B.Ed စာပေးစာယူသင်တန်းများကို ဧပြီ (၁၉) ရက်တွင်စတင်ဖွင့်လှစ်မည်

** Unicode **

ရန်ကုန်ပညာရေးတက္ကသိုလ်တွင်ပညာရေးဘွဲ့ (B.Ed) စာပေးစာယူသင်တန်းများကို ဧပြီ (၁၉) ရက်တွင် စတင်ဖွင့်လှစ်သွားမည်ဟု သိရပါတယ်။

စာပေးစာယူ ပထမနှစ်သင်တန်းနှင့် ဒုတိယနှစ်သင်တန်းတို့ကို ဧပြီ (၁၉)ရက်မှ မေလ (၃)ရက်နေ့အထိရန်ကုန်ပညာရေးတက္ကသိုလ်တွင် ဖွင့်လှစ်မည်ဖြစ်ပါတယ်။

၎င်းသင်တန်းများအတွက် စာမေးပွဲများကို မေ (၇) ရက်နေ့မှ (၁၃) ရက်နေ့အထိ ကျင်းပမည်ဖြစ်ပါတယ်။

သင်တန်းသား/သူများအနေဖြင့် ဧပြီ (၁၈) ရက်နေ့အရောက် သတင်းပေးပို့ရမည်ဖြစ်ကြောင်းသိရပါတယ်။

ပထမနှစ်ဝင်ခွင့်လျှောက်လွှာများကို ဒီဇင်ဘာ (၂၄) ရက်နေ့နောက်ဆုံးတင်သွင်းစေခဲ့ပါတယ်။ ဝင်ခွင့်စာမေးပွဲများကို ဖေဖော်ဝါရီ (၂) ရက်နေ့တွင် ကျင်းပခဲ့ပါတယ်။ သင်တန်းသားရွေးချယ်ရာတွင် ဝင်ခွင့်ဖြေဆိုသည့် အထက်ပြ (၆၇၅) ဦး၊ ဒုဦးစီးမှူး၊ ဒုကြီးကြပ်ရေးမှူး၊ PGDMA ဘွဲ့ရကွန်ပျူတာ လုပ်ဆောင်ရေးမှူးများနှင့် ဒုလက်ထောက်ကြီးကြပ်ရေးမှူများနှင့် PGDMA ဘွဲ့ရ လက်ထောက်ကွန်ပျူတာလုပ်ဆောင်ရေးမှူး (၇၅) ဦး၊ ဝင်ခွင့်ဖြေဆိုသည့် အလယ်တန်းပြနှင့် မူလတန်းကျောင်းအုပ် (၁၅၀) ၊ ဝင်ခွင့်ဖြေဆိုသည့် ပညာရေးကောလိပ်များမှ နည်းပြ (၁၅၀)၊ ဝင်ခွင့်ဖြေဆိုသည့် လုပ်သက်ကြီးစဉ်အုပ်စုမှ လျှောက်ထားသော သင်ကြားရေးအထက်တန်းပြများနှင့် အလယ်တန်းပြ (၄၅၀)၊ စုစုပေါင်း (၁၅၀၀) လက်ခံမည်ဖြစ်ကြောင်းသိရပါတယ်။

Hostels (588) အေဆာင္မ်ားႏွင့္ ပတ္သက္ျပီး (၅၈၈) ခုရွာရန္ႏွိပ္ပါ။

ပညာရေးဘွဲ့ (B.Ed)စာပေးစာယူ ပထမနှစ်နှင့် ဒုတိယနှစ်သင်တန်းများတွင် ကျောင်းအပ်ပြီး အကြောင်း အမျိုးမျိုးကြောင့် သင်တန်းနှင့် အများဆုံးကင်းကွာခွင့်ကို ကျောင်းဝင်မှတ်ပုံတင်သည့် ပညာသင်နှစ်နှင့် နောက်ထပ်ပညာသင်နှစ် လေးနှစ်စုစုပေါင်း (၅) နှစ်သာ ကင်းကွာခွင့်ပြုမည်ဟုသိရပါတယ်။

Read More:>>>  လာမည့္ပညာသင္ႏွစ္တြင္ သင္႐ိုးသစ္ေျပာင္းမည့္ အတန္း (၃) တန္း

သတ်မှတ်ကာလ ပညာသင်နှစ် (၅) နှစ်ထက်ကျော်လွန်ပါက မည်သည့် သင်တန်းနှစ်မဆို B.Ed စာပေးစာယူ ပထမနှစ် သင်တန်းဝင်ခွင့်စာမေးပွဲကို ပြန်လည်ဖြေဆိုရမည်ဖြစ်ကြောင်းသိရပါတယ်။

(www.edge.com.mm)

 

