အရည်အချင်း ပြည့်မှီသော လုပ်ငန်းတာဝန်နှင့်
ကိုက်ညီသည့် အရာထမ်းများ Korea နိုင်ငံတွင် ပညာသင်ဆု လျှောက်ထားနိုင်ကြောင်း
အကြောင်းအရာ။ ပညာသင်ဆုလျှောက်ထားနိုင်ကြောင်း အကြောင်းကြားခြင်း
ရည်ညွှန်းချက် ။ ပညာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ (၅.၄.၂၀၁၉) ရက်စွဲပါစာအမှတ်၊ပညာသင် (သင်တန်း) / ၂၀၁၉(၇၀၂၄)
၁။ ကိုရီးယားသမ္မတနိုင်ငံတွင် ၂၀၁၉ ခုနှစ်အတွင်း ဖွင့်လှစ်မည့် Master Scholarship Programs with the Korean Development Institute (KDI) School of Public and Management, 2019 သင်တန်းများသို့ အရည်အချင်းပြည့်မီသော လုပ်ငန်းတာဝန်နှင့်ကိုက်ညီသည့် အရာထမ်းများ လျှောက်ထားနိုင်ကြောင်းနှင့် အဆိုပါပညာသင်ဆု သင်တန်းအတွက် return airfare ကို the Colombo Plan မှလည်းကောင်း၊ admission fee, tuition, housing and living stipends ကို KDI School (Korea) မှလည်းကောင်း ကျခံမည်ဖြစ်ပြီး Visa and book allowance များအတွက် ကျခံမှုမရှိကြောင်း ဖော်ပြပါရှိပါသည်။
အမှတ်စဉ် သင်တန်းဘာသာရပ်
၅၉ Masters Scholarship Programs with the Korean Development
(၁) Institute (KDI) School of Public and Management, 2019
(1) Master of Public Policy
(2) Master of Public Management
၂။ လျှောက်ထားလိုသော အရာထမ်းများသည် အောက်ပါလိပ်စာများသို့ ဝင်ရောက်ကြည့်ရှုပြီး (၂၆.၃.၂၀၁၉) ရက်နေ့မှ (၂၂.၅.၂၀၁၉) ရက်နေ့အတွင်း ဆက်သွယ်မေးမြန်း လျှောက်ထားနိုင်ကြောင်းနှင့် လျှောက်ထားသူများ၏ အမည်၊ ရာထူး၊ ဌာနတို့ကို အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ဖော်ပြလျက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များမှတစ်ဆင့် အခြေခံပညာဦးစီးဌာနသို့ (၂၃.၄.၂၀၁၉) ရက်နေ့အရောက်ပေးပို့ပြီး လျှောက်ထားခွင့်တောင်းခံကြရန် အကြောင်းကြားပါသည်။
ဆက်သွယ်လျှောက်ထားရမည့်လိပ်စာ
Website: http://admissions.kdischool.ac.kr/
E-mail : [email protected]
(ပညာရေးဝန်ကြီးဌာန)
(အခြေခံဦးစီးဌာန)
(နေပြည်တော်)