လက်ရှိ အင်ဒိုနီးရှားနိုင်ငံသည် စတုတ္ထမြောက်စက်မှုတော်လှန်ရေး၏ စိန်ခေါ်မှု များနှင့် ရင်ဆိုင်ရလျက်ရှိသည်။ တော်လှန်ရေးသည် အလုံးအရင်းနှင့် ပြောင်းလဲနေပြီး နိုင်ငံ၏ လုပ်သားလိုအပ်ချက်နှင့် ပတ်သက်၍ တောင်းဆိုမှုများသည် အမှန်တကယ် စိုးရိမ်မှုများကို ဖြစ်ပေါ်နေစေပါသည်။
အာဆီယံ၏ အကြီးမားဆုံး စီးပွားရေးသည် လုပ်သားများ အချင်းချင်းယှဉ်ပြိုင်နိုင်စွမ်းရှိသော ကျွမ်းကျင်မှု နှင့် ဗဟုသုတများတိုးပွားရန်အတွက် အချိန်ကုန်လျက်ရှိသည်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း(ILO)၏ အဆိုအရ ၂၀၂၀ ပထမသုံးလပတ်တွင် အင်ဒိုနီးရှားနိုင်ငံရှိ လူငယ်များ၏ ၁၆.၃ ရာခိုင်နှုန်းသည် အလုပ်လက်မဲ့ဖြစ်နေကြပြီး ထိုပမာဏသည် အရှေ့တောင်အာရှတွင် အမြင့်ဆုံး ဖြစ်နေသည်။ ထို့နောက် မလေးရှားမှ ၁၁ ရာခိုင်နှုန်း နှင့် ဗီယက်နမ်မှ ၇.၄ ရာခိုင်နှုန်း အသီးသီးရပ်တည်လျက်ရှိသည်။
နိုင်ငံတွင်း အလုပ်အကိုင်အခွင့်အလမ်းနည်းပါးနေမှုကြောင့် များစွသောာ အင်ဒိုနီးရှားနိုင်ငံသားများသည် နိုင်ငံရပ်ခြားတွင် သွားရောက်လုပ်ကိုင်နိုင်ရန် အခွင့်အလမ်းများရှာဖွေနေကြပါသည်။
အလုပ်အမှုဆောင်ရှာဖွေရေးနှင့်စုဆောင်းရေး ၀န်ဆောင်မှုကုမ္ပဏီ ဖြစ်သည့် Talent ၏ ၂၀၁၉ အစီရင်ခံစာအရ အင်ဒိုနီးရှားလူမျိုး အများစု(၃၈ရာခိုင်နှုန်း) ခန့်သည် စင်ကာပူနိုင်ငံသို့ ပြောင်းရွေ့ရန် အတွက် ရွေးချယ်ထားကြပြီး အခွင့်အရေးသာရခဲ့လျှင် အခြား မည်သည့်နိုင်ငံကို မဆိုရွေးချယ်ကြမည် ဖြစ်သည်။
စင်ကာပူမဟုတ်ခဲ့လျှင် ဒေသခံများသည် ဥရောပကို (၁၃) ရာခိုင်နှုန်း၊ မလေးရှားကိုခုနစ်ရာခိုင်နှုန်းပြောင်းဖို့စဉ်းစားမည် ဖြစ်သည်။ အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများ (မလေးရှား၊ ထိုင်း၊ ဗီယက်နမ်နှင့်ဖိလစ်ပိုင်နိုင်ငံများ) က စင်ကာပူကိုအဓိက ဦးတည်ရာအဖြစ် ရွေးချယ်ခဲ့သော်လည်း အင်ဒိုနီးရှား သည် ရှေ့ဆုံးမှ အများဆုံးဖြင့် ရပ်တည်လျက်ရှိသည်။
စင်ကာပူနိုင်ငံသား ၂၁ ရာခိုင်နှုန်းက နိုင်ငံခြားကို အလုပ်အကိုင်ရှာဖွေတဲ့အခါမှာ တရုတ်ဟာသူတို့ရဲ့ ဦးတည်ရာဖြစ်ကြောင်း ပြောခဲ့သည်။
စစ်တမ်းကောက်ယူခဲ့သော အင်ဒိုနီးရှားနိုင်ငံသားအများစု (၇၆.၅ ရာခိုင်နှုန်း) သည် အလုပ်အကိုင်အခွင့်အလမ်းများကို အကဲဖြတ်ရာတွင် ၎င်းတို့သည် အကြောင်းပြချက်အနေဖြင့် တရားမျှတပြီး စျေးကွက်ယှဉ်ပြိုင်မှုဆိုင်ရာ ထိုက်တန်စွာ ချီးမြှင့်မှုကို ရွေးချယ်ခဲ့ကြသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
