Sales Hotline : 09448001653       Download App



ကန့်သတ်ချက်အချို့ လျှော့ချပေးမည် B.Ed စာပေးစာယူဝင်ခွင့်စာမေးပွဲများ

** Unicode **

အခြေခံပညာ ဆရာ/ဆရာမများ အတွက် B.Ed စာပေးစာယူဝင်ခွင့် စာမေးပွဲ ကန့်သတ်ချက်အချို့ လျှော့ချပေး မည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ သိရပါတယ်။

ကန့်သတ်ချက်များတွင် လုပ်သက် ကိုကြည့်၍ လျှော့ပေါ့ပေးခြင်း၊ ဒေသအလိုက် လျှော့ပေါ့ခြင်းကဲ့သို့ လျှော့ပေါ့မှုများပါဝင်မည်ဖြစ်ပြီး လက်ရှိတွင် ညှိနှိုင်းနေကြောင်းသိရပါတယ်။

သင်တန်းလျှောက်ထားခွင့်ရသော ဆရာ/ဆရာမများတွင် အလယ်တန်းပြ၊ မူလတန်းကျောင်းအုပ်၊ အထက်တန်း ပြလစာနှင့် တန်းတူရှိသော ပညာရေး ကောလိပ်မှ နည်းပြများပါဝင်ပါတယ်။

Pre-School (811) မူကြိုကျောင်းများနှင့် ပတ်သက်ပြီး (၈၁၁) ခု ရှာရန်နှိပ်ပါ။

လက်ရှိဆရာ/ဆရာမအဖြစ် တာဝန် ထမ်းဆောင်နေသူများတွင် မူလတန်းပြ ဆရာ/ဆရာမများကို အလယ်တန်းပြအဖြစ် ရာထူးတိုးပေးခြင်း၊ အလယ်တန်းပြကို အထက်တန်းပြသို့ ရာထူးတိုးပေးခြင်းနှင့် ပညာရေးတက္ကသိုလ်မှ B.Ed ဘွဲ့ရသူများကို ဦးစားပေး၍ အထက်တန်း ပြအဖြစ် ခန့်အပ်ခြင်းကဲ့သို့ အစီအစဉ်များလည်း ပြုလုပ်မည်ဖြစ်ကြောင်း သိရပါတယ်။

Credit: Educational News Updates


** Zawgyi **








 

News Tips Latest Post Read 3901 times