Chevening ပညာသင်ဆု သြဂုတ် ၆ ရက်တွင် စတင်လျှောက်ထားနိုင်

Chevening ပညာသင်ဆု သြဂုတ် ၆ ရက်တွင် စတင်လျှောက်ထားနိုင်

Chevening ပညာသင်ဆုသည် မဟာဘွဲ့သင်တန်း တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများအား ပေးအပ်ခြင်းဖြစ်ပြီး လျှောက်ထားသူများသည် အသက်အရွယ် ကန့်သတ်ချက်မရှိဘဲ ဗြိတိန်ပြည်ဝင်ခွင့်၊ အသွား အပြန် လေယာဉ်လက်မှတ်၊ ကျောင်းလခ၊ လစဉ်ထောက်ပံ့ကြေးငွေနှင့် အသုံးစရိတ်များ ရရှိနိုင်သည်။

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီး ဒန်ချက်က "ချီးဗနင်းပညာသင်ဆုအတွက် ရွေးချယ်လိုက်ပြီဆိုတာနဲ့ အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေရဖို့ တံခါးဖွင့်ပေးမယ့် ယူကေ (ဗြိတိန်) ရဲ့ ပထမတန်းစားပညာရေးကို ရရှိမှာ ဖြစ်ပါတယ်" ဟုပြောကြားသည်။

ဗြိတိန်အစိုးရ၏ နိုင်ငံတကာပညာသင်ဆု အစီအစဉ်အဖြစ် ယခုနှစ်အတွက် မြန်မာကျောင်းသား ၁၅ ဦး အပါအ၀င် ကမ္ဘာတစ်ဝန်း မှ ကျောင်းသား၊ ကျောင်းသူ ၁၅၀ ဦးကို ပညာသင်ဆု ပေးမည်ဖြစ်သည်။

ပညာသင်ဆု လျှောက်ထားသူများသည် အင်္ဂလိပ်ဘာသာစကားစွမ်းရည် IELTS 6.5, IBTTOEFL 79 (သို့မဟုတ်) ယင်းနှင့် ညီမျှသည့် အင်္ဂလိပ်စာကျွမ်းကျင်မှု အဆင့် အနည်းဆုံး ရှိထားရမည် ဖြစ်ပြီး လျှောက်လွှာများကို www.chevening.org/burma မှ တစ်ဆင့် လျှောက်ထားနိုင်မည်ဖြစ်ကာ ရန်ကုန်မြို့ရှိ ဗြိတိသျှသံရုံးနှင့် လန်ဒန်မြို့ရှိ ရှီးဗနင်းပညာတော်သင်ဆု ရုံးအဖွဲ့တို့ ပူးပေါင်းရွေးချယ်မည်ဖြစ်သည်။

ထိုပညာသင်ဆုအစီအစဉ်ကို ၁၉၈၃ ခုနှစ်တွင် စတင်ခဲ့ပြီး နိုင်ငံပေါင်း ၁၆၀ ကျော်မှ ကျောင်းသား/သူ ၅၀၀၀၀ ကျော်ကို ပညာသင်ဆု ပေးအပ်ပြီးဖြစ်ကာ ဗြိတိန်နိုင်ငံခြား ရေးနှင့် ဓနသဟာယ ရုံး၊ အခြားမိတ်ဖက်အဖွဲ့အစည်း များက ငွေးကြေးထောက်ပံ့ပေးခြင်းဖြစ်သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။


source: thevoice

International Read 2193 times