ဒါဆိုရင်တော့ အထက်ပါမေးခွန်းများအားလုံးအတွက် အဖြေတစ်ခုဖြစ်သည့် CATs Step အက်ပလီကေးရှင်း နှင့် မိတ်ဆက်ပေးပါရစေ။
CATs Step apps ဆိုသည်မှာ နိုင်ငံတကာပညာရေးလောကတွင် ထိပ်ဆုံးထဲက တစ်ခုဖြစ်သည့် Cambridge ပညာရေးကို Cambridge Myanmar Limited မှ မြန်မာနိုင်ငံအတွက် ကိုယ်စားလှယ်ယူထားသည့် အွန်လိုင်းသင်ကြားရေးအက်ပလီကေးရှင်း တစ်ခုဖြစ်ပါသည်။
ထို အက်ပလီကေးရှင်းကို Cambridge Education နှင့် Development Trust မှ ပူးပေါင်းရေးဆွဲထားခြင်း ဖြစ်ပါသည်။
သင်ခန်းစာများကို နိုင်ငံတကာ အသိအမှတ်ပြု ပညာရေး စံညွှန်းတစ်ခုဖြစ်သည့် CEFR ( Common European Framework of Reference ) နှင့်အညီရေးဆွဲထားပြီး IELTS သို့မဟုတ် TOFEL စာမေးပွဲများ၏ အမှတ်ပေးဇယားများနှင့်လည်း ကိုက်ညီအောင်ရေးဆွဲထားပါသည်။
Level တစ်ခုကို နာရီလေးဆယ် ကြာအောင် သင်ကြားရမှာ ဖြစ်ပြီး မိမိအဆင်ပြေသည့် အချိန်တွင် နေရာမရွေး ဝင်ရောက်လေ့လာနိုင်မည်ဖြစ်ပါသည်။
CATs Step တွင် Primary, Core နှင့် Higher ဆိုပြီး အပိုင်းသုံးပိုင်းခွဲထားပါသည်။
CATs Step Primary မှာ အသက် ၅ နှစ် မှ ၁၁ နှစ်အတွင်းရှိ ကလေးများအတွက် ဖြစ်သောကြောင့် စခရင်သေးသည့် စက်ပစ္စည်းများနှင့် အသုံးပြုရင် အဆင်မပြေပေ။ Level အနေဖြင့်လေးခုရှိပါသည်။ Primary အဆင့်တွင်တော့ နာရီ ၂၀ နှင့် ၃၀ ကြား သင်ကြားရမှာဖြစ်ပြီး ကလေးငယ်များ အတွက် ပျော်ရွှင်ဖွယ်ကောင်းပြီး စိတ်ဝင်စားဖွယ်ရာ လှုပ်ရှားမှုများစွာ ပါဝင်ပါသည်။
CATs Step Core တွင် Level ကိုးခု ရှိပြီး အင်္ဂလိပ်စာကို အခြေခံမှ တစ်ဆင့် စတင်လေ့လာမည့်သူများအတွက် ဖြစ်ပါသည်။ Tablet, iPad, Computer နှင့် Mobile Phone များဖြင့် ဝင်ရောက်သင်ကြားနိုင်မှာ ဖြစ်ပြီး ကျောင်းသူကျောင်းသားများအတွက် အသုံးပြုရလွယ်ကူသည့် လုပ်ငန်းဆောင်ရွက်ချက်များပါဝင်ပါသည်။
CATs Step Higher တွင်တော့ Level သုံးခုရှိပြီး ၎င်းကို အခြေခံပိုင်နိုင်ပြီးသား ကျောင်းသူများ၊ကျောင်းသားများနှင့် လုပ်ငန်းခွင် ဝင်နေသူများ အတွက် အထူးသင့်လျော်ပြီး Level အားဖြင့် သုံးခုပါဝင်ပါသည်။ Essay များ ဖြေဆိုရန် ပါရှိသောကြောင့် စခရင်သေးသော ကိရိယာ များဖြင့် အဆင်မပြေပါ။
ထို့အပြင် မိမိ Level ကို မသိသေးသူများအတွက် Free Placement Test ဖြေဆိုနိုင်ပြီး AI မှ နာရီဝက်အတွင်း အလိုလျောက်အမှတ်ပေး ဆုံးဖြတ်သွားမည် ဖြစ်ပါသည်။
