စာကျက်မှတ်လေ့လာရန် အကောင်းဆုံးနည်းလမ်းများ...

**Unicode**

စာကိုဘယ်လိုကျက်ရင်ကောင်းမလဲ၊ ဘယ်လိုမျိုးလေ့လာလိုက်ရင်ပိုမှတ်မိပြီး ပိုရလွယ်မလဲဆိုတာကိုတော့ ကျောင်းသားများအမြဲတွေးမယ်လို့ထင်ပါတယ်။ ဒါဟာစာမေးပွဲမဖြေမီညမှာမှလုပ်ရမယ့်အရာမဟုတ်ပါဘူး။ ကျောင်းသားတိုင်းက ကိုယ့်ရဲ့စာကျက်မှတ်လေ့လာမှုစွမ်းရည်ကိုစဉ်ဆက်မပြတ်တိုးတက်အောင်ကြိုးစားသင့်ပါတယ်။

ပိုကောင်းမွန်တဲ့ စာကျက်နည်းတွေကိုလေ့လာခြင်း၊ စာပုံမှန်ကျက်ခြင်းဖြင့် စာမေးပွဲမဖြေခင်ဖြစ်တတ်တဲ့စိတ်ပူပန်သောကရောက်မှုများ၊ စိတ်ဖိစိမှုများကိုလျော့ကျစေပါတယ်။ ထို့အပြင် စာများကိုသေချာကျက်မှတ်နိုင်ပြီး ပြန်လည်လေ့ကျင့်ရန်အချိန်ပိုရသွားတဲ့အတွက် စာမေးပွဲဆိုတာကြီးကိုကြောက်စရာမလိုတော့ပါဘူး။ ဒါ့ကြောင့် စာကျက်မှတ်လေ့လာရန်အထိရောက်ဆုံးအချက်များကိုဖော်ပြပေးလိုက်ပါတယ်။ 

၁။ စနစ်တကျစီစဉ်ပါ။ ကိုယ်လုပ်ရမယ့်အရာများကိုမှတ်ထားပါ။ 
မှတ်စုစာအုပ်၊ planner ကိုအမြဲဆောင်ထားပါ။ ကိုယ်ကျက်ရမယ့်စာတွေ၊ လုပ်ရမယ့်အိမ်စာတွေ၊ assignments တွေ၊ စာမေးပွဲအတွက်အရေးကြီးတာတွေကို မှတ်စုစာအုပ်ထဲရေးမှတ်တတ်တဲ့အကျင့်ကိုပြုလုပ်ပါ။ ကိုယ်ကဘယ်လောက်ပဲမှတ်နိုင်စွမ်းအားကောင်းသောသူဖြစ်ပါစေ၊ အသေးစိတ်ကို မမှတ်မိနိုင်တဲ့အတွက် ရေးမှတ်တတ်တဲ့အကျင့်ကိုပြုလုပ်ပေးပါ။

၂။ အတန်းထဲတွင်အာရုံစိုက်နားထောင်ပါ။
စာသင်နေချိန်မှာ စာကိုပဲအာရုံစိုက်သင်ယူပါ၊ အခြားသောကိစ္စများအတတ်နိုင်ဆုံးမတွေးမိပါစေနဲ့။ ပြောဆိုသည့် အကြောင်းအရာကိုသေချာအာရုံစိုက်ပြီးမှတ်စုတိုများထုတ်ပါ။ မှတ်စုထုတ်ခြင်းဖြင့် စာပြန်ကျက်ရာတွင်ပိုမိုလွယ်ကူပြီး စာပိုရလွယ်စေပါတယ်။

၃။ စာလုပ်ခြင်းကို အနှောင့်အယှက်မဖြစ်ပါစေနဲ့။
ဖုန်း၊ social မီဒီယာများအပြင် သူငယ်ချင်းများကြောင့် စာလုပ်ရာတွင်အာရုံစူးစိုက်မှုလျော့ကျစေပါတယ်။ သင့်ကိုအတန်းထဲတွင် ဘယ်အရာကအာရုံပျံ့လွင့်စေကြောင်းသတိပြုပါ။ ဒါ့ကြောင့်ကိုယ်စာလုပ်တဲ့အခါမှာ စိတ်အနှောင့်အယှက်ဖြစ်စေမယ့်အရာများကိုသတိထား၊ ရှောင်ကြဉ်ပါ။ 

