင်းရေး စသည့် ဘာသာရပ်နယ်ပယ် လျှောက်သူများကို ဦးစားပေး ရွေးချယ်နေသည်။

မိမိနိုင်ငံတွင် ခေါင်းဆောင်မှု နေရာတစ်နေရာသို့ ဦးတည်သည့် အလုပ်၌ အသက်မွေးရန် စိတ်အားထက်သန်မှု၊ ဗြိတိန် နိုင်ငံမှ သင်ယူခဲ့သော ပညာများနှင့် အတွေ့အကြုံများကို မိမိကိုယ်တိုင်၊ မိမိနိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့ အတွက် အကျိုးရှိရှိ အသုံးချနိုင်စွမ်းရှိမှု၊ မိမိတို့ အဆိုပြုထားသော သင်တန်းကို ပြီးမြောက် အောင်မြင်သည် အထိ တက်ရောက်နိုင်စွမ်းရှိမှုများပေါ် မူတည်ရွေးချယ်မည်ဟု ဆိုသည်။ 

ပညာသင်ဆု လျှောက်ထားသူများသည် အင်္ဂလိပ်ဘာသာစကားစွမ်းရည် IELTS 6.5, IBTTOEFL 79 (သို့မဟုတ်) ယင်းနှင့် ညီမျှသည့် အင်္ဂလိပ်စာကျွမ်းကျင်မှု အဆင့် အနည်းဆုံးရှိထားရမည် ဖြစ်ပြီး လျှောက်လွှာများကို www.chevening.org/burma မှ တစ်ဆင့် လျှောက်ထားနိုင်မည်ဖြစ်ကာ ရန်ကုန်မြို့ရှိ ဗြိတိသျှသံရုံးနှင့် လန်ဒန်မြို့ရှိ ရှီးဗနင်းပညာတော်သင်ဆုရုံးအဖွဲ့တို့ ပူးပေါင်းရွေးချယ်မည်ဖြစ်သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: 7 day daily

International Read 3190 times