သို့သော် အင်ဒိုနီးရှားနိုင်ငံသားများအနေဖြင့်စင်ကာပူသို့ပြောင်းရွှေ့ရန်နှင့်အလုပ်အကိုင်ရှာဖွေရန်မှာမလွယ်ကူပါ။
"စင်ကာပူနိုင်ငံ၏ အလိုရှိမှု နှင့် အင်ဒိုနီးရှားနိုင်ငံ၏ လိုအပ်မှု "
စင်ကာပူ အလုပ်ရှင်များက လာမည့် အနာဂတ်တွင် အရည်အချင်းရှိသည့် လုပ်သားများ ပြတ်တောက်သွားမည်ကို နံပါတ်တစ်အနေဖြင့် စိုးရိမ်လျက်ရှိပြီး ဒါဟာ အင်ဒိုနီးရှား နိုင်ငံသား အများစုအတွက် တော့ကောင်းသည့် အချက်ပြချက် တစ်ခု မဟုတ်ခဲ့ပါ။
“အရည်အချင်းကို အဓိကထားပြီး ငှားရမ်းသည့် အတွက် ဒေသခံအလုပ်ရှင်အားလုံးက စက်မှုလုပ်ငန်းဆိုင်ရာကျွမ်းကျင်မှုတွေကိုအခြားအရာအားလုံးထက်ပိုပြီးတန်ဖိုးထားကြပါတယ်။ သို့သော် အခြားသော စွမ်းရည်များ ဖြစ်သည့် တာတန်ခံမှု နှင့် လိုက်လျေညီထွေဖြစ်အောင် ဆောင်ရွက် နိင်မှု များအတွက်လည်း အညီအမျှ စိုးရိမ်နေကြတယ်။ နည်းပညာကဏ္ဍနှင့် ပတ်သက်၍ အရည်အချင်းသည် အဓိကကျသော်လည်း အချို့သော ကဏ္ဍများတွင်တော့ လုပ်ငန်းခွင်တွင် ကျွမ်းကျင်မှုများကို သင်ယူနိုင်သည်” ဟု ထိုအစီရင်ခံစာတွင် မှတ်ချက်ပြုထားသည်။
ကျန်းမာရေးစောင့်ရှောက်မှုများနှင့် သိပ္ပံနည်းကျ ဘဝနေထိုင်နည်းများအပြင် စင်ကာပူနိုင်ငံ၏ ဒုတိယမြောက် ဝယ်လိုအား အမြင့်ဆုံးနယ်ပယ်တစ်ခုမှာ မမျှော်လင့်ထားသည့် နည်းပညာနှင့် အင်တာနက်ဆက်သွယ်ရေးနယ်ပယ်မှ ဖြစ်ပါသည်။ သို့သော် အင်ဒိုနီးရှား လူမျိုးများအတွက် ပြဿနာတစ်ရပ်မှာ ကျွမ်းကျင် ပညာရှင်များ မရှိခြင်း ဖြစ်သည်။
လေ့လာသူများက မှတ်ချက်ပြုကြသည်မှာ အင်ဒိုနီးရှားနိုင်ငံတွင် ကောင်းမွန်စွာ လေ့ကျင်သင်ကြားထားသည့် အရည်အချင်းရှိသည့် လုပ်သားများမရှိခြင်းဟု ဖြစ်သည်။ ပြီးခဲ့သည့်နှစ်က အင်ဒိုနီးရှားသုတေသနနှင့်အဆင့်မြင့်ပညာရေး၀န်ကြီး Mohamad Nasir သည် အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အထူးသဖြင့်ပြည်နယ်တက္ကသိုလ်များကိုစက်မှုလုပ်ငန်းလိုအပ်ချက်များနှင့်အညီအရည်အချင်းပြည့်မီသောဘွဲ့ကြိုများနှင့်ဒီပလိုမာဘွဲ့ရများ မွေးထုတ်နိုင်ရန် တိုက်တွန်းပြောကြားခဲ့ပါသည်။