၄။ ရှင်းလင်းပြည့်စုံသော မှတ်စုများမှတ်တတ်ပါစေ။
ရှင်းရှင်းလင်းလင်းနှင့်ပြီးပြည့်စုံသောမှတ်စုများကို ရေးသားခြင်းသည် စာကျတ်မှတ်ရာတွင် အထောက်အကူပြုပါတယ်။ စာတွင်ပါရှိသောအရေးကြီးသောအပိုင်း၊ ဆရာပြောသွားသော point များကိုမှတ်ထားတဲ့အတွက် စာပြန်ကျက်ရာတွင် ပိုလွယ်ကူစေပါသည်။ အတန်းပျက်ခဲ့ရင်လည်း အတန်းဖော်များကိုပြန်မေးပြီး notes လေးတွေပြန်ထုတ်ပါ။

၅။ မေးခွန်းများနားမလည်လျှင်မေးဖို့ ဝန်မလေးပါနှင့်။
တစ်ခုခုနားမလည်ပါက မေးခွန်းများမေးပါ။ အတန်းထဲတွင်မေးရန်အဆင်မပြေလျှင် အတန်းပြီးပြီးချင်းဆရာ့ကိုမေးရန်မမေ့ပါနှင့်။  

၆။ စာကြည့်ရန်အချိန်ဇယားဆွဲပါ။ 
အချိန်ဇယားဆွဲသောအခါ ကိုယ်ဘာစာတွေကြည့်ရန်လိုအပ်လဲ၊ ဘယ်ဟာတွေလေ့ကျင့်မလဲ၊ ဘာတွေကိုဦးစားပေးကျက်ရမလဲဆိုတာကိုစဉ်းစားပါ။ စာမေးပွဲမှာမေးနိုင်တဲ့ မေးခွန်းအမျိုးအစားများနှင့်ခေါင်းစဉ်များကိုစဉ်းစားဖို့မမေ့ပါနဲ့။ ဒါ့အပြင်ဘာသာရပ်အလိုက်စာကျက်ချိန်များသီးသန့်ခွဲထားပါ။

 
၇။ အတန်းထဲတွင် မှတ်ခဲ့သောစာတွေကို ပြန်လေ့လာပါ။
ကျောင်းပြီးသည့်နောက် မှတ်ထားသော notes များကိုပြန်ကြည့်ပါ၊ လေ့လာပါ။ မှတ်စုများကိုပြန်ကြည့်ခြင်းသည် စာများကိုကြာကြာမှတ်မိနေစေသောကြောင့်ဖြစ်ပါတယ်။

၈။ ဆရာ၊ ဆရာမများနှင့်တိုင်ပင်ဆွေးနွေးပါ။
ဆရာ၊ ဆရာမများကသင့်ကိုအကောင်းဆုံးကူညီပေးဖို့အဆင်သင့်ပါပဲ။ စာမေးပွဲမတိုင်ခင်မှာကိုယ်မသိတာ၊ နားမလည်တာတွေကို ဆရာ၊ ဆရာမများကိုမေးပါ။ မေးဖို့ဝန်မလေးပါနဲ့၊ မတွန့်ဆုတ်နေပါနဲ့။ ထိုသို့မေးခြင်းအားဖြင့်လည်း ဆရာနှင့်ကျောင်းသားကြားရင်းနှီးမှုပိုရစေပါတယ်။

၉။ စာကြည့်ရန်နေရာသတ်မှတ်ပါ။
စာလုပ်တော့မည်ဆိုလျှင် ပတ်ဝန်းကျင်ဆိတ်ငြိမ်ရုံသာမက ကိုယ့်ရဲ့စာကြည့်စားပွဲလေးသန့်ရှင်းနေမှသာလျှင် စိတ်ကြည်လင်စွာနဲ့ စာလုပ်နိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့်ကိုယ်စာကျက်တဲ့နေရာလေးကိုတော့ သန့်သန့်ရှင်းရှင်း၊ သပ်သပ်ရပ်ရပ်လေးထားမှဖြစ်မယ်နော်။

၁၀။ (၁၅) မိနစ်လောက် break ပေးပါ။
စာ (၁) နာရီလောက်လုပ်ပြီးသွားရင် (၁၀) မိနစ်လောက်၊ (၁၅) မိနစ်လောက်ခဏနားပါ။ ထိုကဲ့သို့ ခဏအနားယူခြင်းကြောင့် စာလေ့လာရာတွင်ပိုမိုထိရောက်ပြီး စာတွေမှတ်မိလွယ်ပါတယ်။


