Business English ကို သင်တန်းကြေး အခမဲ့နဲ့ သင်ယူနိုင်ပြီ

 

လုပ်ငန်းခွင်သုံး အင်္ဂလိပ်စာကို  သင်ယူလိုသူတွေနဲ့ အင်္ဂလိပ်ဘာသာစကားကို သင်ကြားနေတဲ့ ဆရာ/ဆရာမတွေအတွက် OPEN အဖွဲ့အစည်းကနေ ဖွင့်လှစ်ထားတဲ့ Online Courses တွေကို မျှဝေပေးချင်ပါတယ်။ 

 

OPEN (Online Professional English Network) ဆိုတာ FHI 360 ကနေ ဦးစီးပြီး US အစိုးရက ငွေကြေးထောက်ပံ့ပေးထားတဲ့ Virtual Learning Platform တစ်ခုဖြစ်ပါတယ်။ OPEN မှာ ကမ္ဘာတစ်ဝှမ်းက English Learners တွေ၊ English Teachers တွေအတွက် ပရော်ဖက်ရှင်နယ်အဆင့်ထိ လေ့လာသင်ယူနိုင်မယ့် Free Online Courses တွေ များစွာရှိပါတယ်။


 
OPEN မှ ပေးအပ်တဲ့ Program (၃) ခု

- Webinar for English Educators

- Massive Open Online Courses (MOOCs) for English Educators and Learners

- Global Online Courses (GOCs) for English Teacher Training 

 

လက်ရှိ လျှောက်ထားလို့ရတဲ့ Course များ

MOOCs for English Language Learners

Deadline - September 16, 2024

  • English for Career Development  
  • English for Media Literacy as a 21st Century Skill
  • English for Journalism
  • English for Business and Entrepreneurship
  • English for Science, Technology, Engineering and Mathematics (STEM) 

 

MOOCs for English Language Teachers

Deadline - September 23, 2024

  • Creating and Implementing Online Courses

 

Deadline - August 12, 2024

  • TESOL Methods

 

လျှောက်ထားရမယ့်လင့်ခ် >>  https://openenglishcommunity.org/page/massive-open-online-courses-moocs

 

အပေါ်လင်ခ့်ကနေတဆင့် ကိုယ်သင်ယူလိုတဲ့ Course ကို Enroll Now လုပ်ပြီး လျှောက်ထားနိုင်ပါတယ်။

 

Module တစ်ခုချင်းစီအလိုက် Assignment ဖြေဆိုတဲ့အခါ အမှတ် 70% ကျော်ရရင် Digital Certificate ထုတ်ယူနိုင်ပါတယ်။ လျှောက်ထားသူရဲ့ English Level ဟာ အနည်းဆုံး Intermediate Level တော့ရှိရပါမယ်။ Online Course တွေဖြစ်တဲ့အတွက် Internet Access နဲ့ Technology Skills လိုအပ်ပါတယ်။ တစ်ပတ်ကို အနည်းဆုံး (၈) နာရီကနေ (၁၀) နာရီ အထိ အချိန်ပေးနိုင်ရပါမယ်။ 

 

အသေးစိတ်ဖတ်ရှုရန် - https://openenglishcommunity

 

Latest Post Vocational Read 1397 times