ဗြိတိသျှကောင်စီ၏ IELTS ပညာသင်ဆု မြန်မာနိုင်ငံမှ (၄) ဦးရရှိ

ဗြိတိသျှကောင်စီ၏ IELTS ပညာသင်ဆု မြန်မာနိုင်ငံမှ (၄) ဦးရရှိ

ဗြိတိသျှကောင်စီရဲ့ IELTS ပညာသင်ဆု မြန်မာနိုင်ငံမှ လေးဦးရရှိခဲ့ပါသည်။ အဆိုပါလေးဦးကို မြန်မာငွေသိန်း (၄၅၀) အမေရိကန်ဒေါ်လာသုံးသောင်း တန်ဖိုးရှိဆုများ ပေးအပ်ခဲ့ပါသည်။

 

ပညာသင်ဆုတွေကို ဒေသတွင်း တတိယဆုရရှိခဲ့တဲ့ ဖောင်ဖြိုးသူရဌေး က အမေရိကန်ဒေါ်လာ ၁၀,၅၀၀ ၊ ပြည်တွင်းဆုရရှိခဲ့ကြတဲ့ မောင်တိုးကျော်ထက်က အမေရိကန်ဒေါ်လာ ၇၉၀၀၊ဒေါက်တာမိမိခိုင်က အမေရိကန်ဒေါ်လာ ၆၆၀၀၊ မောင်စောမင်းညိုက အမေရိကန်ဒေါ်လာ ၅၂၀၀ တို့အသီးသီး ရရှိခဲ့ကြပါသည်။

 

" မြန်မာနိုင်ငံက IELTS ပညာသင်ဆု ပထမဆုရှင်အဖြစ်ရွေးချယ်ခံရတာ ဂုဏ်ယူဝမ်းမြောက်ပါတယ်။ နိုင်ငံခြားမှာ စာသင်ရင် အကုန်အကျ များလွန်းတော့ ဆုရတဲ့အခါ ကျွန်တော့်မိသားစုအတွက် ငွေကြေးအကုန်အကျ ဝန်ထုပ်ဝန်ပိုး လျေ့သွားပါတယ်။ နိုင်ငံခြားမှာ ပညာသင်ရင် စိန်ခေါ်မှုတွေရှိနိုင်ပါတယ်။

 

Read More>>>> မြန်မာနိုင်ငံကုန်သွယ်ရေးရေကြောင်းကောလိပ် သင်တန်းဝင်ခွင့်လျှောက်လွှာခေါ်ယူခြင်း

 

ဒါပေမဲ့ IELTS စာမေးပွဲဖြေလိုက်တော့ နိုင်ငံခြားမှာ ပညာဆက်သင်ကြားရာမှာ မရှိမဖြစ်လိုအပ်တဲ့ အင်္ဂလိပ်ဘာသာကို ကျွမ်းကျင်နိုင်နင်းစေခဲ့ပါတယ်။" ဟု ဆုရရှိသူမောင်တိုးကျော်ထက် ကပြောပါသည်။

 

IELTS စာမေးပွဲကိုတော့ ယမန်နှစ်က လူဦးရေ ၃.၅ သန်း ဖြေဆိုခဲ့သည် ဟုသိရပါသည်။

 

Source: Internet

 

International Read 1830 times