Sales Hotline : 09448001653       Download App



မတ်လ (၂၅) ရက်အထိ အခြေခံပညာကျောင်းများဖွင့်လှစ်မည်

** Unicode **

အခြေခံပညာအတန်းများ၏ ကျောင်းဖွင့်ရက် (၃၁) ရက်အထိ တက်ရောက်စရာမလိုဘဲ မတ်(၂၅) ရက်အထိသာ တက်ရောက်ရမည်ဟု အခြေခံပညာဦးစီးဌာနမှ ညွှန်ကြား ရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောကြားသည်။

ဇန်နဝါရီ (၉) ရက်က နေပြည်တော်ရှိ အခြေခံပညာဦးစီးဌာနတွင် ကျင်းပသော ၂၀၁၉-၂၀၂၀ ပညာသင်နှစ် အခြေခံပညာအတန်းများအတွက် စာမေးပွဲကာလ သတ်မှတ်ရေး အစည်းအဝေးတွင် ယခုလိုသတ်မှတ်လိုက်ခြင်းဖြစ်သည်။

ယင်းကြောင့် အခြေခံပညာကျောင်း များ၏စာမေးပွဲများအား မတ်(၂၅) ရက် နောက်ဆုံးထား စစ်ဆေးရမည်ဖြစ်သည်။

ဆရာဆရာများ တက္ကသိုလ်ဝင်တန်း အဖြေလွှာစစ်ချိန်များ ပိုမိုရရှိစေရန် ယခုကဲ့သို့ ပြောင်းလဲ သတ်မှတ်ရခြင်းဖြစ် ကြောင်း ဦးကိုလေးဝင်းကဆိုသည်။

“စာမေးပွဲကို မတ် (၃၁) ရက် အပြီးလုပ်လိုက်ရင် ဧပြီ (၁) ရက်နေ့မှာ (၁၀) တန်းစာစစ် တို့ဘာတို့ အရောက်သွားရမှာလေ။ ဆရာ/ဆရာမတွေ ပြင်ဆင်ချိန် မရှိမှာစိုးလို့ (၆) ရက်လောက်စောပြီး စာမေးပွဲကို ပြီးအောင်လုပ်လိုက်တာ။ နဂိုတုန်းက စာမေးပွဲကို (၂၃) ကနေ (၃၁) ရက်အတွင်း စစ်ပါလို့ကြေညာထားတာ။ (၂၃) ရက်ကနေ (၃၁) ရက်အတွင်း စာမေးပွဲကို ကြိုက်တဲ့အချိန်တွင်း စစ်လို့ရတယ်။အခုတော့ (၃၁) ရက်မတိုင်ခင်(၆) ရက် လောက်လျော့လိုက်တော့ (၂၅) ဖြစ်သွားမှာပေါ့။ အဲဒီတော့ စာမေးပွဲက (၂၃) ရက်ကနေ (၂၅) ရက်အတွင်း အပြီးစစ်ရမှာ” ဟု ညွှန် ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောကြားသည်။

ယခုနှစ် စာသင်နှစ်စတွင် အခြေခံအတန်းများ၏ ကျောင်းတက်ရက်များကို မတ်လကုန်အထိ တက်ရမည်ဟု ပညာရေး ဝန်ကြီးဌာနက ကြေညာခဲ့သည်။

လေးတန်းနှင့် ရှစ်တန်းစာမေးပွဲများ ကို ဖေဖော်ဝါရီ (၂၄) ရက်မှ မတ် (၃) ရက်အထိ၊ (၁၀) တန်းစာမေးပွဲကို မတ် (၁၁) ရက်မှ (၂၀) ရက်အထိ ကျင်းပမည်ဖြစ်ပြီး ကျန်အတန်းများကို မတ် (၃၁) ရက် အပြီးစစ်ဆေးရမည်ဟု ကြေညာခဲ့သည်။

ထိုသို့ကျောင်းဖွင့်ရက် တိုးမြှင့်လိုက်သောကြောင့် တစ်နိုင်ငံလုံးရှိ ပညာရေး တက္ကသိုလ်၊ ကောလိပ်များတွင် ဖဲကြိုးစိမ်း လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြသည်။

ထို့ပြင် စာသင်ချိန်များ တိုးမြှင့် သတ်မှတ်လိုက်သောကြောင့် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲရုံတာဝန်ထမ်းဆောင်မည်မဟုတ် ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာများအဖွဲ့ ချုပ်က ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
(ပညာရေးသတင်းများShareမယ်)
 

** Zawgyi **

အေျခခံပညာအတန္းမ်ား၏ ေက်ာင္းဖြင့္ရက္ (၃၁) ရက္အထိ တက္ေရာက္စရာမလိုဘဲ မတ္(၂၅) ရက္အထိသာ တက္ေရာက္ရမည္ဟု အေျခခံပညာဦးစီးဌာနမွ ညႊန္ၾကား ေရးမွူးခ်ဳပ္ ဦးကိုေလးဝင္းက ေျပာၾကားသည္။