CATs Step ကို ဝယ်ယူမည်ဆိုပါက ကိုယ်ပိုင် Email Account တစ်ခုရှိရမည် ဖြစ်ပါသည်။ Level တစ်ခုလျှင် မြန်မာငွေ သုံးသောင်းကျပ်သာကျသင့် မည်ဖြစ်ပါသည်။ ငွေပေးချေရန် အတွက် KBZ Bank, CB Bank, AYA Bank နှင့် MAB Bank များမှ တစ်ဆင့် ငွေပေးချေနိုင်ပြီး KBZ Pay နှင့် Wave Pay များဖြင့်လည်း ငွေသွင်းနိုင်ပါသည်။
ငွေသွင်းပြီးပါက Registration ပြုလုပ်ရန်အတွက် Code တစ်ခုရမှာဖြစ်ပြီး ထို Code ဖြင့် CATs Step Website တွင်သွားရောက် registration ပြုလုပ်ကာ အက်ပလီကေးရှင်းကို ဒေါင်းလုဒ်ရယူပြီးပါက CATS, Step ကိုစတင် အသုံးပြုနိုင်ပြီ ဖြစ်ပါသည်။
Register ပြုလုပ်ရန် >>> Click Here <<<
Register ပြုလုပ်ပြီးပါက မိမိလက်ရှိအင်္ဂလိပ်စာ အရည်အချင်းကို သိရှိနိုင်မည့် Placement Test ကို ဖြေဆိုရမည် ဖြစ်ပါသည်။
ထို့နောက် အက်ပလီကေးရှင်းကို ဒေါင်းလုဒ်ပြုလုပ်ပြီး ရောက်ရှိနေသည့် Level မှ စတင်လေ့လာသင်ယူနိုင်ပြီ ဖြစ်ပါသည်
Level တစ်ခုတွင် ပါရှိသည့် သင်ခန်းစာအားလုံးကို လေ့ကျင့်ပြီးပါက နောက်တစ်ဆင့် တက်ရန် နှင့် အသိအမှတ်ပြု လက်မှတ်ရယူနိုင်ရန် အတွက် Level တစ်ခုပြီးမြောက်ကြောင်း စာမေးပွဲ ကိုဖြေဆိုရန် လိုအပ်ပါသည်။
စာမေးပွဲ ဖြေဆိုအောင်မြင်ပြီးပါက နောက် Level တစ်ဆင့် တက်ရန် အတွက် နောက်ထပ် Code တစ်ခုဝယ်ရမှာ ဖြစ်ပါသည်။
Code ရပြီးပါက ပြီးခဲ့သည့် လုပ်ငန်းစဥ် အတိုင်း register လုပ်ကာ အတန်းတက်နိုင်ပြီ ဖြစ်ပါသည်။ Placement Test ကိုတော့ ထပ်မံ ဖြေဆိုရန် မလိုပေ။
နည်းပညာ အခက်အခဲများ ၊ အက်ပလီကေးရှင်းများ ထည့်သွင်းရာ၌ အခက်အခဲများရှိခြင်း၊ Test ဖြေရာတွင် အခက်အခဲ တစ်စုံတစ်ရာကြုံရခြင်း တို့ရှိလာပါကလည်း အမြန်ဆုံး ကူညီဖြေရှင်းပေးရန် Technical Support Team လည်း ရှိလို့နေပါသည်။
ထို့အပြင် တစ်လ တစ်ခါ ဆရာမနှင့် သင်ထောက်ကူအပြည့် ပညာရပ်ပိုင်းဆိုင်ရာ မေးခွန်းများကို အွန်လိုင်းမှတဆင့် ဆွေးနွေးနိုင်ပါသည်။
အသေးစိတ်သိရှိလိုပါက -
Facebook Messenger Box >>> Click Here <<
Telephone >>>> 09- 940059977
Email >>> [email protected]
Website >>> Click Here <<<
သို့ဖြစ်ပါ၍ ယခုလို Pandemic ကာလ အချိန်တွင် မိမိအချိန်တွေကို တန်ဖိုးရှိရှိ အသုံးချနိင်အောင်၊ မိဘများ မိမိသားသားမီးမီးများကို အဆင့်မြင့် ပညာရေး နှင့် အဆက်အသွယ်မပြတ်စေအောင်၊ ကျောင်းသူကျောင်းသားများ ၊ရုံးဝန်ထမ်းများ နဂိုရှိပြီးသား စွမ်းရည်ထက် ပိုမို တိုးတက်စေအောင် New Resolution me with CATs Step နှင့် ၂၀၂၁ ကို အတူတူဖြတ်သန်းကြ လျှင် အကောင်းဆုံး နှစ်တစ်နှစ် ဖြစ်လာမည်ဟု မျှော်လင့်မိပါသည်။
By Myanmar Education (EDGE)