တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများ American University of Yangon တွင်လျှောက်ထားနိုင်





 

**Unicode**

တက္ကသိုလ်ဝသင်တန်းအောင်မြင်ပြီးသူတွေအနေနဲ့ အမေရိကန်တက္ကသိုလ်တွေက သင်ရိုးအတိုင်းသင်ကြားပေးမယ့် American University of Yangon မှာ လျှောက်ထားနိုင်မယ်လို့သိရပါတယ်။

American University of Yangon ရဲ့ သင်ကြားမှုပုံစံတွေက အမေရိကန်တက္ကသိုလ်တွေက ဘာသာရပ်တွေအတိုင်း ဘာသာရပ် (၂၂) ခုရွေးချယ်တက်ရောက်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ ပညာသင်ကာလ (၂) နှစ်ကြာမြင့်မှာဖြစ်ပြီး ပြီးဆုံးပါက မြန်မာနိုင်ငံတွင်ပဲ Associate Degree ရယူနိုင်သလို Bachelor Degree ကိုလည်း အမေရိကန်အစိုးရတက္ကသိုလ်တွေမှာ ချိတ်ဆက်တက်ရောက်နိုင်မယ်လို့သိရပါတယ်။ အမေရိကန်တက္ကသိုလ် Program (၂+၂) အပြင် နွေရာသီလူငယ်ခေါင်းဆောင်မှုသင်တန်း၊ အင်္ဂလိပ်စာနှင့် IELTS သင်တန်းများ၊ အခမဲ့အင်္ဂလိပ်စာစကားဝိုင်းများနဲ့ Public Events တွေလည်း တက်ရောက်နိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။

လက်ရှိကာလမှာ American University of Yangon မှတစ်ဆင့် ကျောင်းသား၊ ကျောင်းသူ (၄၆) ဦးအမေရိကန်နိုင်ငံရှိ တက္ကသိုလ်တွေမှာတက်ရောက်နေတယ်လို့သိရပါတယ်။

Source: Internet Journal

News Latest Post Read 2131 times