“ဒါဟာ လူ့စွမ်းအား အရင်းအမြစ်အရည်အသွေးတိုးတက်ဖို့ အားထုတ်မှုတစ်ခုဖြစ်တယ်။ ထို့ကြောင့် တက္ကသိုလ်များက လုပ်ငန်းလိုအပ်ချက်များကို ပြည့်မှီစေရန် ဘွဲ့ရများကိုမွေးထုတ်နိုင်ရန်အတွက် ဆက်လက်ပြီးအားစိုက်မထုတ်လာနိုင်တော့ဘူး” ဟု ၎င်းမှ ဆိုထားပါသည်။
ဒီအခြေအနေသည် အဆင့်မြင့်ပညာရေးအဆင့်တွင် ဖြစ်ပွားနေခြင်းဖြစ်သော်လည်း ပြဿနာ၏ အဓိက အရင်းအမြစ်သည် ပိုမိုစောသည့် အဆင့်မှလည်း ဖြစ်နိုင်ပါသည်။
အပြည်ပြည်ဆိုင်ရာကျောင်းသားအကဲဖြတ်ခြင်းဆိုင်ရာ PISA ၏ အဆင့်သတ်မှတ်ချက်များအရ များစွာသောအစီရင်ခံစာများတွင် အင်ဒိုနီးရှားနိုင်ငံမှ ကျောင်းများတွင် ပြဿနာ တစ်စုံတစ်ရာ ရှိနေသည်ကို ဖော်ပြထားခဲ့ကြပါသည်။
အင်ဒိုနီးရှား၏ ပညာရေးစနစ်နှင့် ပတ်သက်၍ အဓိက ပြဿနာများသည် နိုင်ငံ၏ “နိုင်ငံရေးနှင့် အာဏာ” မတည်ငြိမ်မှုများမှ ပေါ်ပါက်လာသည်ဟု ဆစ်ဒနီအခြေစိုက် Lowy Institute မှ ဆိုထားပါသည်။
အစီရင်ခံစာတွင် အတည်ပြုထားသည်မှာ နိုင်ငံရှိ အထက်တန်းလွှာဟောင်းသည် နိုင်ငံ၏ ပညာရေးစနစ်တွင် အကျိုးအမြတ်များရယူထားပြီး ထိုမှ တဆင့် အရင်းအမြစ်များ ရယူကာ အကြီးအကဲများကို နိုင်ငံရေးနှင့် ပတ်သက်ပြီးစည်းရုံးမှုများလုပ်ကာ နိုင်ငံရေးတွင် ထိန်းချုပ်မှုများ ဝင်ရောက်လုပ်ကိုင်မည် ဟု အစရှိသဖြင့် အငြင်းပွားလျက်ရှိပါသည်။
Lowy Institute၏ အဆိုအရ အဆိုပါပြဿနာများသည် အဂတိလိုက်စားမှုများ၊ သင်ကြားမှုဆိုင်ရာ အရည်အသွေးများ ညံ့ဖျင်းခြင်း နှင့် ဝန်ထမ်းများ၏ ပျက်ကွက်မှုကြောင့် ဖြစ်သည်။
အင်ဒိုနီးရှားနိုင်ငံအတွက် RGF ၏ တိုင်းပြည်အခြေအနေကိုကြည့်ပါက အင်ဒိုနီးရှားလူမျိုးများသည် အများအားဖြင့် ပိုမိုကောင်းမွန်သောလစာဖြင့် ပိုမိုကောင်းမွန်သောအလုပ်အကိုင်အခွင့်အလမ်းများကိုရှာဖွေရန် ထွက်ခွာလိုကြောင်းတွေ့ရသည်။
မည်သို့ပင်ဆိုစေကာမူအင်ဒိုနီးရှားနိုင်ငံ၏ အရည်အချင်းရှိ လုပ်သားများ ပြတ်လပ်မှု( ၅၀.၄%) သည် နိုင်ငံတွင်း အကြီးမားဆုံးသောစိုးရိမ်ပူပန်မှုအဖြစ်မီးမောင်းထိုးပြခဲ့သည်။
သေချာသည့် အချက်အနေဖြင့် ထိုအခြေအနေမှ လွန်မြောက်နိုင်ရန်အတွက် အင်ဒိုနီးရှားနိုင်ငံသည် ပညာရေး အရည်အသွေးကို တတ်နိုင်သမျှ အလျင်အမြန်ပြောင်းလဲနိုင်ရမည်။
ထိုမှသာ အခြားနိုင်ငံများ၏ တောင်းဆိုချက်များကိုသာမက မိမိတို့ ကိုယ်ပိုင်အရည်အချင်းများပါ တိုးတက်လာမည် ဖြစ်ပါသည်။
By Myanmar Education Guide - EDGE
Ref: The Asean Post