တက္ကသိုလ်ဝင်တန်းအောင်မြင်ထားပြီး မပြည့်စုံသူများ ကနေဒါစင်တာပညာသင်ဆုများ လျှောက်ထားနိုင်

တက္ကသိုလ်ဝင်တန်းအောင်မြင်ထားပြီး မပြည့်စုံသူများ ကနေဒါစင်တာပညာသင်ဆုများ လျှောက်ထားနိုင်

ကနေဒါစင်တာဖောင်ဒေးရှင်းအကြောင်း သိစရာ (၁၂) ချက်

1. ကနေဒါရောက် ဆရာတော်များ၊ တပည့်ဒကာ/ဒကာမများ ပြည်တွင်း /ပြည်ပရှိ တပည့် ဒကာ/ဒကာမများ ဖွဲ့စည်းထားသော မြန်မာနိုင်ငံ တရားဝင် မှတ်ပုံတင် လူမူရေး အဖွဲ့ အစည်းဖြစ်သည်။

2. ၂၀၁၅ -ခုနှစ် က စတင်တည်ထောင်ပြီး ရုံးစိုက်ရာ ဗဟိုဌာနမှာ သနပ္ပင်ရွာ ၊ ကျောက်ပန်တောင်းမြို့နယ်၊ မန္တလေးတိုင်း တွင်တည်ရှိသည်။ (ဦးဆောင်ဆရာတော် ဦးဃောသက၏ ဘိုးဘွား ပိုင်မြေကို လှူဒါန်းထားခြင်းဖြစ်သည်။)

3. သုံးနှစ်အတွင်း ကျောင်းပြီးသည်အထိ တာဝန်ယူထားသော ကျောင်းသားပေါင်း(၃၁) ယောက် ရှိသည်။

ဆေးကျောင်းသား ၁၀ ယောက်၊

အဆင့်မြင့် နည်းပညာ ၄-ယောက် ၊

ပညာရေးနှင့် အခြားအထူးပြုဘာသာရပ်များ ၁၀ ယောက် ၊

သူနာပြု ၄ ယောက် ၊

စီးပွားရေး ၃ ယောက် ၊

စုစုပေါင်း ၃၁ ယောက်ရှိပြီဖြစ်သည်။

4. ကျောင်းသားများသည် အလှူရှင် 1 ဦးစီ တာဝန်ယူထားပါသည်။

ထောက်ပံ့စရိတ်မှာ ၁ နှစ်မှာ

ဆေးတက္ကသိုလ် - ၁၆ သိန်း

အဆင့်မြင့်နည်းပညာ ၁၂ သိန်း

အခြားအထူးပြုဘာသာရပ်များ- ၁၀ သိန်းကျပ်ဖြစ်သည်။

5. ကနေဒါစင်တာဖောင်ဒေးရှင်းမှ ပညာရေး ထောက်ပံ့ရန် သတ်မှတ်ထားသော ဘာသာရပ်များမှာ

(၁) ဆေးတက္ကသိုလ်

(၂) အဆင့်မြင့်နည်းပညာ (COE)

(၃) ပညာရေး

(၄) သူနာပြု

(၅) စီးပွားရေး

(၆) ဥပဒေအထူးပြု (COE)

(၇) ဘူမိဘေဒအထူးပြု (CEO)

6. ကျေးလက်ပညာရေး

ပညာရေးကူညီမှုကို စိတ်ဝင်စားသူများ အဖွဲ့ ဝင်နိုင်ပြီး အဖွဲ့ဝင်မိသားစုမှ ထူးချွန် ကျောင်းသားများကိုလည်း နှစ်တိုင်း တစ်သိန်းစီ ဆုချီးမြှင့်ရာ အဖွဲ့ ဝင် မိသားစုမှကျောင်းသား (၈၀) ခန့် ထူးချွန်ဆုချီးမြှင့်ပြီးဖြစ်သည်။

7. အဖွဲ့ဝင်ကြေးအဖြစ် ၂၀၀၀ ကျပ် သတ်မှတ်ထားပြီး လစဉ် ၅၀၀ ကျပ် လှူဒါန်းကာ တနှစ် အတွက် ၆၀၀၀ ကျပ် လှူဒါန်းရုံဖြင့် ကနေဒါစင်တာဖောင်ဒေးရှင်း ကုသိုလ်ရေး လုပ်ငန်းများ အတူပါဝင် ဆောင်ရွက်နိုင်မည်။

အဖွဲ့ဝင်များ မဟုတ်သော်လည်း ပညာတော်၍ထူးချွန်းသော ကျောင်းသားများကိုအဖွဲ့အစည်းသတ်မှတ်ထားသည့် အတိုင်း သီးခြား ကုသိုလ်ရှင် ပညာရေး မွေးစားမိဘများ အဖြစ် ကူညီထောက်ပံ့နိုင်သည်။

8. ပညာသင်ဆုကို နှစ်စဉ် နှစ်တိုင်း တက္ကသိုလ်တန်းဝင် စာမေးပွဲ အောင် စာရင်း ထွက်ပြီးပါက Facebook page တွင် ပညာသင်ဆု ထောက်ပံ့ ကြေး အမှန်တကယ် လိုအပ်သော ကျောင်းသား များကို ခေါ်ယူ လေ့ရှိပြီး အခါအားလျှော်စွာ အလုပ်အမှုဆောင်များ လာရောက် စစ်ဆေးမည်။

9. လိုအပ်သော အချက်အလက်များ တက္ကသိုလ်ဝင်တန်း အောင်လက်မှတ်၊ ကျောင်းသားဓာတ်ပုံ၊ မိသားစု ဓာတ်ပုံ (အိမ်ရှေ့)၊ ကျောင်းသား၏ ပညာသင်ဆု လျှောက်ထားလွှာ (လက်ရေးမှု)၊ မှတ်ပုံတင် ၊ ထောက်ပံ့ကြေး လိုအပ်အကြောင်း ရပ်ကွက်ထောက်ခံစာ စသည်တို့ဖြစ်သည်။

အွန်လိုင်းမှ ပို့နိုင်သည်။

10. ရွေး/ မရွေးကို ဖုန်းဖြင့်သော်လည်ကောင်း၊ လူကိုယ်တိုင်သော်လည်းကောင်း အကြောင်းကြားမည်။

11. အရွေးခံကျောင်းသားသည် ဆုနှင်းသဘင် ကျင်းပရာ ကနေဒါစင်တာ ရှိရာသို့ ကျောင်းဝင်ခွင့် အထောက်များနှင့် အတူ နှစ်စဉ် ဆုလာယူရမည်။

12. တစ်နှစ် တစ်တန်း အောင်မြင်အောင် ကြိုးစားရမည်ဖြစ်ပြီး စာမေးပွဲ ကျရူံးပါက ဆက်လက်ထောက်ပံ့မည် မဟုတ်ပါ။

ဦးဆောင်ဆရာတော် ကနေဒါစင်တာဖောင်ဒေးရှင်း

ဖုန်း ၀၉၅၀၃၀၂၄၅ ( ရန်ကုန်) ၀၉၇၉၈၄၆၉၇၂၄ ( ကနေဒါ)

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးအခြေအနေများအခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။

Local Read 2576 times