၁၁။ အဖွဲ့နှင့်စာလုပ်ပါ။
အတန်းဖော်များနှင့်စာလုပ်ခြင်းသည် ကိုယ်မသိသောစာများကိုမေးနိုင်သည့်အပြင် ရပြီးသားစာများကိုပိုရစေရုံသာမက စာများကိုဆွေးနွေးတိုင်ပင်ခြင်းဖြင့် တစ်ယောက်နှင့်တစ်ယောက်ယုံကြည်မှု၊ ရင်းနှီးမှုများပိုရစေပါသည်။ 

စာတွေကိုဘယ်လိုမျိုးထိရောက်စွာလေ့လာမယ်၊ ကျတ်မှတ်မယ်ဆိုတာကိုသိသွားပြီဆိုရင်တော့ သင်ဟာစာမေးပွဲဆိုတာကြီးကိုကြောက်နေစရာမလိုတော့ပါဘူး။ တကယ်လည်းကိုယ်ကစာလိုက်လုပ်ဖို့တော့လိုလိမ့်မယ်နော်။ မကြိုးစားပဲနဲ့တော့ ဘာမှရမှာမဟုတ်ပါဘူး။ အချိန်ရှိခိုက်၊ လုံ့လစိုက်ပြီးတော့ စာတွေကိုအကောင်းဆုံးလေ့လာသင်ယူလိုက်ပါ။ ဒါ့ကြောင့်ကျောင်းသားလူငယ်များစာလေ့လာရာတွင် အထောက်အကူဖြစ်စေရန်ရည်ရွယ်ချက်ဖြင့်ရေးသားလိုက်ခြင်းဖြစ်ပါတယ်။
 

Authoress: Winnie

 

**Zawgyi**

စာကိုဘယ္လိုက်က္ရင္ေကာင္းမလဲ၊ ဘယ္လိုမ်ိဳးေလ့လာလိုက္ရင္ပိုမွတ္မိၿပီး ပိုရလြယ္မလဲဆိုတာကိုေတာ့ ေက်ာင္းသားမ်ားအၿမဲေတြးမယ္လို႔ထင္ပါတယ္။ ဒါဟာစာေမးပြဲမေျဖမီညမွာမွလုပ္ရမယ့္အရာမဟုတ္ပါဘူး။ ေက်ာင္းသားတိုင္းက ကိုယ့္ရဲ႕စာက်က္မွတ္ေလ့လာမႈစြမ္းရည္ကိုစဥ္ဆက္မျပတ္တိုးတက္ေအာင္ႀကိဳးစားသင့္ပါတယ္။

ပိုေကာင္းမြန္တဲ့ စာက်က္နည္းေတြကိုေလ့လာျခင္း၊ စာပုံမွန္က်က္ျခင္းျဖင့္ စာေမးပြဲမေျဖခင္ျဖစ္တတ္တဲ့စိတ္ပူပန္ေသာကေရာက္မႈမ်ား၊ စိတ္ဖိစိမႈမ်ားကိုေလ်ာ့က်ေစပါတယ္။ ထို႔အျပင္ စာမ်ားကိုေသခ်ာက်က္မွတ္ႏိုင္ၿပီး ျပန္လည္ေလ့က်င့္ရန္အခ်ိန္ပိုရသြားတဲ့အတြက္ စာေမးပြဲဆိုတာႀကီးကိုေၾကာက္စရာမလိုေတာ့ပါဘူး။ ဒါ့ေၾကာင့္ စာက်က္မွတ္ေလ့လာရန္အထိေရာက္ဆုံးအခ်က္မ်ားကိုေဖာ္ျပေပးလိုက္ပါတယ္။ 

၁။ စနစ္တက်စီစဥ္ပါ။ ကိုယ္လုပ္ရမယ့္အရာမ်ားကိုမွတ္ထားပါ။ 
မွတ္စုစာအုပ္၊ planner ကိုအၿမဲေဆာင္ထားပါ။ ကိုယ္က်က္ရမယ့္စာေတြ၊ လုပ္ရမယ့္အိမ္စာေတြ၊ assignments ေတြ၊ စာေမးပြဲအတြက္အေရးႀကီးတာေတြကို မွတ္စုစာအုပ္ထဲေရးမွတ္တတ္တဲ့အက်င့္ကိုျပဳလုပ္ပါ။ ကိုယ္ကဘယ္ေလာက္ပဲမွတ္ႏိုင္စြမ္းအားေကာင္းေသာသူျဖစ္ပါေစ၊ အေသးစိတ္ကို မမွတ္မိႏိုင္တဲ့အတြက္ ေရးမွတ္တတ္တဲ့အက်င့္ကိုျပဳလုပ္ေပးပါ။

