အခြေခံစာကြည့်တိုက်ပညာကျွမ်းကျင်မှု အွန်လိုင်းရက်တိုသင်တန်း

အခြေခံစာကြည့်တိုက်ပညာကျွမ်းကျင်မှု အွန်လိုင်းရက်တိုသင်တန်း (၁/၂၀၂၀) ကို (၁.၁၂.၂၀၂၀ မှ ၁၅.၁၂.၂၀၂၀) အထိ သင်တန်းဖွင့်လှစ်ပို့ချမည်ဟုသိရပါသည်။ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့်အမျိုးသား စာကြည့်တိုက်ဦးစီးဌာနကကြီးမှူး၍ အမျိုးသားစာကြည့်တိုက်(နေပြည်တော်)နှင့် (ရန်ကုန်)တို့ ပူးပေါင်းကာ “အခြေခံစာကြည့်တိုက်ပညာကျွမ်းကျင်မှု အွန်လိုင်းရက်တိုသင်တန်း” ကို ၁.၁၂.၂၀၂၀ ရက်နေ့မှ ၁၅.၁၂.၂၀၂၀ ရက်နေ့အထိ သင်ကြားပို့ချမည်ဖြစ်ရာ စာကြည့်တိုက် ပညာရပ် စိတ်ပါဝင်စား၍ တက်ရောက်လိုသည့် သင်တန်းသားများအနေဖြင့် အောက်တွင် ဖော်ပြထားသော အွန်လိုင်း လျှောက်လွှာပုံစံတွင် ဖြည့်သွင်း၍ လည်းကောင်း၊ လျှောက်လွှာဖိုင်ကို download ဆွဲ၍ email သို့ ပေးပို့၍ လည်းကောင်း (၂၅.၁၁.၂၀၂၀) ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားပေးပို့ရမည် ဖြစ်ပါသည်။ 

သင်တန်းသားဦးရေ (၃၀) သတ်မှတ်ထားပြီး (၃၀) ဦးထက်ကျော်လွန်ပါက ဒုတိယအကြိမ် ဖွင့်လှစ်မည့် အပတ်စဉ်တွင် တက်ရောက်ခွင့်ရမည် ဖြစ်ပါသည်။ တက်ရောက်ခွင့်ရသည့် သင်တန်းသားများ၏ email ကို (၂၆.၁၁.၂၀၂၀) ရက်နေ့တွင် သင်တန်းအချိန်ဇယား၊ သင်ကြားပို့ချမည့် Zoom Application link များနှင့်အတူ အကြောင်းကြားပေးပို့မည်ဖြစ်ပါသည်။

 Zoom Application ကို အသုံးပြု၍ ပို့ချမည့် အွန်လိုင်းသင်တန်းဖြစ်ပြီး email ဖြင့်သာ အကြောင်းကြားစာများ ပေးပို့မည်ဖြစ်သည့်အတွက် သင်တန်းသားများအနေဖြင့် email account ရှိရမည် ဖြစ်ပါသည်။ 

သင်တန်းသားများအရည်အချင်းသတ်မှတ်ချက်
 အခြေခံစာကြည့်တိုက်ပညာကျွမ်းကျင်မှု အွန်လိုင်းရက်တိုသင်တန်းကို အောက်ဖော်ပြပါ အရည်အချင်းများနှင့် ပြည့်စုံသူများ တက်ရောက်နိုင်မည်ဖြစ်ပါသည်−
 - သင်တန်းကို သတ်မှတ်ချိန်အတွင်းတက်ရောက်နိုင်သူဖြစ်ရမည်။
 - စာကြည့်တိုက်လုပ်ငန်းကို လက်တွေ့ဆောင်ရွက်နေသူ သို့မဟုတ် စာကြည့်တိုက် လုပ်ငန်းကို စိတ်ပါဝင်စားသူဖြစ်ရမည်။
- သင်တန်းကာလအတွင်းသတ်မှတ်သည့် assignment လေ့ကျင့်ခန်းများကို သတ်မှတ်ချိန်နှင့်တပြေးညီ ပြု လုပ်တင်ပြနိုင်ရမည်။

