အသက်မွေးဝမ်းကြောင်းတက္ကသိုလ်မှ ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်သို့ ပြောင်းခြင်း ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ

**Zawgyi**

- မိမိသင်ကြားခွင့်ရသောအသက်မွေးဝမ်းကျောင်းတက္ကသိုလ်တစ်ခုခုမှ အကြောင်းအမျိုးမျိုးဖြင့် ဝိဇ္ဇာနှင့်သိပ္ပံဘာသာများပို့ချသည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်နေ့သင်တန်းသို့လည်းကောင်း၊ အဝေးသင် သင်တန်းသို့လည်းကောင်း ပြောင်းရွှေ့သင်ကြားလိုပါက လျှောက်ထားသူသည် မိမိဝင်ခွင့်ရရှိသည့် အသက်မွေးဝမ်းကျောင်းတက္ကသိုလ်မှတစ်ဆင့် ပြောင်းရွှေ့လိုသည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်၏ ဘာသာရပ်ဝင်ခွင့်ပြု အနိမ့်ဆုံးရမှတ်မီပါက လျှေက်ထားနိုင်ပါတယ်။
**အပြန်အလှန်အားဖြင့်**

Read More:>>> ၂၀၁၉-၂၀၂၀ ပညာသင်နှစ်ဝင်ခွင့်ရရှိသော ကျောင်းသား/သူများ ကျောင်းအပ်ရာတွင် လိုအပ်သောအရာများ အကြံပြုချက်

(www.edge.com.mm)
(PTZS)

**Unicode**

အသက်မွေးဝမ်းကြောင်းတက္ကသိုလ်သို့ ဝင်ခွင့်ရရှိပြီးမှ ဝိဇ္ဇာနှင့်သိပ္ပံ ဘာသာရပ်များပို့ချသည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် နေ့သင်တန်းများနှင့် အဝေးသင် သင်တန်းသို့ ပြောင်းရွှေ့ခွင့်လျှောက်ထားခြင်းများ
- မိမိသင်ကြားခွင့်ရသောအသက်မွေးဝမ်းကျောင်းတက္ကသိုလ်တစ်ခုခုမှ အကြောင်းအမျိုးမျိုးဖြင့် ဝိဇ္ဇာနှင့်သိပ္ပံဘာသာများပို့ချသည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်နေ့သင်တန်းသို့လည်းကောင်း၊ အဝေးသင် သင်တန်းသို့လည်းကောင်း ပြောင်းရွှေ့သင်ကြားလိုပါက လျှောက်ထားသူသည် မိမိဝင်ခွင့်ရရှိသည့် အသက်မွေးဝမ်းကျောင်းတက္ကသိုလ်မှတစ်ဆင့် ပြောင်းရွှေ့လိုသည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်၏ ဘာသာရပ်ဝင်ခွင့်ပြု အနိမ့်ဆုံးရမှတ်မီပါက လျေှက်ထားနိုင်ပါတယ်။
နေ့သင်တန်းသို့ ပြောင်းရွှေ့လျှောက်ထားသူသည် မိမိဝင်ခွင့်ရရှိသည့် အသက်မွေးဝမ်းကျောင်းတက္ကသိုလ်မှ တစ်ဆင့် အဆင့်မြင့် ပညာဦးစီးဌာနသို့ (၁၃-၁၂-၂၀၁၉) ရက်နေ့ နောက်ဆုံးထားလျှောက်ထားရမည်ဖြစ်ပါတယ်။
အဝေးသင် သင်တန်းသို့ ပြောင်းရွှေ့လျှောက်ထားသူသည် မိမိဝင်ခွင့်ရရှိသည့် အသက်မွေးဝမ်းကျောင်းတက္ကသိုလ်မှတစ်ဆင့် အဆင့်မြင့်ပညာဦးစီးဌာနသို့ (၃၁-၁-၂၀၂၀) ရက်နေ့ နောက်ဆုံးထားလျှောက်ထားရမည်ဖြစ်ပါတယ်။
**အပြန်အလှန်အားဖြင့်**
- မိမိမူလ သင်ကြားခွင့်ရပြီးသော ဝိဇ္ဇာနှင့်သိပ္ပံ အထူးပြုဘာသာများ ပို့ချသည့် တက္ကသိုလ် ၊ဒီဂရီကောလိပ်၊ ကောလိပ်၊ နေ့သင်တန်းနှင့် အဝေးသင် သင်တန်းများမှ အခြားအသက်မွေးဝမ်းကျောင်း တက္ကသိုလ်တစ်ခုခုသို့ ပြောင်းရွှေ့ သင်ကြားခွင့် လျှောက်ထားလာပါက ပြောင်းရွှေ့လိုသော တက္ကသိုလ်တွင် ဝင်ခွင့်ပြုအနိမ့်ဆုံးအမှတ်မီပါက မှလျှောက်ထားနိုင်ပါတယ်။
လျှောက်ထားသူသည် မိမိဝင်ခွင့်ရရှိသည့် ဝိဇ္ဇာသိပ္ပံတက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်မှတစ်ဆင့် အဆင့်မြင့်ပညာဦးစီးဌာနသို့ (၁၃-၁၂-၂၀၁၉) ရက်နေ့၊ နောက်ဆုံးထားလျှောက်ထားရမည်ဖြစ်ပါတယ်။
အဝေးသင် သင်တန်းမှ ပြောင်းရွှေ့သင်ကြားခွင့်ကို (၂၀-၁၂-၂၀၁၉) ရက်နေ့ နောက်ဆုံးထားလျှောက်ထားရမည်ဖြစ်ပါတယ်။

Read More:>>> ၂၀၁၉-၂၀၂၀ ပညာသင်နှစ်ဝင်ခွင့်ရရှိသော ကျောင်းသား/သူများ ကျောင်းအပ်ရာတွင် လိုအပ်သောအရာများ အကြံပြုချက်

(တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်)
(www.edge.com.mm)
(PTZS)

 

Latest Post News Read 2688 times