၂။ အတန္းထဲတြင္အာ႐ုံစိုက္နားေထာင္ပါ။
စာသင္ေနခ်ိန္မွာ စာကိုပဲအာ႐ုံစိုက္သင္ယူပါ၊ အျခားေသာကိစၥမ်ားအတတ္ႏိုင္ဆုံးမေတြးမိပါေစနဲ႔။ ေျပာဆိုသည့္ အေၾကာင္းအရာကိုေသခ်ာအာ႐ုံစိုက္ၿပီးမွတ္စုတိုမ်ားထုတ္ပါ။ မွတ္စုထုတ္ျခင္းျဖင့္ စာျပန္က်က္ရာတြင္ပိုမိုလြယ္ကူၿပီး စာပိုရလြယ္ေစပါတယ္။

၃။ စာလုပ္ျခင္းကို အေႏွာင့္အယွက္မျဖစ္ပါေစနဲ႔။
ဖုန္း၊ social မီဒီယာမ်ားအျပင္ သူငယ္ခ်င္းမ်ားေၾကာင့္ စာလုပ္ရာတြင္အာ႐ုံစူးစိုက္မႈေလ်ာ့က်ေစပါတယ္။ သင့္ကိုအတန္းထဲတြင္ ဘယ္အရာကအာ႐ုံပ်ံ႕လြင့္ေစေၾကာင္းသတိျပဳပါ။ ဒါ့ေၾကာင့္ကိုယ္စာလုပ္တဲ့အခါမွာ စိတ္အေႏွာင့္အယွက္ျဖစ္ေစမယ့္အရာမ်ားကိုသတိထား၊ ေရွာင္ၾကဥ္ပါ။ 

၄။ ရွင္းလင္းျပည့္စုံေသာ မွတ္စုမ်ားမွတ္တတ္ပါေစ။
ရွင္းရွင္းလင္းလင္းႏွင့္ၿပီးျပည့္စုံေသာမွတ္စုမ်ားကို ေရးသားျခင္းသည္ စာက်တ္မွတ္ရာတြင္ အေထာက္အကူျပဳပါတယ္။ စာတြင္ပါရွိေသာအေရးႀကီးေသာအပိုင္း၊ ဆရာေျပာသြားေသာ point မ်ားကိုမွတ္ထားတဲ့အတြက္ စာျပန္က်က္ရာတြင္ ပိုလြယ္ကူေစပါသည္။ အတန္းပ်က္ခဲ့ရင္လည္း အတန္းေဖာ္မ်ားကိုျပန္ေမးၿပီး notes ေလးေတြျပန္ထုတ္ပါ။

၅။ ေမးခြန္းမ်ားနားမလည္လွ်င္ေမးဖို႔ ဝန္မေလးပါႏွင့္။
တစ္ခုခုနားမလည္ပါက ေမးခြန္းမ်ားေမးပါ။ အတန္းထဲတြင္ေမးရန္အဆင္မေျပလွ်င္ အတန္းၿပီးၿပီးခ်င္းဆရာ့ကိုေမးရန္မေမ့ပါႏွင့္။  

၆။ စာၾကည့္ရန္အခ်ိန္ဇယားဆြဲပါ။ 
အခ်ိန္ဇယားဆြဲေသာအခါ ကိုယ္ဘာစာေတြၾကည့္ရန္လိုအပ္လဲ၊ ဘယ္ဟာေတြေလ့က်င့္မလဲ၊ ဘာေတြကိုဦးစားေပးက်က္ရမလဲဆိုတာကိုစဥ္းစားပါ။ စာေမးပြဲမွာေမးႏိုင္တဲ့ ေမးခြန္းအမ်ိဳးအစားမ်ားႏွင့္ေခါင္းစဥ္မ်ားကိုစဥ္းစားဖို႔မေမ့ပါနဲ႔။ ဒါ့အျပင္ဘာသာရပ္အလိုက္စာက်က္ခ်ိန္မ်ားသီးသန႔္ခြဲထားပါ။

