ဆယ်တန်းအောင်ပြီး ဘဝအခြေအနေ မပြည့်စုံသူများ ကနေဒါစင်တာပညာသင်ဆု လျှောက်ထားနိုင်ပါပြီ

ဆယ်တန်းအောင်ပြီး ဘဝအခြေအနေ မပြည့်စုံသူများ ကနေဒါစင်တာပညာသင်ဆု လျှောက်ထားနိုင်ပါပြီ


ယခုနှစ်တွင်လည်း (၂၀၁၇-၂၀၁၈ )ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်ပြီး ဘဝအခြေအနေ မပြည့်စုံသည့် ကျောင်းသား၊ ကျောင်းသူများအား ရွေးချယ်၍ ကျောင်းတက်နေစဉ်ကာလလတွင် ပညာသင်ဆုကို ကျောင်းပြီးသည်အထိ ပေးအပ်သွားမည် ဖြစ်ပါသည်။

ဖော်ပြပါအချက်အလက်များဖြင့် ကနေဒါစင်တာ ဖောင်ဒေးရှင်းသို့ June -12 မှစ၍ လျှောက်ထားနိုင်ပါသည်။

ကနေဒါစင်တာဖောင်ဒေးရှင်းမှ ပညာရေး ထောက်ပံ့ရန် သတ်မှတ်ထားသော ဘာသာရပ်များ

(၁) ဆေးတက္ကသိုလ်

(၂) အဆင့်မြင့်နည်းပညာ (COE)

(၃) ပညာရေး

(၄) သူနာပြု

(၅) စီးပွားရေး

(၆) ဥပဒေအထူးပြု (COE)

(၇) ဘူမိဘေဒအထူးပြု (CEO)

လိုအပ်သည့် စာရွက်စာတမ်းများ

၁။ ကိုယ်ရေးအကျဉ်း

(ရမှတ် ၊ ဂုဏ်ထူးရဘာသာ ဆက်လက်ပညာသင်ကြားမည့် တက္ကသိုလ် ထင်ရှားစေလျှက်)

ဆက်သွယ်ရန် ဖုန်း၊ မိဘအလုပ်အကိုင် မွေးချင်းများပါ ထည့်ရေးပါ။ မိသားစုဓာတ်ပုံ အိမ်ရှေ့တွင်ရိုက်ရမည်၊

ကျောင်းသား ကိုယ်လုံးပေါ် တစ်ပုံ။ (ဖုန်းကင်မရာဖြင့် ရိုက်နိုင်သည်)

၂။ ကျောင်းသားကိုယ်တိုင်၏ ပညာသင်ဆုလျှောက်ထားလွှာ (လက်ရေးမူဖြင့်ရေးရန်)

၃။ မိဘ (သို့မဟုတ်) သက်ဆိုင်ရာ အုပ်ထိန်းသူ၏ ထောက်ခံချက်

၎။ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အမှတ်စာရင်းမိတ္တူ ( ၂၀၁၇- ၂၀၁၈)

၅။ နိုင်ငံသားစိစစ်ရေးကဒ် မိတ္တူ

၆။ အိမ်ထောင်စု သန်းခေါင်စာရင်း မိတ္တူ

၇။ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှုး ထောက်ခံချက်

- လျှောက်ထားသူသည် အထက်ပါ အချက်အလက်များ ပြည့်စုံစေလျှက် (၂၅-၈-၂၀၁၈ )ရက်နေ့ထက် နောက်မကျစေဘဲ ပေးပို့လျှောက်ထားရမည်။

- သတ်မှတ်ရက်ထက် နောက်ကျမှ ရောက်လာသည့် လျှောက်လွှာများနှင့် အခြားအဖွဲ့အစည်း တစ်ခုခုမှ ပညာသင်ဆု လက်ခံထားပြီးသူများအား ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။

အရွေးခံ ကျောင်းသားများသည် နှစ်စဉ် ကနေဒါစင်တာဖောင်ဒေးရှင်း ဆုပေးပွဲသို့ ကိုယ်တိုင် ကိုယ်ကျ တက်ရောက် လာယူရမည်ဖြစ်သည်။

အရွေးခံကျောင်းသားများအား ဖုန်းဆက်၍ဖြစ်စေ အွန်လိုင်းမှ ပြန်လည်အကြောင်း၍ ဖြစ်စေ အဖွဲ့ဝင်းများက လာရောက်တွေ့ဆုံ၍ဖြစ်စေ အရွေးခံကြောင်း ပြောကြားပေးပါမည်။

လိုအပ်လျှင် ပြည်တွင်း အလုပ်အမှုဆောင်များ ကိုယ်တိုင်လာရောက် စစ်ဆေးမည်ဖြစ်ပါသည်။

လျှောက်လွှာများကို အွန်းလိုင်းက ပို့၍ဖြစ်စေ ၊ ပြည်တွင်း အလုပ်မှုဆောင်များနှင့် ဆက်သွယ်၍ ဖြစ်စေလျှောက်ထားနိုင်သည်။

အရွေးမခံရသော ကျောင်းသားများ ပြန်လည်အကြောင်းမကြားပါ။

အလုပ်အမှုဆောင်းများထံသို့ အွန်လိုင်းမှ တိုက်ရိုက်ပို့နိုင်ပါသည်။

ကနေဒါစင်တာဖောင်ဒေးရှင်း

သနပ်ပင်ရွာ၊ ကျောက်ပန်းတောင်း မန္တလေး

U Thein Win 09402738522

U Aung Kyi Soe 09425007064

U Tin Nwe 09 445774432

ဒေါ်ဝင်းဝင်းချို ( ရန်ကုန်)

09 798 469724/ 09 5030 245

တိုက် ၈ အခန်း ၅ ဦးဝိစာရအိမ်ယာ

ဒဂုံမြို့နယ် ရန်ကုန် မင်းမနိုင်အိမ်ယာ

Email လျှောက်ထားလိုသူများအတွက် [email protected] သို့ ပေးပို့နိုင်ပါသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။


source: Canada Centre Foundation In Myanmar

Local Read 3307 times