ဇန္နဝါရီ (၉) ရက္က ေနျပည္ေတာ္ရွိ အေျခခံပညာဦးစီးဌာနတြင္ က်င္းပေသာ ၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္ အေျခခံပညာအတန္းမ်ားအတြက္ စာေမးပြဲကာလ သတ္မွတ္ေရး အစည္းအေဝးတြင္ ယခုလိုသတ္မွတ္လိုက္ျခင္းျဖစ္သည္။

ယင္းေၾကာင့္ အေျခခံပညာေက်ာင္း မ်ား၏စာေမးပြဲမ်ားအား မတ္(၂၅) ရက္ ေနာက္ဆုံးထား စစ္ေဆးရမည္ျဖစ္သည္။

ဆရာဆရာမ်ား တကၠသိုလ္ဝင္တန္း အေျဖလႊာစစ္ခ်ိန္မ်ား ပိုမိုရရွိေစရန္ ယခုကဲ့သို့ ေျပာင္းလဲ သတ္မွတ္ရျခင္းျဖစ္ ေၾကာင္း ဦးကိုေလးဝင္းကဆိုသည္။

“စာေမးပြဲကို မတ္ (၃၁) ရက္ အၿပီးလုပ္လိုက္ရင္ ဧၿပီ (၁) ရက္ေန႔မွာ (၁၀) တန္းစာစစ္ တို့ဘာတို့ အေရာက္သြားရမွာေလ။ ဆရာ/ဆရာမေတြ ျပင္ဆင္ခ်ိန္ မရွိမွာစိုးလို့ (၆) ရက္ေလာက္ေစာၿပီး စာေမးပြဲကို ၿပီးေအာင္လုပ္လိုက္တာ။ နဂိုတုန္းက စာေမးပြဲကို (၂၃) ကေန (၃၁) ရက္အတြင္း စစ္ပါလို့ေၾကညာထားတာ။ (၂၃) ရက္ကေန (၃၁) ရက္အတြင္း စာေမးပြဲကို ႀကိဳက္တဲ့အခ်ိန္တြင္း စစ္လို့ရတယ္။အခုေတာ့ (၃၁) ရက္မတိုင္ခင္(၆) ရက္ ေလာက္ေလ်ာ႔လိုက္ေတာ့ (၂၅) ျဖစ္သြားမွာေပါ့။ အဲဒီေတာ့ စာေမးပြဲက (၂၃) ရက္ကေန (၂၅) ရက္အတြင္း အၿပီးစစ္ရမွာ” ဟု ညႊန္ ၾကားေရးမွဴးခ်ဳပ္ ဦးကိုေလးဝင္းက ေျပာၾကားသည္။

ယခုႏွစ္ စာသင္ႏွစ္စတြင္ အေျခခံအတန္းမ်ား၏ ေက်ာင္းတက္ရက္မ်ားကို မတ္လကုန္အထိ တက္ရမည္ဟု ပညာေရး ဝန္ႀကီးဌာနက ေၾကညာခဲ့သည္။

ေလးတန္းႏွင့္ ရွစ္တန္းစာေမးပြဲမ်ား ကို ေဖေဖာ္ဝါရီ (၂၄) ရက္မွ မတ္ (၃) ရက္အထိ၊ (၁၀) တန္းစာေမးပြဲကို မတ္ (၁၁) ရက္မွ (၂၀) ရက္အထိ က်င္းပမည္ျဖစ္ၿပီး က်န္အတန္းမ်ားကို မတ္ (၃၁) ရက္ အၿပီးစစ္ေဆးရမည္ဟု ေၾကညာခဲ့သည္။

ထိုသို့ေက်ာင္းဖြင့္ရက္ တိုးျမႇင့္လိုက္ေသာေၾကာင့္ တစ္နိုင္ငံလုံးရွိ ပညာေရး တကၠသိုလ္၊ ေကာလိပ္မ်ားတြင္ ဖဲႀကိဳးစိမ္း လွုပ္ရွားမႈမ်ား ျပဳလုပ္ခဲ့ၾကသည္။

ထို့ျပင္ စာသင္ခ်ိန္မ်ား တိုးျမႇင့္ သတ္မွတ္လိုက္ေသာေၾကာင့္ ၂၀၂၀ ေရြးေကာက္ပြဲတြင္ မဲ႐ုံတာဝန္ထမ္းေဆာင္မည္မဟုတ္ ဟု ျမန္မာနိုင္ငံလုံးဆိုင္ရာ ဆရာမ်ားအဖြဲ႕ ခ်ဳပ္က ေၾကညာခ်က္ထုတ္ျပန္ခဲ့ေၾကာင္း သိရသည္။
(ပညာေရးသတင္းမ်ားShareမယ္)
 

News News News Latest Post Read 2673 times