ဗြိတိန်အစိုးရ၏ ရှီးဗနင်းပညာသင်ဆုရရန် နိုဝင်ဘာ (၅) ရက်အထိ လျှောက်ထားနိုင်

ဗြိတိန်အစိုးရ၏ ရှီးဗနင်းပညာသင်ဆုရရန် နိုဝင်ဘာ (၅) ရက်အထိ လျှောက်ထားနိုင်

ဗြိတိန်အစိုးရက မြန်မာကျောင်းသား/သူများအတွက် ပေးအပ်သည့် ရှီဗနင်း (Chevening) ပညာသင်ဆု ၂၀၂၀-၂၀၂၁ ကို နိုင်ဝင်ဘာ () ရက်အထိ လျှောက်ထားနိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက ကြေညာပါသည်။

 

ဗြိတိန်ရှိ တက္ကသိုလ်များတွင် မဟာဘွဲ့သင်တန်းသွားရောက် သင်ယူမည့်သူများ ထိုပညာသင်ဆု ပေးအပ်ခြင်းဖြစ်ပြီး http://www.chevening.org/appiy တွင်နိုဝင်ဘာ () ရက်နောက်ဆုံးလျှောက်ထားရမည်ဖြစ်ပါသည်။

 

ရှီဗနင်း ပညာသင်ဆုလျှောက်ထားလိုသူများသည် ဘွဲ့တစ်ခုနှင့် အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှု IELTS ၆ ဒသမ ၅ အနိမ့်ဆုံး ရရှိရမည်ဖြစ်ပါသည်။

 

ထို့ပြင်နယ်ပယ်တစ်ခုတွင် အနည်းဆုံး () နှစ်ခန့် အလုပ်လုပ်ကိုင်ဖူးရမည်ဖြစ်ပြီး ထိုလုပ်ငန်းခွင်နှင့် ဆက်စပ်သည့် ဘာသာရပ်များကို မဟာဘွဲ့တက်ရောက်ခွင့် လျှောက်ထားကြရမည်ဖြစ်ပါသည်။

 

ပညာသင်ဆုချီးမြှင့်ခံရသူများအနေဖြင့် ဗြိတိန်တက္ကသိုလ်တစ်ခုတွင် ဘွဲ့လွန်သင်တန်းတက်ရောက်ရန် ရွေးချယ်နိုင်ပြီး လျှောက်ထားလိုသူများသည် တက္ကသိုလ်တစ်ခုတည်း မတူညီသော ဘာသာရပ်သုံးခုကို လည်းကောင်း၊ မိမိကြိုက်နှစ်သက်သည့် ဘာသာရပ်တစ်ခုတည်းကို မတူညီသော တက္ကသိုလ်သုံးခုတွင်လည်းကောင်း လျှောက်ထားရန်လိုအပ်မည်ဖြစ်ပါသည်။

 

မဟာဘွဲ့သင်တန်းရှီးဗနင်းပညာသင်ဆုအတွက် လူ့အခွင့်အရး၊ နိုင်ငံရေးသိပ္ပံနှင့် အုပ်ချုပ်ရေး၊ စီးပွားရေးဖွံ့ဖြိုးတက်မှု၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု၊ ဂျာနယ်လစ်ဇင်နှင့် မီဒီယာ၊ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေးနှင့် ပဋိပက္ခဖြေရှင်းရေးစသည့် ဘာသာရပ်နယ်ပယ် လျှောက်ထားသူများကို ဦးစားပေးစဉ်းစားသည်။

 

ရှီဗနင်းပညာသင်ဆုလျှောက်ထားရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား၊ ပတ်စ်ပို့၊ ပညာရေး အထောက်အထားနှင့် မိမိတက်ရောက်လိုသော တက္ကသိုလ်၊ ဘာသာရပ်သုံးခုစာရင်း၊ လျှောက်ထားသူသည် ပညာသင်ဆု ပေးသင့်သူဖြစ်ကြောင်းအခြားသူနှစ်ဦး၏ ထောက်ခံတင်ပြချက်များ ထည့်သွင်းလျှောက်ထားရမည်ဖြစ်ပါသည်။

 

Read More:>>>> သူနာပြုအကူ ကိုးလသင်တန်းမကြာမီဖွင့်မည်

 

ခေါင်းဆောင်နိုင်စွမ်းရှိပြီး ခိုင်မာသည့် ပညာရေးနောက်ခံရှိသူများအား ဗြိတိန်အစိုးရက ရှီဗနင်းပညာသင်ဆု နှစ်စဉ်ပေးအပ်နေပါသည်။

 

၂၀၁၈-၁၉ ရှီဗနင်းပညာသင်ဆုကို လျှောက်ထားသူ (၃၀၀) ကျော်ရှိပြီး ၄င်းတို့အနက် (၆၆%) သည် အမျိုးသမီးများ ဖြစ်ပါသည်။

 

Cha

 

Source:7 Day News

 

International Read 833 times