** Zawgyi **

ရန္ကုန္ပညာေရးတကၠသုိလ္တြင္ပညာေရးဘြဲ႔ (B.Ed) စာေပးစာယူသင္တန္းမ်ားကို ဧၿပီ (၁၉) ရက္တြင္ စတင္ဖြင့္လွစ္သြားမည္ဟု သိရပါတယ္။

စာေပးစာယူ ပထမႏွစ္သင္တန္းႏွင့္ ဒုတိယႏွစ္သင္တန္းတို႔ကို ဧၿပီ (၁၉)ရက္မွ ေမလ (၃)ရက္ေန႔အထိရန္ကုန္ပညာေရးတကၠသုိလ္တြင္ ဖြင့္လွစ္မည္ျဖစ္ပါတယ္။

၄င္းသင္တန္းမ်ားအတြက္ စာေမးပြဲမ်ားကို ေမ (၇) ရက္ေန႔မွ (၁၃) ရက္ေန႔အထိ က်င္းပမည္ျဖစ္ပါတယ္။

သင္တန္းသား/သူမ်ားအေနျဖင့္ ဧၿပီ (၁၈) ရက္ေန႔အေရာက္ သတင္းေပးပို႔ရမည္ျဖစ္ေၾကာင္းသိရပါတယ္။

ပထမႏွစ္ဝင္ခြင့္ေလ်ွာက္လႊာမ်ားကို ဒီဇင္ဘာ (၂၄) ရက္ေန႔ေနာက္ဆံုးတင္သြင္းေစခဲ့ပါတယ္။ ဝင္ခြင့္စာေမးပြဲမ်ားကို ေဖေဖာ္ဝါရီ (၂) ရက္ေန႔တြင္ က်င္းပခဲ့ပါတယ္။ သင္တန္းသားေရြးခ်ယ္ရာတြင္ ဝင္ခြင့္ေျဖဆိုသည့္ အထက္ျပ (၆၇၅) ဦး၊ ဒုဦးစီးမွဴး၊ ဒုႀကီးၾကပ္ေရးမွဴး၊ PGDMA ဘြဲ႔ရကြန္ပ်ဴတာ လုပ္ေဆာင္ေရးမွဴးမ်ားႏွင့္ ဒုလက္ေထာက္ႀကီးၾကပ္ေရးမွဴမ်ားႏွင့္ PGDMA ဘြဲ႔ရ လက္ေထာက္ကြန္ပ်ဴတာလုပ္ေဆာင္ေရးမွဴး (၇၅) ဦး၊ ဝင္ခြင့္ေျဖဆိုသည့္ အလယ္တန္းျပႏွင့္ မူလတန္းေက်ာင္းအုပ္ (၁၅၀) ၊ ဝင္ခြင့္ေျဖဆိုသည့္ ပညာေရးေကာလိပ္မ်ားမွ နည္းျပ (၁၅၀)၊ ဝင္ခြင့္ေျဖဆိုသည့္ လုပ္သက္ႀကီးစဥ္အုပ္စုမွ ေလ်ွာက္ထားေသာ သင္ၾကားေရးအထက္တန္းျပမ်ားႏွင့္ အလယ္တန္းျပ (၄၅၀)၊ စုစုေပါင္း (၁၅၀၀) လက္ခံမည္ျဖစ္ေၾကာင္းသိရပါတယ္။

Hostels (588) အေဆာင္မ်ားႏွင့္ ပတ္သက္ျပီး (၅၈၈) ခုရွာရန္ႏွိပ္ပါ။

ပညာေရးဘြဲ႔ (B.Ed)စာေပးစာယူ ပထမႏွစ္ႏွင့္ ဒုတိယႏွစ္သင္တန္းမ်ားတြင္ ေက်ာင္းအပ္ၿပီး အေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ သင္တန္းႏွင့္ အမ်ားဆုံးကင္းကြာခြင့္ကို ေက်ာင္းဝင္မွတ္ပံုတင္သည့္ ပညာသင္ႏွစ္ႏွင့္ ေနာက္ထပ္ပညာသင္ႏွစ္ ေလးႏွစ္စုစုေပါင္း (၅) ႏွစ္သာ ကင္းကြာခြင့္ျပဳမည္ဟုသိရပါတယ္။

Read More:>>>  လာမည့္ပညာသင္ႏွစ္တြင္ သင္႐ိုးသစ္ေျပာင္းမည့္ အတန္း (၃) တန္း

သတ္မွတ္ကာလ ပညာသင္ႏွစ္ (၅) ႏွစ္ထက္ေက်ာ္လြန္ပါက မည္သည့္ သင္တန္းႏွစ္မဆို B.Ed စာေပးစာယူ ပထမႏွစ္ သင္တန္းဝင္ခြင့္စာေမးပြဲကို ျပန္လည္ေျဖဆိုရမည္ျဖစ္ေၾကာင္းသိရပါတယ္။

(www.edge.com.mm)

 

News Tips Latest Post Read 9741 times