စာပေဆုရ ဆရာကြီးများကိုယ်တိုင် သင်ကြားပေးမယ့် စာရေးနည်းသင်တန်း

 

မြန်မာနိုင်ငံစာရေးဆရာအသင်းက ကြီးမှူးဖွင့်လှစ်သော ကဗျာ၊ ဆောင်းပါး၊ ၀တ္ထုနှင့် သတင်းရေးသားနည်း အခြေခံလမ်းညွှန်သင်တန်းကို လာမည့် နိုဝင်ဘာလ (၄) ရက်နေ့မှ (၂၈) ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။ 

 

စာရေးနည်းအခြေခံလမ်းညွှန်သင်တန်းတွင် သင်ကြားပိုချမည့်ဆရာများမှာ -

အမျိုးသားစာပေတစ်သက်သာဆုရှင်များဖြစ်ကြသော -

  • ဆရာကြီး တက္ကသိုလ်မြတ်သူ
  • ဒေါက်တာထွန်းတင့်
  • လယ်တွင်းသားစောချစ်
  • မောင်ခင်မင် (ဓနုဖြူ)
  • သူရဇော်
  • ကြူကြူသင်း
  • မစန္ဒာ
  • မြင်းမူမောင်နိုင်မိုးတို့နှင့်အတူ

အမျိုးသားစာပေဆုနှင့် နိုင်ငံတကာအဆင့် စာပေဆု ရရှိခဲ့ကြသူများဖြစ်သော 

  • မမိုးမြေ
  • မနှင်းဖွေ
  • မောင်ငြိမ်းသူ (ကြို့ပင်ကောက်)
  • မောင်စိမ်းနောင် (လယ်ဝေး)
  • မြတ်စိုး (လှိုင်)
  • ပုသိမ်အောင်သန်းဦး
  • အောင်ကြည်ညွှန့် (တက္ကသိုလ်)
  • ဆွေဇင်ညွှန့် တို့ပါဝင်သွားမည်ဖြစ်သည်။ 

 

သင်တန်းတက်ရောက်လိုသူများသည် -

  • သင်တန်းကြေး ငွေ (၅၀,၀၀၀) ကျပ် ပေးသွင်းရမည်။
  • အသက် (၁၆) နှစ် ပြည့်ပြီးသူဖြစ်ရမည်။
  • သင်တန်းမှ သတ်မှတ်ထားသော စည်းကမ်းများကို လိုက်နာရမည်။

 

သင်တန်းလျှောက်ထားလိုပါက မြန်မာနိုင်ငံစာရေးဆရာအသင်း၊ ရုံးအမှတ် (၁၇၃-၁၇၅) ၊ (၇) လွှာ၊ ပန်းဆိုးတန်းလမ်း (အလယ်ဘလောက်) ၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့သို့ လူကိုယ်တိုင်သွားရောက် စာရင်းပေးသွင်းရပါမည်။ အောက်တိုဘာလ (၂၈) ရက်နေ့၊ နောက်ဆုံးထားပြီး ဓာတ်ပုံ (၃) ပုံနှင့်အတူ လျှောက်လွှာပုံစံဝယ်ယူ၍ စာရင်းပေးသွင်းနိုင်ပါသည်။ 


သင်တန်းကာလကို နိုင်ဝင်ဘာလ (၄) ရက်နေ့မှ (၂၈) ရက်နေ့အထိ သတ်မှတ်ထားပြီး အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့၊ မွန်းလွဲ (၁) နာရီမှ ညနေ (၄) နာရီအထိ သင်ကြားမည်ဖြစ်သည်။


အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ဖုန်းနံပါတ် ၀၁-၂၅၂၄၁၇ နှင့် ၀၉၄၅၀၀၉၀၄၈၆ တို့ကို ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။ 

 

Latest Post Local News Vocational Read 636 times