ကိုဗစ်ကာလအတွင်း ကျောင်းများကို ထောက်ပံ့ငွေပေးမည်ဟု ဗြိတိန်အစိုးရ ကြေညာ

 ကမ္ဘာ့ကပ်ရောဂါ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများ ပျံ့ပွားနေစဉ်အတွင်း ကျောင်းများ ပြန်ဖွင့်ရန်အတွက် ပြင်ဆင်နေမှု အတွက် ကုန်ကျစရိတ်များကို ဗြိတိန်အစိုးရမှ ထပ်မံပေးအပ်မည် ဖြစ်ကြောင်း သိရသည်။ Sky News ၏ Kay Burley အစီအစဉ်တွင် အင်္ဂလန်နှင့် ဝေလနယ်ရှိ ကျောင်းသားများသည် ကျောင်းသို့ ပြန်တက်နိုင်၊ မတက်နိုင်ကို အခြေအနေများ ပေါ်မူတည်၍ ပြန်လည်ထိန်းသိမ်းမည်ဖြစ်ကြောင်းကို ကျောင်းများဆိုင်ရာ ဝန်ကြီး Nick Gibb မှပြောကြားခဲ့သည်။ 

အလုပ်သမားဆိုင်ရာပညာရေး ဝန်ကြီး Toby Perkins မှလည်း အစိုးရ အနေဖြင့် ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေး အစီအစဉ် နှင့် ပတ်သက်၍ ကျောင်းများအား ရန်ပုံငွေ အပိုပေးရန် အတွက် မေးစရာ မေးခွန်း မရှိကြောင်း ဖြေကြားထားသည်။ 

အစိုးရအနေဖြင့် ကျောင်းများ လုံခြုံမှု ရှိစေရန်ပံ့ပိုးပေးမည်ဟု ပြောရန်မှာ မြန်ဆန်နေခဲ့ပြီး ကျောင်းများ အနေဖြင့်လည်း ဆရာများကို တာဝန်မှ ရပ်နားရန်မှာ မဖြစ်နိုင်ကြောင်းဆိုသည်။ 

အဘယ်ကြောင့်ဆိုသော် ၎င်းးတို့သည် ကျောင်းကို ရောဂါပိုးများမှ ကာကွယ်ရန် ကြိုးစားနေကြသောကြောင့်ဖြစ်သည်။ အစီရင်ခံစာ တစ်ခုတွင် ကျောင်းများ ပြန်ဖွင့်ရန် ပြင်ဆင် ကုန်ကျစရိတ်မှာ ပေါင် ၂၀၀ ကျော် ရှိကြောင်း သိရသည်။ 

 

By Myanmar Education Guide – EDGE 

Ref: Myanmar in Singapore

Latest Post News Read 801 times