 
၇။ အတန္းထဲတြင္ မွတ္ခဲ့ေသာစာေတြကို ျပန္ေလ့လာပါ။
ေက်ာင္းၿပီးသည့္ေနာက္ မွတ္ထားေသာ notes မ်ားကိုျပန္ၾကည့္ပါ၊ ေလ့လာပါ။ မွတ္စုမ်ားကိုျပန္ၾကည့္ျခင္းသည္ စာမ်ားကိုၾကာၾကာမွတ္မိေနေစေသာေၾကာင့္ျဖစ္ပါတယ္။

၈။ ဆရာ၊ ဆရာမမ်ားႏွင့္တိုင္ပင္ေဆြးေႏြးပါ။
ဆရာ၊ ဆရာမမ်ားကသင့္ကိုအေကာင္းဆုံးကူညီေပးဖို႔အဆင္သင့္ပါပဲ။ စာေမးပြဲမတိုင္ခင္မွာကိုယ္မသိတာ၊ နားမလည္တာေတြကို ဆရာ၊ ဆရာမမ်ားကိုေမးပါ။ ေမးဖို႔ဝန္မေလးပါနဲ႔၊ မတြန႔္ဆုတ္ေနပါနဲ႔။ ထိုသို႔ေမးျခင္းအားျဖင့္လည္း ဆရာႏွင့္ေက်ာင္းသားၾကားရင္းႏွီးမႈပိုရေစပါတယ္။

၉။ စာၾကည့္ရန္ေနရာသတ္မွတ္ပါ။
စာလုပ္ေတာ့မည္ဆိုလွ်င္ ပတ္ဝန္းက်င္ဆိတ္ၿငိမ္႐ုံသာမက ကိုယ့္ရဲ႕စာၾကည့္စားပြဲေလးသန႔္ရွင္းေနမွသာလွ်င္ စိတ္ၾကည္လင္စြာနဲ႔ စာလုပ္ႏိုင္မွာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ကိုယ္စာက်က္တဲ့ေနရာေလးကိုေတာ့ သန႔္သန႔္ရွင္းရွင္း၊ သပ္သပ္ရပ္ရပ္ေလးထားမွျဖစ္မယ္ေနာ္။

၁၀။ (၁၅) မိနစ္ေလာက္ break ေပးပါ။
စာ (၁) နာရီေလာက္လုပ္ၿပီးသြားရင္ (၁၀) မိနစ္ေလာက္၊ (၁၅) မိနစ္ေလာက္ခဏနားပါ။ ထိုကဲ့သို႔ ခဏအနားယူျခင္းေၾကာင့္ စာေလ့လာရာတြင္ပိုမိုထိေရာက္ၿပီး စာေတြမွတ္မိလြယ္ပါတယ္။


၁၁။ အဖြဲ႕ႏွင့္စာလုပ္ပါ။
အတန္းေဖာ္မ်ားႏွင့္စာလုပ္ျခင္းသည္ ကိုယ္မသိေသာစာမ်ားကိုေမးႏိုင္သည့္အျပင္ ရၿပီးသားစာမ်ားကိုပိုရေစ႐ုံသာမက စာမ်ားကိုေဆြးေႏြးတိုင္ပင္ျခင္းျဖင့္ တစ္ေယာက္ႏွင့္တစ္ေယာက္ယုံၾကည္မႈ၊ ရင္းႏွီးမႈမ်ားပိုရေစပါသည္။ 

စာေတြကိုဘယ္လိုမ်ိဳးထိေရာက္စြာေလ့လာမယ္၊ က်တ္မွတ္မယ္ဆိုတာကိုသိသြားၿပီဆိုရင္ေတာ့ သင္ဟာစာေမးပြဲဆိုတာႀကီးကိုေၾကာက္ေနစရာမလိုေတာ့ပါဘူး။ တကယ္လည္းကိုယ္ကစာလိုက္လုပ္ဖို႔ေတာ့လိုလိမ့္မယ္ေနာ္။ မႀကိဳးစားပဲနဲ႔ေတာ့ ဘာမွရမွာမဟုတ္ပါဘူး။ အခ်ိန္ရွိခိုက္၊ လုံ႔လစိုက္ၿပီးေတာ့ စာေတြကိုအေကာင္းဆုံးေလ့လာသင္ယူလိုက္ပါ။ ဒါ့ေၾကာင့္ေက်ာင္းသားလူငယ္မ်ားစာေလ့လာရာတြင္ အေထာက္အကူျဖစ္ေစရန္ရည္႐ြယ္ခ်က္ျဖင့္ေရးသားလိုက္ျခင္းျဖစ္ပါတယ္။
 

Authoress: Winnie

Latest Post Tips Read 7147 times