၂၀၁၈-၂၀၁၉ ခုနှစ် ရှီးဗနင်းပညာသင်ဆု လျှောက်လွှာများခေါ်ယူ

၂၀၁၈-၂၀၁၉ ခုနှစ် ရှီးဗနင်းပညာသင်ဆု လျှောက်လွှာများခေါ်ယူ

လျှောက်ထားလိုသူအများအတွက် အင်္ဂလိပ်စာလိုအပ်ချက်မှာ IELTS 6.5, Pearson PTE Academic 58, TOEFL iBT 79, Cambridge English: Advanced (CEA) 176 များ ရှိရမည်ဖြစပြီး အဆိုပါ သတ်မှတ်ချက်မရှိသောသူများသည် English language test ကို ၂၀၁၈ ခုနှစ် ဇူလိုင်လ ၁၂ ရက်တွင် ဖြေဆိုရမည် ဖြစ်သည်။

ပညာသင်ဆု ချီးမြင့်ခံရသူများအနေဖြင့် ယူကေတက္ကသိုလ်တစ်ခုတွင် ဘွဲ့လွန်သင်တန်းတက်ရောက်ရန် ရွေးချယ်နိုင်မည်ဖြစ်ပြီး လျှောက်ထားလိုသူများသည် တက္ကသိုလ်တစ်ခုတည်းတွင် မတူညီသော ဘာသာရပ်၃ခုကိုလည်းကောင်း မိမိကြိုက်နှစ်သက်သည့် ဘာသာရပ်တစ်ခုကတည်းကို မတူညီသော တက္ကသိုလ်၃ခုတွင် လည်းကောင်း လျှောက်ထားရန် လိုအပ်မည် ဖြစ်သည်။

READ - စင်ကာပူ James Cook University Singapore တွင် စီးပွားရေးဘာသာရပ်များ တက်ရောက်လိုသူများ ပထမနှစ်တွင် Full Scholarship ပညာသင်ဆုဖြင့် လျှောက်ထားတက်ရောက်နိုင်ပြီ

ရှီးဗနင်းသည် နိုင်ငံခြားမှ ကျောင်းသားများအတွက် ဗြိတိန်နိုင်ငံ၏ ဂုဏ်သိက္ခာအကြီးမားဆုံး ပညာသင်ဆု အစီအစဉ်ဖြစ်ပြီး ဗြိတိန်နိုင်ငံတွင် ဘွဲ့လွန်ပညာများ ဆက်လက်သင်ကြားရန် မြန်မာနိုင်ငံရှိ မြန်မာလူမျိုး ကျွမ်းကျင်ပညာရှင်များအတွက် အခွင့်အလမ်းတစ်ရပ်ကို ပေးအပ်နေသော အစီအစဉ်တစ်ခုဖြစ်သည်။

ပညာရေးအတွေ့အကြုံကောင်းများကို ရယူရင်း ယူကေ၏ သမိုင်းကြောင်း၊ အဖွဲ့အစည်းများ၊ ယဉ်ကျေးမှုနှင့် ယူကေ ပြည်သူတွေကို ရင်းနှီးကျွမ်းဝင်ခွင့်ရစေမည့် အခွင့်အရေးများကို တစ်နှစ်ပတ်လုံး ရရှိနိုင်မည် ဖြစ်သည်။

ရှီးဗနင်းပညာသင်ဆု လျှောက်ထားဖို့အတွက် နာရီပေါင်း ၂၈၀၀ နဲ့ညီမျှတဲ့ လုပ်သက်အနည်းဆုံး၂ နှစ်ရှိထားရမှာ ဖြစ်ပါတယ်။

လုပ်သက်များနဲ့ ပတ်သက်ပြီး http://www.chevening.org/apply/work-experience မှာ ဝင်ရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

မိမိအရည်အချင်းနဲ့ ကိုက်ညီမှုရှိ၊ မရှိကိုတော့ http://www.chevening.org/apply/eligibility-criteria မှာ စစ်ဆေးပြီး ဝင်ရောက်လျှောက်ထားနိုင်ပါတယ်။

ထိုပညာသင်ဆုကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် နောက်ဆုံးထားလျှောက်ထား၍ http://www.chevening.org/apply တွင် လျှောက်ထားရမည် ဖြစ်သည်။

အသေးစိတ်ထပ်မံ သိရှိလိုပါက ဗြိတိသျှသံရုံး၊ ရန်ကုန်၊ အမှတ်-၈၀၊ ကမ်းနားလမ်း၊ ဖုန်း- ၀၁-၃၈၀၃၂၂၊ ၂၅၆၄၃၈ သို့ ဆက်သွယ်မေးမြန်း နိုင်မှာဖြစ်ပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: internet journal

International Read 3912 times