University World News တွင် မကြာသေးမီက ထုတ်ဝေခဲ့သော John Richard Schrock၏ ဆောင်းပါး တစ်ပုဒ် ဖြစ်သည့် “COVID-19 ရောဂါ - နှစ်ပေါင်းများစွာဉာဏ်ရည်ပြည့်ဝသည့်ဘဝပျောက်ဆုံးခဲ့သည်” ဟူသော ဆောင်းပါးအရ COVID-19 ရောဂါသည် ကျောင်းသားများ၊သုတေသနနှင့် ပညာရှင်များအတွက် ပညာရေးတိုးတက်မှုအတွက်ဆုံးရှုံးမှုဖြစ်နိုင်ခြေ များပြားသည်ကို တွေ့ရသည်။
၎င်းဆောင်းပါးအရ အဖွဲ့အစည်းများနှင့်အဆင့်မြင့်ပညာရေးကျောင်းသားများအားလုံးသည် ကျောင်းများပိတ်ခြင်း၏ရလဒ်အနေဖြင့်သူတို့၏စွမ်းရည်နှင့်ဗဟုသုတများလျော့နည်းသွားခြင်းကိုကြုံတွေ့ရနိုင်သည်ဟု ဖော်ပြထားသည်။
အမှန်တကယ်အားဖြင့် ပညာရေးသည် ထုတ်လွှင့်ခြင်းနှင့်ထိတွေ့ဆက်ဆံမှုများရပ်တန့်သည့်တိုင်အောင် ပညာသင်ကြားခြင်းသည် ရပ်တန့်သွား၍ မရပါ။ အမြဲ တစေ ဆက်လက်လုပ်ဆောင်ရမည့် ကိစ္စတစ်ရပ်ဖြစ်ပေသည်။
သင်ယူခြင်းသည်လည်း ထိုကဲ့သို့ပင် ဖြစ်သည်။ ရပ်တန့် မသွားဘဲ တစ်ဆင့် ချင်း တစ်ဆင့် ပြောင်းလဲသင့်ပေသည်။
ထိုကြောင့် သင်ယူခြင်းသည် လူ့အဖွဲ့အစည်းတွင် နေထိုင်ခြင်း၏အစိတ်အပိုင်းတစ်ခုဖြစ်ပြီးလူ့အဖွဲ့အစည်းသေဆုံးသည့် အခါတွင်သာ ရပ်တန့်သွားမည် ဖြစ်သည်။
ယခုအချိန်ကာလတွင် ကျောင်းများမှာ ပိတ်ထားကြသော်လည်း ကွဲပြားသော သင်ကြားမှုအမျိုးမျိုးဖြင့် လေ့လာနိုင်ပါသေးသည်။ ကျောင်းများ၊ အဖွဲ့အစည်းများမှ ပေးသော သင်ကြားမှု နည်းလမ်း အချို့မှာ အတော်အတန်ပင် လက်တွေ့ကျကာ အဓိပ္ပါယ်ရှိလှပါသည်။
တိကျသော ဘာသာရပ်နယ်ပယ်များ၌ သင်ယူခြင်းကိုလျှော့ချလာနိုင်သည်မှာ မငြင်းနိုင်သော်လည်း ပေါင်းစပ်သင်ကြားမှုများ အနေဖြင့် တိုးတက်လာမည်ကို တွေ့ရသည်။
ထို့ကြောင့်ကူးစက်ရောဂါတစ်လျှောက်တွင် အခြေခံမှ အဆင့်မြင့် ပညာရေးအဆင့်အထိကျောင်းသားများသည် ရောဂါထိန်းချုပ်ရေးနှင့်ကပ်ရောဂါ၏သမိုင်း၊ ဗဟုသုတများမျှဝေခြင်းနှင့်လက်ခံခြင်းအတွက် လက်တွေ့နေရာများဖန်တီးရန်နှင့် စီးပွားရေးနှင့် တိကျခိုင်မာစွာ သုတေသနပြုခြင်းများအကြောင်းပိုမိုလေ့လာသင်ယူနေကြသည်။
ထို့အပြင် Social Distancing ဆိုင်ရာ အယူအဆများတွင် ရူပေဗဒ၊ စီးပွားရေး၊ ရောဂါဗေဒ နှင့် ဗိုင်းရပ်စ် နှင့် ပတ်သက်၍ လေ့လာရသော ဗေဒ နှင့် အခြားသောအခြေခံသိပ္ပံများသည်ရိုးရာပညာရေးထက်အားသာချက်များရှိနိုင်သည့် အပြင် လက်တွေ့ကျသင်ကြားမှုနည်းလမ်းကိုပေးထားကြောင်း သိရသည်။
COVID-19 ကူးစက်ရောဂါမှ ရရှိသောသင်ခန်းစာများကိုကျောင်းသားများ၊ ဆရာများ၊ သုတေသန၊ အဖွဲ့အစည်းများနှင့်လူ့အဖွဲ့အစည်းများကိုမျိုးဆက်သစ်များအတွက် အလွယ်တကူ သင်ယူနိုင်အောင် ကိရိယာအသစ်များ ဖြင့် စီစဉ်ပေးသင့် ကြောင်းလည်း ဖော်ပြထားသည်။
ကူးစက်ရောဂါနင့် ပတ်သက်၍ အတွေ့အကြုံများ ကို စာအုပ်များ၊ ဆောင်းပါးများတွင် မှတ်တမ်းတင်ထားပြီး ထိုမှ တစ်ဆင့် ရလဒ်များကို ပညာရေး နယ်ပယ်တွင် ကောင်းမွန်စွာ အသုံးချနိုင် မည့် လေ့လာ အသစ်များကို ချပြသင့် သည်ဟု ယူဆကြသည်။
ထို့ကြောင့် ပညာရေးစည်းကမ်းတိုင်းသည် လူ့ဘ၀ ၏မည်သည့်အရာကို ကောင်းမွန်စွာ ဖော်ပြနိုင်ရန် လုပ်ဆောင်နိုင်သည့် နည်းလမ်းကောင်း တစ်ရပ်ဖြစ်သည်။
ပုံမှန်စံအသစ်ဖြင့် နေထိုင်ခြင်းသည် အသိဉာဏ်ဆုံးရှုံးမှုကို ပြသည့်လက္ခဏာမဟုတ်ပါ။
သို့သော်ဖြေရှင်းချက်များကို ရှာဖွေနေသည့် ကျောင်းသားများ၊ စီးပွားရေးလုပ်ငန်းသစ်များနှင့်စီးပွားရေးသမားများ၊ သတင်းအချက်အလက်ထုတ်လုပ်ခြင်းနှင့်စားသုံးခြင်းနည်းလမ်းများနှင့်အပြန်အလှန်ဆက်သွယ်ခြင်း တို့ အတွက် နောက်ပိုင်းတွင် ပညာရေးဖြင့် လုပ်ဆောင်နိုင်သည့် အခွင့်အလမ်း သစ်များ ပိုမိုရရှိလာမည်ဟု မျှော်လင့်ရပါသည်။
By Myanmar Education Guide- EDGE