သင်တန်းအောင်လက်မှတ် 
သင်တန်းချိန် (၇၅%) တက်ရောက်သူများကို “အခြေခံစာကြည့်တိုက်ပညာ ကျွမ်းကျင်မှုသင်တန်းအောင်လက်မှတ်” “Certificate on Basic Library Technical Course”  သင်တန်းဆင်းလက်မှတ် ချီးမြှင့်မည် ဖြစ်ပါသည်။ သင်တန်းကြေး အခမဲ့ ဖြစ်ပါသည်။

အွန်လိုင်းလျှောက်လွှာဝင်ရောက်ဖြည့်သွင်း၍ submit ကို နှိပ်ပါ) >>> Click Here <<<
(သို့မဟုတ်)
အောက်ပါ link မှ download ဆွဲ၍ [email protected] သို့ ပေးပို့ပါ။ (ပတ်စပို့ဓာတ်ပုံနှင့် နိုင်ငံသားစိစစ်ရေးကတ် ကျောဘက်၊ ဝမ်းဘက်တို့ကို ဓာတ်ပုံရိုက်ပြီး တွဲပို့ပါရန်)

ဝင်ခွင့်လျှောက်လွှာပုံစံ download link >>> Click Here <<<
ဝင်ခွင့်လျှောက်လွှာပုံစံ download link (Word ဖိုင်) >>> Click Here <<<

သင်တန်းချိန်များ
၁.၁၂.၂၀၂၀ (အင်္ဂါနေ့) - နံနက် ၉:၃၀ မှ ၁၂:၀၀ နာရီ
၂.၁၂.၂၀၂၀ (ဗုဒ္ဓဟူးနေ့) - နံနက် ၁၀:၀၀ မှ ၁၂:၀၀ နာရီ
၃.၁၂.၂၀၂၀ (ကြာသပတေးနေ့) - နံနက် ၁၀:၀၀ မှ ၁၂:၀၀ ၊ နေ့လယ် ၁:၀၀ မှ ၃:၀၀ နာရီ
၄.၁၂.၂၀၂၀ (သောကြာနေ့) - နံနက် ၁၀:၀၀ မှ ၁၂:၀၀ ၊ နေ့လယ် ၁:၀၀ မှ ၃:၀၀ နာရီ
၇.၁၂.၂၀၂၀ (တနင်္လာနေ့) - နံနက် ၁၀:၀၀ မှ ၁၂:၀၀ ၊ နေ့လယ် ၁:၀၀ မှ ၃:၀၀ နာရီ
၈.၁၂.၂၀၂၀ (အင်္ဂါနေ့) - နံနက် ၁၀:၀၀ မှ ၁၂:၀၀ ၊ နေ့လယ် ၁:၀၀ မှ ၃:၀၀ နာရီ
၁၀.၁၂.၂၀၂၀ (ကြာသပတေးနေ့) - နံနက် ၁၀:၀၀ မှ ၁၂:၀၀ ၊ နေ့လယ် ၁:၀၀ မှ ၃:၀၀ နာရီ
၁၁.၁၂.၂၀၂၀ (သောကြာနေ့) - နံနက် ၁၀:၀၀ မှ ၁၂:၀၀ 
၁၄.၁၂.၂၀၂၀ (တနင်္လာနေ့) - နံနက် ၁၀:၀၀ မှ ၁၂:၀၀ နာရီ
၁၅.၁၂.၂၀၂၀ (အင်္ဂါနေ့) - နံနက် ၁၀:၀၀ မှ ၁၂:၀၀ နာရီ

သင်တန်းနှင့် ပတ်သက်၍ စုံစမ်းမေးမြန်းလိုပါက
09-43065266၊ 09-420746827

National Library of Myanmar - Nay Pyi Taw

Latest Post Read 1608 times